{လရောင်သွင်}
စပ်ရွှေ ထိုက် နဒီချိန်းရာ ဆိုင်လေးကို ရောက်လာခဲ့လေတယ်။ နဒီက သူ့ကိုမြင်တော့ လက်လှမ်းပြလာလေ၏။
ထိုနေရာကို သွားလိုက်ကာ ဝင်ထိုင်လိုက်ပြီး နဒီကြိုက်တဲ့အစားအစာတွေကို မှာပေးလိုက်တော့ နဒီက ပြုံးကာ ပျော်နေလသည်။"ထိုက် နဒီလေ ကျောင်းပြီးရင် ထိုက်ဆီမှာ အလုပ်ဝင်လို့ ရမလား "
"အာ နဒီလို ထက်မြတ်တဲ့မိန်းကလေးတစ်ယောက်က ဘာကြောင့် သူများလက်အောက်မှာ နေချင်ရတာလဲကွာ နဒီ ကိုယ်ပိုင် စီးပွားရေး ဘာလို့  မလုပ်တာလဲ"
"အဲ့လိုမဟုတ်ပါဘူး ထိုက်ရဲ့  နဒီ ကျောင်းပြီးသွားတယ် ဆိုပေမယ့် လုပ်ငန်းအတွေ့ အကြုံက သိပ်မရှိသေးဘူးလေ ပြီးတော့ နဒီမှာ ခုချက်ချင်း လုပ်ငန်းတစ်ခု တည်ထောင်ဖို့ကလည်း ငွေကြေးမလုံလောက်သေးလို့ ပါ နော် လို့  ထိုက်"
ထိုက် နဒီ ပြောတာကို မငြင်းနိုင်ပါ။ ဒါကြောင့် လက်ခံ သဘောတူလိုက်တော့ ချက်ချင်း သူ့ နားရောက်လာကာ သူ့ပါးကို ဖြတ်ခနဲ့ လာနမ်းလေတော့တယ်။
"ငလည်မလေး သိပ်ဆိုးနေတယ်ပေါ့ "
"ဟီး ချစ်လို့ ပါ ထိုက်ရဲ့  "
စားပြီးသောက်ပြီးတော့ ထိုက် နဒီကို ကျောင်းလိုက်ပို့ ကာ ကုမ္ပဏီကို ပြန်ခဲ့လေတော့တယ်။ နဒီတစ်ယောက် ကျောင်းရောက်ပြီး ဆယ့်ငါးမိနစ်ကြာတော့ ဖုန်းတစ်ခုကို လက်ခံရရှိလေတယ်။ ဒါကြောင့် အတန်းမတက်တော့ပဲ ကျောင်းမှ ပြန်လည် ထွက်ခွာသွားခဲ့လေသည်။
"hello ဒယ်ဒီ "
"………"
"အဲ့တာဆို ပြန်လာဖို့  ကြာအုံးမှာပေါ့ ရပါတယ် ကျွန်တော် လုပ်လိုက်မယ် ဒယ်ဒီအေးဆေး အနားယူပြီးမှ ပြန်ခဲ့ပါ အန်တီတို့ကိုလည်း ဖုန်းဆက်လိုက်ပါအုံး "
လရောင် နယ်ဘက် အလည်သွားတဲ့ ဖခင်နဲ့  ဖုန်းပြောနေခြင်းသာ။ အန်တီဆိုတာကတော့ လရောင်မိထွေး နဲ့  သူ့ သား ကိုပြောတာဖြစ်တယ်။မိထွေးဆိုပေမယ့် အန်တီစောနှင်းနွယ်ဟာ အတော်သဘောထား မြင့်မြတ်တဲ့ မိန်းမတစ်ဦးဖြစ်လေတယ်။
YOU ARE READING
SYSTEM; အရံဇာတ်ကောင်အား ကယ်တင်ခြင်း
Romanceပုကြု ရဲ့  လက်ရှိ Systemနဲ့ မတူ ကွဲပြားစွာပုံဖော်ထားပါတယ်