အပိုင်း (၂)

139 5 2
                                    


    "Ne~~ Odasakuu... အဲ့ Chibi ကလေ..."

Dazai တစ်ယောက် Oda စီလှမ်းဖုန်းဆက်ပြီး အပူတိုက်နေခြင်းဖြစ်သည်။ ဒီမနက်လည်းထိုဆရာဝန်ပေါက်စကရောက်လာပြီး check up လုပ်ရင်းလူကိုပူညံပူညံလုပ်သွားသည်။ နေ့လည်ကျရင်လည်းပြန်ထပ်လာပြီး နေ့လည်စာသေချာစားမစားလာပြန်စစ်မယ်၊ မဟုတ်ရင်သတ်ပစ်မယ်တကဲကဲချိန်းခြောက်သွားသေးသည်!!

ထို့ကြောင့် Dazai speaker တစ်ဖက်ကဖွင့်ခါ သူတင်စားနေသည့်ခေါက်စားပွဲပေါ်တင်ရင်း ဒဏ်ရာမရသည်လက်တစ်ဖက်နဲ့ ထမင်းပျော့တို့ကိုမကျေမနပ်ဖြင့်ဝါးနေရသည်..။

ကြောက်နေလို့မဟုတ်ဘူးနော်!! ဘာကိစ္စကြောက်ရမှာလဲ.. အဲ့ Chibi စကားများရင်လုံးဝနားမခံနိုင်လို့သာ.. ဟမ့်!

သူနာပြု Choi San ကကူ‌ခွံ့ပေးဖို့လုပ်ပေမဲ့ Dazai ဟာ Odasaku နဲ့နှစ်ယောက်တည်းစကားပြောချင်၍သာ အပြုံးချိုချိုနဲ့ငြင်းလိုက်ရသည်။

    "ဆရာဝန်ဖြစ်ပြီးလူကိုလည်းသတ်မယ်တကဲကဲ၊ စိတ်ကလည်းမရှည်၊ အရပ်ကလည်းပု၊ ရုပ်လေးပဲကြည့်ကောင်းပြီး... ဟင့်အင်း ဟင့်အင်း လုံးဝကြည့်မကောင်းဘူး!!"

Oda မှာလည်းတဖက်မှာ ကလေးတွေကိုကုသပေးပြီးနေ့လည်နေ့ခင်းနားချိန်တစ်ဖြတ်သက်သက်သာသာနေမည် စိတ်ကူးခါမှ Dazai စီကအချိန်ကိုက်ဖုန်းဝင်ပြီး...

ဟင်း..အဲ့လိုနဲ့အဖြစ်အပျက်ကတော့ Dazai ပြောတာ မှန်သမျှပြီးအောင် နားထောင်ယုံကလွဲ..

    "Dazai.. မင်းကြည့်ရတာ Nakahara San အပေါ်တကယ်စိတ်ဝင်စားနေတဲ့ပုံပဲ.."

    "ဟင်... ဟင်!!!!???? ငါကဘာကိစ္စ???!"

   "မင်းသာမန်လူတစ်ယောက်အကြောင်း ဒီလောက်ပြောနိုင်တာငါတစ်ခါမှမကြားဖူးဘူးလေ.. ပုံမှန်ဆိုငါတို့စကားပြောရင် အကြောင်းတစ်ခုပြီးတစ်ခုပြောင်းနေတာပဲမဟုတ်လား.. အင်းပေါ့ Nakahara ကသာမန်လူတော့မဟုတ်ပဲ သူ့ပုံစံနဲ့သူထူးခြားပေမယ့်.."

    "ဟမ့်! Chibi ကဘာထူးခြားတာရှိလို့လဲ.."

Dazai စိတ်တိုတိုနဲ့ နွားနို့ခွက်ကိုတစ်ကြိုက်တည်းမော့သောက်ပစ်သည်။

    "Nakahara San ကအပြောအဆိုကကြမ်းတယ်လို့ဆိုရပေမဲ့လို့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်လေးတွေအပေါ်ဆက်ဆံတဲ့အခါကျရင် ဘယ်လိုပြောရမလဲ.. သူ့ပုံစံကနွေးထွေးပြီးကြင်နာတယ်ကွာ.. လူနာတွေအပေါ်လည်းအားမ‌လျော့ဖို့အတွက်မျှော်လင့်ချက်တွေပေးတတ်တယ်.. လူနာတွေအတွက်အရေးကြီးဆုံးကစိတ်ခွန်အားလေ.. ဘယ်လောက်ပဲလူဟာ သေမင်းတစ်ဖက်ကမ်းကိုရောက်ခါနီးဖြစ်စေ.. "

You're The Reason Why I've Decided To LiveWhere stories live. Discover now