𝘓𝘦𝘢𝘯 𝘖𝘯 𝘜 - 𝘔𝘪𝘯𝘞𝘰𝘰 (Uni)

781 40 0
                                    

Jeon WonWooဆိုသော ကောင်လေးသည်
Visual and Performing Artsမှာသာမက
Uni တစ်ခုလုံးရဲ့ စီနီယာ ဂျူနီယာ
မမ ညီမလေးများရဲ့ Ideal Boyfriend ဖြစ်လေသည်

အေးတိအေးစက်နိုင်သော personality ကြောင့်သာမက စူးရှလှသော အကြည့်များကြောင့်
WonWooကို မိန်းကလေးများ သဘောကျကြသည်

WonWooကတော့ ဘယ်သူကိုမှ
စိတ်မဝင်စား ။
Kim Mingyuဆိုသော ကောင်လေး မပေါ်လာခင်ထိပေါ့

...................

"Mingyu.... Mingyu "

Omma ရဲ့အသံက ဒီလိုနေရာမျိုးတွေဆို
တကယ်ကျယ်တယ်

"ထတော့လေ ဒီနေ့ သား ကျောင်းတက်ရမဲ့
ပထမဆုံးနေ့လေ "

"Uniဆိုတာ နောက်ကျလည်းရတယ် Ommaရဲ့
5မိနစ်လောက်ဘဲ ပေးအိပ်ပါအုံး"

"Mingyu.. မင်းထမှာလား မထဘူးလား"

သေချာပါတယ် ဒါ Appaအသံဘဲ
ကျွန်တော် ခုမှ မထရင် အရိုက်များခံရမလား
မသိတာကြောင့် အိပ်ချင်မူးတူးနဲ့ထလိုက်ရတယ်

"ဒါလား တက္ကသိုလ်ကျောင်းသား
ပုံစံက ဆေးကြောင်နေတာလိုလိုနဲ့ "

"ရှင်ကလည်း ဘယ်လိုဖြစ်နေတာလဲ
အိပ်ယာထထချင်းဆိုတော့ ဒီလိုဘဲပေါ့ "

"မိန်းမ မင်းအဲ့လိုတွေ ကာပြော အလိုလိုက်နေလို့
သားက ကလေးဆန်နေတာ "

ဒါကတော့ ကျွန်တော်ရဲ့ မနက်ခင်းကြားရတဲ့
တေးသံသာလေးတွေပေါ့
နောက်တာပါဗျာ
ကျွန်တော်တို့ မိသားစုကိုကြည့်ပြီး အားမကျဘူးလား

"Omma..... "

Ommaရှေ့တွင် လက်လေးဖြန့်ပြီး ချွဲနေတဲ့ Mingyu

"မနေ့က ပေးထားပြီးပြီလေ ပိုက်ဆံကို ချွေချွေတာတာ သုံးပါအုံး "

"Ommaကလည်း မုန့်ဖို့းတောင်းနေတာမဟုတ်ဘူး
ကားသော့ ကားသော့ "

"Ommaဆီမှာ ဘာကားသော့မှ မရှိဘူး "

"Ommaကလည်း သားကို မချစ်ဘူးလား "

စကားတတ်လွန်းတဲ့ သားလေးကြောင့်
Ommaမှာ ကားသော့ကို လက်ထဲထည့်ပေးလိုက်ရတယ်

Seventeen - One Shot Where stories live. Discover now