Gunကိုကွန်ဒိုကိုဘဲခေါ်လာလိုက်ပြီးGunအိမ်သို့ဖုန်းဆက်ပေးလိုက်သည်။လူမှန်းသူမှန်းမသိမူးပြီးမှောက်သွားတဲ့
အတိုင်းကြီးအိမ်ကိုပြန်ပို့ရင်လည်းမကောင်းတာမို့။"Gun.....မောင့်Gun"
towelကိုရေပြောင်အောင်ညှစ်ပြီးမျက်နှာ၊လည်ပင်းနဲ့
လက်တွေကိုသုတ်ပေးတော့'အွန့် အဲ အင်း'နဲ့အသံပုစိ
လေးတွေထွက်လာသည်။ညအိပ်အင်္ကျီလဲပေးဖို့ထူပေးတော့လည်းဘာမှမသိ။ဘယ်သူကသူ့ကိုကိုင်လို့ကိုင်နေမှန်းရောသိရဲ့လား
လည်းမသိ။နောက်တစ်ခါမောင်မပါရင်မင်းကိုအများကြီးသောက်ခိုင်းလို့
မဖြစ်ဘူးဘဲ။အင်္ကျီလဲတာကတော့အဆင်ပြေပေမယ့်ခါးပတ်ကိုဖြုတ်ပြီး
ဘောင်းဘီချွတ်ဖို့အရေးလူကပူလာရပြန်သည်။အဲကွန်းကမအေးဘူးလားကွာ?
သူဘာမဆိုင်ညာမဆိုင်အဲကွန်းကိုအအေးအမြင့်ဆုံးထိတင်လိုက်သည်။
မူးနေတဲ့သူကိုငါကဘာစိတ်တွေနဲ့ပြစ်မှားနေတာလဲ?
မင်းကနှာဗူးဘဲငMark........။
မထူးဘူးဆိုပြီးမျက်နှာလွှဲကာဘောင်းဘီကိုအမြန်ပင်ချွတ်ပြီးညဝတ်ဘောင်းဘီရှည်ပွပွအားဝတ်ပေးလိုက်သည်။
အာ....စောက်ခွေး ဘောင်းဘီကပြောင်းပြန်ကြီးဟ။
ပြန်ချွတ်ပြီးအတည့်ပြန်ဝတ်ပေးရပြန်သည်။အဲကွန်းအမြင့်ဆုံးပေမယ့်သူကတော့ချွေးတွေရွှဲနေပြီရယ်။
Gun Napatကမူးနေရင်အန္တရာယ်များတာဘဲ.......။
အရင်တုန်းကသောက်ခဲ့ကြတာမှန်ပေမယ့်ဒီကောင်ငGunကအခုလိုထိလူမှန်းသူမှန်းမသိလောက်အောင်မူးရူးကွဲပြဲမဖြစ်ခဲ့ဖူးတာအမှန်။
Gunနှဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးနေတုန်းသူ့ဖုန်းဝင်လာသည်။
"အေး ငBoun"
📞"အင်း ဒီကပြဿနာတွေကအေးဆေးဖြစ်ပြီဆိုတာ
လှမ်းပြောတာ....ငGunရော?""မူးပြီးမှောက်သွားတည်းကတစ်ချိုးထဲအိပ်ပြီ"
📞"ok မနက်မှတွေ့မယ်"
![](https://img.wattpad.com/cover/267304790-288-k543672.jpg)
YOU ARE READING
friend_minder(zawgyi and unicode)[completed]
Fantasyသူငယ်ချင်းတဲ့လား.....ငါမင်းနဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး (Mark) ချစ်သူ......သူငယ်ချင်းဘဲကောင်းပါတယ်ကွာ (Gun) အသည်းကဒီကောင်ကြီးအတွက်တစ်ကမ္ဘာ...... (Boun) သူတို့နှစ်ကောင်ကချစ်ကြရဲ့သားနဲ့ကွာ.....ဘာတွေဟန်ဆောင်နေကြတာလဲ (Prem) Kim Ya Chaiတို့ကစိတ်ကောင်းဝင်...