21

3.3K 167 0
                                    

နှလုံးသားစေရာ
အပိုင်း ၂၁

" အဲဒီတော့... မင်း ဒီရွာကိုလာတာက ရည်ရွယ်ချက်ရှိရှိနဲ့ပေါ့..."

ကျော်နိုင်လင်းက ဟိုအဝေးက မြစ်ကူးတံတားဆီကိုငေးလို့... မင်းဆက် ဆေးလိပ်ကိုမီးညှိလိုက်သည်။

" မင်း ငါ့ကိုရော... လက်သီးနဲ့ထိုးအုံးမှာလား..."

"မင်းက နောက်ဆုတ်မှာမို့လား..."

မင်းဆက် ပြုံးလိုက်မိသည်။ ဆေးလိပ်တစ်လိပ်ကို သူ့ဆီကမ်းပေးတော့... ကျော်နိုင်လင်း ယူကာမီးညှိသည်။

" ငါအများကြီး အရှုံးပေးထားတာ... ချာတိတ်မကို... မင်းမြင်နိုင်တယ်မလား... ငါ့အပေါ်ထားတဲ့ မင်းညီမလေးရဲ့ သဘောထားကို... သူငါ့ကို သဘောမကျဘူး"

" အဲဒါကြောင့်လဲ... ငါကြိုပြီး သတိမထားမိခဲ့တာပေါ့... စိတ်တော့မရှိနဲ့... ငါ့ညီမမျက်လုံးထဲမှာ မင်းအတွက်ဘာအရောင်မှမမြင်ရဘူး"

အမှောင်ထဲမှာ မင်းဆက်ပြုံးမိသည်။ ငါ့အတွက်... ဘာမှ မခံစားတတ်သေးဘူးလား ကလေးလေးရေ...

"အန်တီနဲ့ အန်ကယ် ငါ့ကိုမကြည်တော့ဘူးထင်တယ်..."

"ဒါက... သမီးရှင်တိုင်းပါပဲကွာ... "

မင်းဆက် မီးခိုးငွေ့တွေ... လွှင့်မျောရာလိုက်ငေးမိသည်။ ပိတောက်ပန်းနံ့ သင်းသင်းလေးက သူ့နှာခေါင်းကို တိုးဝှေ့ကျီစယ်သွားသည်။ မီးရထားသံကြားလို့ တံတားဘက်ဆီပြန်ငေးကြည့်တော့... မီးရထားတန်းရှည်လေး... ကောင်ကင်မှာ ကြယ်တွေလည်း စုံနေသည်။

"ချာတိတ် အဆင်ပြေပါ့မလား... သူ ညနေစာထွက်မစားဘူး"

"သူက... မေမေစိတ်ပျက်မှာ တအားကြောက်တာ... သူအပြစ်တစ်ခုခုလုပ်ထားတိုင်း အခန်းထဲမှာအကြာကြီးဝင်ပုန်းနေတော့တာပဲ... "

"သူ ငိုနေမလားပဲ..."

ကျော်နိုင်လင်းက ဆေးလိပ်ကို ပြာတောက်ချလိုက်ပြီး သူ့ကိုစိုက်ကြည့်ကာ ရယ်နေသည်။

"မင်း တကယ်ကြီး ငါ့ညီမကိုကြိုက်သွားတာလား... ဒီဂျလုံးပလုံးလေးကို..."

" အေး... ဘာလဲသဘောမတူနိုင်ဘူးလား"

"အမှန်တိုင်းပြောရရင်... သဘောမတူချင်ဘူး... ညီမလေးက သာမာန်မိသားစုက မွေးတဲ့ကလေး... မင်းက..."

နှလုံးသားစေရာ Where stories live. Discover now