𝘛𝘳𝘢𝘨𝘪𝘤𝘢𝘭 (𝘔𝘪𝘯𝘞𝘰𝘯)

422 33 4
                                    



"WonWoo ငါတောင်းပန်ပါတယ် "

သူရဲ့ မရေတွက်နိုင်တဲ့ တောင်းပန်ခြင်းတွေကို
တွန့်ဆုတ်မနေဘဲ လက်ခံနေမိတဲ့ ကျွန်တော်ကို
ကျွန်တော်လည်း အံ့ဩမိတယ်။

"............"

မနေ့ညက Clubသွားမယ်ပြောပြီး
ကားပေါ်မှာ ကောင်မလေးနဲ့
နမ်းနေသော Mingyuကို WonWoo
မြင်ခဲ့သောကြောင့် ချစ်သူနှစ်ယောက်ရဲ့
အခြေအနေသည် တင်းမာနေခြင်းဖြစ်သည်။

"WonWoo...မင်းလည်း သိရဲ့သားနဲ့
ငါ ဘယ်လောက် တောင်းပန်ရတာကို
မုန်းလဲဆိုတာ
မင်းလက်မခံရင် ငါမာနကိုစော်ကားလိုက်သလိုဘဲ"

အပြစ်လုပ်ထားတဲ့သူက စကားကို
အထက်စီးကနေ ပြောနေတဲ့ အခြေအနေတွေကိုမှာ ခင်ဗျားတို့ ဒေါသထွက်ပြီး စိတ်ရှိပေါက်ကွဲကြဖူးတယ်မလား။

ကျွန်တော်ကတော့ ဒီလိုအနေအထားမှာတောင်
ဒေါသထွက်ရကောင်းမှန်းမသိရင်
သူကို အရမ်းချစ်မိနေတာ။

"ထားလိုက်တော့.... မနက်ကတည်းက ဘာမှာ
မစားရသေးဘူးမလား "

"မစားရသေးဘူး...မင်းကို စားမယ်လေ"

"အသိစိတ်လွတ်နေတာလား"

"အွမ်း....မင်းကိုချစ်နေလို့"

အနာပေးလိုက် ဆေးပေးလိုက်လုပ်နေသော
Mingyuကို သူဘယ်လိုအကြောင်းနဲ့မှ
လမ်းခွဲမည်မဟုတ်ပါ။

........................

တောင်းပန်စရာပြောရတာ မုန်းသော
Mingyuသည် WonWooဆိုသောကောင်လေးအပေါ်တွင် မရေတွက်နိုင်သော
တောင်းပန်စကားနှင့် အမှားများကိုသာ
ဆက်ပြီး ကျူးလွန်နေသည်။

"WonWoo ဒီည Clubသွားမှာ
လိုက်ခဲ့ပါလား " အပျော်အပါး
အလွန်ကြိုက်သော Mingyuသည်
သူကောင်လေးကို လိုက်ရန် နားပူနာဆာလုပ်နေသည်။

"ဘယ်သူတွေနဲ့လဲ"

"အရင်လူတွေဘဲလေ....."

"လိုက်မယ်လေ......"

....................

သီချင်းသံများနှင့် မီးရောင်စုံများကြားတွင်
အနည်းငယ် ရီဝေနေသော ကျွန်တော်အတွက်
WonWooသည် ပြစ်မှားမိချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေလေသည်။

You've reached the end of published parts.

⏰ Last updated: Jan 20, 2022 ⏰

Add this story to your Library to get notified about new parts!

Seventeen - One Shot Where stories live. Discover now