- 15 -

5.1K 682 69
                                    

တပတ်ပြီးတော့ နောက်တပတ်ကုန်သွားတယ်။ ဝမ်ရိပေါ်တယောက် အသင်းကနေ ပြန်လာခါနီးပြီဖြစ်သလို ကျောင်းကလည်း ပြန်ဖွင့်တော့မှာ ဖြစ်တယ်။

အချိန်တွေ အကြာကြီး ကြာပြီးတဲ့နောက် ရှောင်းကျန့်ဆီ ဝမ်ရိပေါ်ရဲ့ ဝီချက်မက်ဆေ့ချ် ရောက်လာတယ်။ သူ ပြန်လာတော့မယ်ဆိုတာနဲ့ လာကြိုစရာမလိုဘူးဆိုတဲ့အကြောင်းဖြစ်တယ်။ အဲ့စာကို ရှောင်းကျန့် တမိနစ်လောက် စိုက်ကြည့်နေဖြစ်တယ်။ ပြီးတာနဲ့ ဖုန်းကို လော့ချပြီး ဆိုဖာပေါ် ပစ်တင်လို့ ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး ဆက်လုပ်နေလိုက်တယ်။

အိမ်ကို မှာစားထားတဲ့ဘူးတွေ၊ ပစ္စည်းပုံးခွံတွေနဲ့ စတူဒီယိုထဲက အမှိုက်တွေကို ထုပ်ပြီး သွားပစ်တယ်။ ဆင်းလိုက် တက်လိုက် နှစ်ကြိမ်လောက် ခွဲပစ်လိုက်ရတယ်။

အိမ်တွင်း အိမ်ပြင် သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ရေချိုးတယ်။ ရေချိုးပြီးလို့ ခေါင်းကို လေမှုတ်နေတဲ့အချိန် အပြင်မှာ အသံကြားရလို့ ထွက်ကြည့်တဲ့အခါ ဝမ်ရိပေါ်ကို တွေ့ရတယ်။ ဝမ်ရိပေါ်က ကျောပိုးအိတ်လွယ်ထားရင်း လက်မှာ ခရီးဆောင်အိတ် ဆွဲထားတယ်။ အရင်ကထက်တောင် ပိုကြည့်ကောင်းနေသလိုပဲ။ နည်းနည်းလေး ပိန်သွားပြီး အသားလည်း ညိုသွားတယ်။ အင်္ကျီလက်တိုဝတ်ထားတာမို့ လက်မောင်းကြွက်သားတွေ ပေါ်နေတယ်။ ထရိန်နင်ကြောင့် ကိုယ်လုံးက ပိုတောင့်သွားသလို ရှိတယ်။

လူတကိုယ်လုံးဟာ ရုတ်တရက်ကြီး ရင့်ကျက်သွားသလိုပဲ။

ရှောင်းကျန့်က သူ့ကို ခပ်ဖွဖွပြုံးပြပြီး မေးလိုက်တယ်။

"ဗိုက်ဆာနေပြီလား?"

ဝမ်ရိပေါ်က သူ့ကို မကြည့်ပဲ ခေါင်းငုံ့ထားတယ်။

"ဟုတ်"

"အိမ်မှာစားမလား အပြင်ထွက်စားမလာ?"

ဝမ်ရိပေါ်က ခါးကုန်းပြီး ဖိနပ်ချွတ်တယ်။ အဲ့ဒီ့နောက် ခရီးဆောင်အိတ်ရဲ့လက်ကိုင်ကို ဆွဲသွားရင်း စကားတခွန်းပြောလို့ သူ့အိပ်ခန်းရှိရာ လျှောက်သွားတယ်။

"အိမ်မှာပဲ စားကြတာပေါ့"

"ကောင်းပြီ"

"ငါလည်း မနေ့ကမှ ရေခဲသေတ္တာဖြည့်ထားတာနဲ့ အတော်ပဲ မင်း ဘာစားချင်လဲ?"

You are my _____. ||Completed||Onde histórias criam vida. Descubra agora