အပိုင်း (၂၇.၁) လိုင်းစ် ၏ နန်းဆောင်

165 15 2
                                    

(တစ်နှစ်တစ်ခါ ပေါ်လို့လာ ဟီး ဟီး ဒီ သင်္ကြန်ထဲ ဆက်တိုက်တင်ပေးမယ်နော်) 

ရေးဒန် တစ်ယောက်ကတော့ ဒီနေ့တကယ့်ကို အံ့ဩဖွယ် အာရုံစိုက်ထားတဲ့ စာသင်သူ ဆရာတစ်ယောက်ဖြစ်လို့နေပါတယ်.. မပြန်ခင်မှာ ရှက်ဇ်အနေနဲ့ မှားထားတဲ့ အဖြေတွေကို တစ်ခု ဆယ်ခါစီ အရေးလေ့ကျင့်ထားဖို့ အိမ်စာတောင် ပေးခဲ့ပါသေးတယ်.. သူမအနေနဲ့ မလုပ်ချင်ဘူးဆိုရင်လည်း ဒီအပို အိမ်စာကို မလုပ်ဘဲနေဖို့ ရေးဒန်က ပြောခဲ့ပေမယ့်လည်း သူမလေးကတော့ ဒီ စိန်ခေါ်မှုကို လက်ခံဖို့ အဆင်သင့် ဖြစ်နေခဲ့ပါတယ်..

လျူနာကလည်း အနောက်စာကြည့်တိုက်ကို ဘန်း နဲ့ လီလီယန်တို့ ဦးဆောင်တဲ့ မင်းသား မင်းသမီးတွေ ထပ်ရောက်လာပြီး လက်စားချေမှာကို စိုးရိမ်နေခဲ့တာလေ.. ဒါပေမယ့်.. အခုကနေစပြီး မိဖုရား လိုင်းစ် ရဲ့ နန်းဆောင်မှာ ဆက်ပြီးသင်ဖို့ ရေးဒန်က ပြောတယ်လို့ ပြောလည်း ပြောပြလိုက်ရော.. လျူနာခမျာ စိတ်အေးသွားတဲ့ သက်ပြင်းရှည်ကြီးချနိုင်ပြီး ကြားရတဲ့သတင်းကို အတော်လေး ပျော်သွားရှာခဲ့တာ.. ရှက်ဇ်အနေနဲ့လည်း အဲ့ဒီမှာ သင်တဲ့အခါ ဘာတွေများ ဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ပဲ သိချင်စိတ်တွေဖြစ်မိနေတယ်..

မိဖုရားလိုင်းစ်ရဲ့ နန်းဆောင်မှာ စာသင်လို့ ကောင်းတဲ့ ခန်းဆောင်ရှိရဲ့လား?

တွေ့ဆုံသင်ကြားတဲ့နေရာကို ပြောင်းတာက အသာထားဦး.. ရေးဒန် အနေနဲ့ သူမလေးကို အိမ်စာတွေ ပေးတယ်ဆိုတာဟာ.. သူတို့ကြားက ပတ်သက်ဆက်နွယ်မှုကို ပိုပြီး ဂရုစိုက်တဲ့သဘော.. အရင်ကနဲ့ ယှဉ်ရင် ပိုပြီး နီးစပ်လာတဲ့သဘောပဲပေါ့..

ရှက်ဇ်ဟာ သူမနဲ့ နန်းဆောင်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ.. ရေးုန်ပေးလိုက်တဲ့ ခက်ခဲတဲ့ အိမ်စာ ပုစ္ဆာတွေနဲ့ အစောပိုင်းက လုပ်ထားတဲ့စာကအမှားတွေကို ပြင်ဖို့ အပိုပေးလိုက်တဲ့ စာတွေကိုပါ ပြီးအောင်လုပ်ဖို့ ပြင်လိုက်ပါတယ်.. အပို အိပ်စာတွေက ခေါင်းတော့ ကိုက်ရပေမယ့်.. တစ်ခုကို အောင်အောင်မြင်မြင်ပြီးသွားတိုင်း.. တစ်ခုခုပြီးအောင်လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်လေးနဲ့ တကယ့်ကို ပျော်နေခဲ့တာပါ..

မင်းဆိုးလေးရဲ့ အချစ်တော် အရုပ်မလေးحيث تعيش القصص. اكتشف الآن