Ep 4

317 36 2
                                    

Unicode...

ဒီနေ့တော့ ရာသီဥတုက သာသာယာယာပင် ရှိနေသည်။ နေ့လည် 1နာရီဝန်းကျင်ဖြစ်နေပေမယ့် အရမ်းကြီးလည်း ပူအိုက်မနေတာမို့ အရင်နေ့တွေကထက်စာရင် နေလို့ပိုကောင်းသည်က အမှန်ပင်။

ထိုကဲ့သို့ ပတ်ဝန်းကျင်အခြေအနေနှင့် လှုပ်ရှားလည်ပတ်မှုများသော ဘန်ကောက်၌ "Friendship" ဆိုသော Market အသေးစားလေးတစ်ခုက မြို့လယ်ထဲမှာဖွင့်ထားပြီး အထူးသဖြင့် အသင့်စား အစားအစာတွေရနိုင်ပြီး စျေးလည်းချိုသာတာမို့ Supermarket တွေလောက်တော့ လူမစည်ပေမယ့် လူလတ်တန်းစားတို့အတွက်တော့ အဆင်ပြေလှသည်မို့ အသင့်အတင့်ရောင်းရလေသည်။

အသေးစားလေးဖွင့်ထားသည်ဆိုပေမယ့် ဆိုင်ပုံစံထက် အဝင်ဝမှာ ဆင်ဝင်သေးသေးတစ်ခုပါလုပ်ထားကာ အိမ်ပုံစံလေးဆောက်ထားပြီး နို့နှစ်ရောင်သုတ်ထားတာမို့ အပြင်ကကြည့်လျှင် နိုင်ငံခြားဆန်ဆန်အိမ်ကလေးတစ်လုံးကဲ့သို့ဖြစ်နေကာ ဆင်ဝင်အောက်ဘေးတစ်ဖက်၌ လူတစ်ယောက်ရဲ့သုံးပုံနှစ်ပုံစာ အရပ်လောက်ရှိသော ဆိုင်နာမည်ဘုတ်လေးသာမရှိလျှင် လူနေအိမ်လေးလို့ ထင်မိမှာ အသေအချာပါပင်။

ဝင်ပေါက်လေးက အိမ်ပုံစံခေါင်မိုးထောင့်၏ အလယ်တည့်တည့်နေရာ၌ ရှိနေကာ မှန်တံခါးတပ်ထားတာမို့ အတွင်းထဲကိုအကုန်မြင်နေရလေသည်။ ဝင်ပေါက်တစ်ဖက်တစ်ချက်၌ ချစ်စရာပန်းသေးသေးလေးများကို အိုးလေးများနှင့် နံရံကပ်ချိတ်ဆွဲထားသေးတာမို့ တကယ်လှပသော ဆိုင်လေးပင်ဖြစ်သည်။

အထဲကိုဝင်လိုက်ပါကလည်း ဝင်ဝင်ချင်း ဘယ်ဘက်မှစကာ ဆိုင်တစ်ခုလုံး၌ ရောင်းချသည့်အရာအားလုံးကို စင်များနှင့် သပ်သပ်ထားရှိထားပြီး ညာဘက်မှာတော့ ကောင်တာတစ်ခုရှိနေကာ ထိုကောင်တာ၏ နောက်၌ စားပွဲဝိုင်းလေးတစ်ခုနှင့် ထိုင်ခုံနှစ်ခုံ၊ ဆိုဖာတစ်ခုတို့ကို နေရာချထားသည်။

အခုတော့ တစ်ယောက်တည်း ဆိုင်ထိုင်နေရင်း Gulf ပျင်းလာသည်မို့ (ဒီနေ့ လူသိပ်မကျတာလည်းပါသည်) ဆေးစာအုပ်တစ်အုပ်ကို ဖတ်နေမိသည်။ တကယ်တော့ ဆရာဝန်အလုပ်ကို လူမှန်းသိတတ်စကတည်းက ဝါသနာပါခဲ့တာမို့ မဟုတ်ဘဲ မိဘတွေမျက်စိရှေ့တင် ဆုံးပါးသွားခဲ့ရတာကြောင့် ငါ ဆရာဝန်ဖြစ်အောင်ကြိုးစားပြီး လူတွေအသက်ကို ရသလောက်ကယ်မယ်ဆိုတဲ့ အတွေးဝင်လာခဲ့သည်။

"အချစ်ဟူသည်"/ "အခ်စ္ဟူသည္"Where stories live. Discover now