Arc(4.1)

1.8K 189 8
                                    

"အ့ " တစ်ကိုယ်လုံး နာကျင်မှုကြောင့် နှောင်း အသံထွက် ညည်းညူမိလေသည်။သူမ ခေါင်းတစ်ခုလုံးမူးနောက်နေကာ တစ်ကိုယ်လုံး ကိုင်ပေါက်ခံထားရသလ်ု နာကျင်နေသည်။အောက်ပိုင်း မိန်းမအဂါင်္သည်လည်း နာကျင်လို့ နေသည်။သူမ မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်လိုက်သည်။မြင်လိုက်ရတဲ့ အပြင်အဆင်ကြောင့် သူမ ပါးစပ်ဖွင့်ဟကာ အံ့သြသွားရသလို သူမ တုန်လှုပ်သွားမိသည်။မနေ့က အကြောင်း ပြန်တွေးမိလေတော့ သူမ မျက်လုံးတွေ အရည်ကြည်တွေနဲ့ ဝိုင်းလို့ သွားလေသည်။

"အို မမရယ် " မမဟာ နှောင်းကို လှည့်စားသွားခဲ့သည်။သူမအခြေအနေကို ပြန်စဉ်းစားမိသော် နှောင်း သူမဘဝဟာ မြို့ အုပ်မင်းလက်ထဲ သက်ဆင်းခဲ့ကြောင်း သိသာလေသည်။နှောင်း တစ်ကိုယ်ရည် သန့်ရှင်းလိုက်ကာ မမရဲ့  အဝတ်တွေထဲက အပြာနုရောင် ခါးတိုရင်ဖုံးလေးနဲ့  အပွင့်အခက်တွေနဲ့  ထမိန် ဝမ်းဆက်ကို ဝတ်ဆင်လိုက်သည်။သူမဟာ ခုဆို မြခေတ်နှောင်းမဟုတ်ပဲ မြခေတ်နွေ ဖြစ်လေပြီ။အယောင်ဆောင် အတုအယောင်ပေ။

"မမလေး မြို့ အုပ်မင်းက ရုံးသွားလိုက်ပါတယ် နေ့လည်ကျ ပြန်လာပြီး မမလေးနဲ့ အတူ နေ့လည်စာ ပြန်စားပါ့မယ်တဲ့ "

"ဟုတ်ကဲ့ ကောင်းပါပြီရှင် ဒီက ညီမ ကျွန်မကို ဈေးလိုက်ကူ ပေးနိုင်မလားရှင့် "

"ဟုတ် အေးမိ လိုက်ကူပါ့မယ် "

မနက်စာစားပြီး အေးမိကို ခေါ်ကာ ဈေးသွားဝယ်လိုက်သည်။နေ့ လည်စာ ဖို့  မီးဖိုချောင်ထဲဝင်ကာ သူမကိုယ်တိုင် ချက်ပြုတ်လိုက်လေသည်။မြို့ အုပ်မင်း အိမ်က အလုပ်သမားတွေဟာ ထူးဆန်းစွာ ကြည့်နေကြ၏။ သူတို့ ကြားဖူးတဲ့ မမလေးမြခေတ်နွေဟာဖြင့် ဖခင်အရေးပိုင်မင်းရဲ့ အလိုလိုက်ခြင်းကြောင့် အိမ်မှုကိစ္စ ဘာတစ်ခုမှ မတတ်သလို မောက်မာသူလို့ ပင်။သို့ သော် ခုများ သိပ်ကို ခြားနားလို့ နေလေသည်။

"အေးမိရေ နှောင်း အယ် မြခေတ်ကို လာခင်းကူပါအုံးနော် "

အရင်က နှောင်းလို့  ကို့် ကိုကို သုံးနှုန်းခဲ့တာကြောင့် သူ့ အတုအယောင်ဆိုတာ မြန်မြန်ပေါ်ထွက်လာလိမ့်မည်။ဒါကြောင့် လျှင်မြန်စွာ ပြောင်းပြောလိုက်လေသည်။ ဟင်းတွေချက်ပြီးတော့ နှောင်း အမြန်ရေချိုးလိုက်ကာ နေ့လည်စာ စားဖို့ မျှော်ရလေသည်။နှောင်းဘဝကို ရယူပြီးသော သူကို သူမခင်ပွန်းအဖြစ် သတ်မှတ်လိုက်ပြီး ဖြစ်သည်။ ထိုသူသည်က သူမကို မမနွေအဖြစ် ဇနီးတစ်ယောက် ကို မြင်ရပေလိမ့်မည်။ထိုသို့ စဉ်းစားလိုက်ရင် သူမ စိတ်အသက်သာ သလို ခံစားရလေသည်။

SYSTEM;  အရံဇာတ်ကောင်အား ကယ်တင်ခြင်းWhere stories live. Discover now