Part 9

4.4K 491 10
                                    

Uni

"အဒေါ်တို့ ဒီပုံထဲကကောင်လေးများတွေ့မိသေးလားဗျာ..ကျွန်တော့်ချစ်သူပါဗျာ...တွေ့ရင်ပြောပေးကြပါဗျာ..ကျွန်တော် တအားစိတ်ပူနေပါပြီလို့...တအားလည်းလွမ်းနေပါပြီလို့..."

ဦးအာဏာလွှမ်းတစ်ယောက်ဖုန်းတစ်လုံးကိုင်ကာ အသူလေးဓာတ်ပုံကို လမ်းမှာတွေ့သည့်လူတိုင်းအားထုတ်ပြကာ အရူးတစ်ယောက်လိုမေးနေသော သားဖြစ်သူကိုကြည့်ရင်းမျက်ရည်ဝဲနေရသည်...။

အသူလေးပျောက်နေတာ ၃လ ကျော်ပြီ..။မြို့တိုင်းနယ်တိုင်းကို ဂိုဏ်းသားတွေလွှတ်ပြီး ခွေးတိုးချောင်ပါမကျန်ရှာခဲ့ပေမယ့်အရိပ်တောင်မတွေ့ရ..။

ပြည်ပခေါ်သွားဖို့ဆိုတာကလည်း လေဆိပ်မှန်သမျှစုံစမ်းထားပြီးပြီ..။ထို့အပြင်အသူလေးမှတ်ပုံတင်ကပါမသွားတော့ပြည်ပကိုထွက်ဖို့မဖြစ်နိုင်ချေ...။

ဖမ်းခေါ်သွားသူက အသူ့ကိုအိမ်အပြင်တောင် ထွက်ခွင့်ပေးသည်မထင်..။ပြန်ပေးဆွဲသည်က ငွေညှစ်ဖို့မဟုတ်ပဲ အသူလေးဆီက တစ်ခုခုလိုချင်တာရှိတာကြောင့်ဖြစ်မည်...။

သတ်ဖို့မဟုတ်ပဲအနားခေါ်ထားဖို့သာဖြစ်ဖို့များပေမယ့် တစ်ဖက်လူကို အထင်သေးလို့တော့မရ...။

သေချာတာတော့ ပြန်ပေးဆွဲမှူမှာ အသူလေးအဒေါ် ထွေးငယ်ပါနေသည်ထင်၏..။

အသူလေးမေမေဆုံးသည့်နေ့ကတည်းကယခုချိန်ထိ ရွာအိမ်ဆီပြန်မလာခဲ့သည့်အတွက်ကြောင့်မတ္တရာကိုလည်း လိုက်စုံစမ်းကြည့်တော့ရောက်မလာခဲ့ဘူးဆိုသည့်သတင်းသာပြန်ကြားရ၏။

အသူလေးဖေဖေ သူ့မအစ်ကိုဖြစ်သူ ဆုံးတာတောင်ပြန်ရောက်မလာတော့စဥ်းစားရခက်သည့်အခြေအနေဖြစ်နေ၏။

ဒီနေ့ ဦးအာဏာလွှမ်းမူဆယ်ဘက် အလုပ်ကိစ္စလာရင်း သားဖြစ်သူအားစိတ်မချခဲ့နိုင်တာကြောင့်တစ်ပါတည်းခေါ်လာခဲ့ရသည်..။

အသူလေးပျောက်သွားကတည်းက ဂိုဏ်းအလုပ်တွေ ဦးအာဏာလွှမ်း ပြန်ဦးစီးနေရ၏..။

အစားမမှန်..အသောက်မမှန်..အအိပ်မမှန်နဲ့ သားဖြစ်သူက မျက်ကွင်းဟောက်ပတ်နဲ့..။

လမိုက်လွှမ်းညပိုင်တဲ့ပုသေးဖောင်းလေး (M Preg)(Completed)Where stories live. Discover now