အပိုင်း ၁၂ - ငါတော့ သွားပြီ (၂)

853 94 0
                                    

သူ့ပုံကြည့်ရတာ သိပ်ကို မုန်းတီး ရွံရှာနေတဲ့ပုံပဲ.. ငါ့ လည်ပင်းကို ဖြတ်ချလိုက်တုန်းကလိုပဲ သနားကြင်နာစိတ် ကင်းမဲ့နေတဲ့ပုံပဲ…

“မင်း ဘာတွေတွေးနေလဲတော့ ငါ မသိပေမယ့် နားထောင်လိုက်…ကလေးမ”

“အာ့”

“မင်းလိုဟာမျိုးတွေနဲ့ နီးနီးကပ်ကပ်နေဖို့ ငါ့မှာ စိတ်ကူးနည်းနည်းမှ ရှိမနေတာကို သတိထားနေ…”

“ဘာ.. ဘာလို့…” ရှက်ဇ် စကားတွေတောင် ထစ်ကုန်ပါပြီ…

ရေးဒန်ဟာ ချက်ချင်းတော့ ပြန်မဖြေဘဲ.. တခြားလက်တစ်ဖက်နဲ့ ရှက်ဇ် ရဲ့ ဆံပင်ကို ဆောင့်ဆွဲလိုက်တယ်… နာလွန်းလို့ ရှက်ဇ်ခမျာ မျက်ရည်‌တောင်ဝိုင်းသွားရ…

“ရွှေရောင်ဆံပင်နဲ့ မျက်လုံးပြာတွေ… ဒီ တော်ဝင်နန်းတော်ထဲရှိသမျှလူတွေအကုန်လုံးတစ်ပုံစံတည်း အတူတူပဲ… ဒီပုတ်ထဲက ဒီပဲတွေချည်းပဲ”

“အစ်ကို.. အစ်ကိုတော်ရေးဒန်…”

“ ဒီနန်းတော်ထဲကလူတွေဟာ ငါ့ကို ဘယ်လိုမျိုး ထင်နေကြလဲဆိုတာ ငါသိပြီးသား.. မင်းလည်း အတူတူပဲ မဟုတ်လား… အဲ့ဒီတော့ ဘာဖြစ်လဲ?”

“…”

“ ငါကတော့ မင်းတို့ တွေကို မုန်းတယ်ကွ… မင်းတို့တွေ ပြနေတဲ့ ငါ့အပေါ်အမုန်းတွေထက်တောင် ပိုသေးတယ်… ငါက မင်းတို့အားလုံးကို သတ်ပစ်ချင်လောက်အောင်မုန်းတာ!”

မဟုတ်သေးပါဘူး… နေဦး… ဒါကို ကျွန်မ အမှားလို့ ထင်နေတာလား? အစ်ကို့အပေါ်ကို ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ဖူးဘူးလေ… အရင်ဘဝက လုပ်ခဲ့တာတွေတောင် အခု တစ်ခုမှ မလုပ်ခဲ့ဘူးရယ်…

ပါးစပ်ကနေတော့ ထုတ်မပြောဖြစ်ပါဘူး… အသက်တော့ ရှင်ချင်သေးတာကိုး…

“ရွံစရာကောင်းတဲ့သူတွေ”

ပိုးကောင်မွှားကောင်တွေကို ဖယ်ပစ်လိုက်သလိုမျိုး.. ရေးဒန် ရှက်ဇ်ရဲ့ လက်ကို ဆောင့်လွှတ်လိုက်တယ်.. အညစ်အကြေးကို ကိုင်မိသလိုမျိုး.. လက်ကိုတောင် ခါလိုက်သေးတာ…

မင်းဆိုးလေးရဲ့ အချစ်တော် အရုပ်မလေးWhere stories live. Discover now