Extra 2

5.1K 616 52
                                    

အောင်ပွဲခံပွဲ ကျင်းပနေသံတွေက စားသောက်ဆိုင်ရဲ့ ဒုတိယထပ်ကို လွှမ်းခြုံနေတယ်။ သူတို့ ဒီစားသောက်ဆိုင်ကို ခဏခဏ လာဖူးတယ်။ အစားအသောက်ကောင်းသလို ပတ်ဝန်းကျင်လည်း ကောင်းတယ်။ ဈေးလည်းချိုတယ်။ ပြိုင်ပွဲမစခင်မှာ ဟူကောက ပြောခဲ့တယ်။ ဝမ်ရိပေါ်သာ လူသစ်တန်းမှာ ချန်ပီယံဖြစ်ခဲ့ရင် ဒီကိုလာပြီး ပွဲလုပ်ပေးမယ်ဆိုပြီးတော့ပေါ့။ အခု သူတို့မှာ ဒီဆိုင်ကို လာရုံတင်မဟုတ်ဘူး။ စားသောက်ဆိုင်ရဲ့ ဒုတိယထပ် တခုလုံးကိုပါ ငှားလိုက်ရတယ်။ ပြီးတော့ ဒီဆိုင်ရဲ့ ဈေးအကြီးဆုံးဟင်းတွေကို မှာတယ်။

ဝမ်ရိပေါ်အနေနဲ့ ရှောင်းကျန့် အခုလို သေချာကျနတဲ့ အနောက်တိုင်းဝတ်စုံ ဝတ်တာမျိုးကို မြင်ဖူးတာ ရှားတယ်။ ရှောင်းကျန့်မှာ အရမ်းပျော်နေပုံရတယ်။ ပြိုင်ပွဲပြီးတာနဲ့ အိမ်ပြန်ပြီး အဝတ်လဲတယ်။ ပြန်မထွက်ခင် သူ့လက်ကောက်ဝတ်နဲ့ လည်ပင်းကိုပါ ရေမွှေးဆွတ်လိုက်သေးတယ်။ ဆိုင်ကယ်အသင်းထဲက အမျိုးသမီး Staff တွေက သူ့နား တဝဲလည်လည်ဖြစ်နေတယ်။ လှမ်းကြည့်နေကြတဲ့ မိန်းကလေးတွေကို တချက်ကြည့်ပြီး ခပ်တည်တည်နဲ့ ဘေးတစောင်း ဝင်ကာပစ်လိုက်တယ်။

ရှောင်းကျန့်ရဲ့ ပါးမို့လေးတွေက ရဲနေတယ်။ နက်ခ်တိုင် လျော့တိလျော့ရဲနဲ့ ရှပ်အင်္ကျီကြယ်သီးနှစ်လုံး ဖြုတ်ထားတယ်။ ပန်းရောင်သမ်းနေတဲ့ လည်တိုင်နဲ့ ညှပ်ရိုးဟာ ဝမ်ရိပေါ်အကြည့်တွေအောက်မှာ တွဲလွဲခိုနေတယ်။

ချန်ပီယံဆုရတာ ပျော်ပေမဲ့ ဒီနေ့လို နေ့မျိုးမှာ သူ ရှောင်းကျန့်နဲ့ နှစ်ယောက်တည်းပဲ ရှိနေချင်တယ်။ ပြန်ပြသတဲ့ ပွဲစဉ်တွေကို အိမ်မှာ နှစ်ယောက်တည်း ကြည့်နေရရင်တောင်မှ ဒီဆိုင်ထဲမှာလို စကားတွေပြော၊ အရက်တွေသောက်နေရတာထက်စာရင် ပိုကောင်းတယ်ပြောရမယ်။

ဒါပေမဲ့ သူ ထုတ်မပြောဖြစ်သလို ပြောလည်း မပြောနိုင်တော့ဘူး။

မပျော်တဲ့စိတ်ကို ရင်ထဲမှာ သိမ်းထားရင်း ရှောင်းကျန့်နောက်ကနေပဲ လိုက်ထိန်းပေးနေလိုက်တယ်။ အရက်တွေမူးနေတဲ့ ရှောင်းကျန့်ရဲ့ ခြေလှမ်းတွေကိုကြည့်ပြီး သေချာမတ်မတ်ရပ်နိုင်ဖို့ သူ့ကို မသိလိုက်ဘာသာ လှမ်းကိုင်တဲ့အခါ သူ့စိတ်က နည်းနည်း ပြန်အဆင်ပြေလာတယ်။

You are my _____. ||Completed||Where stories live. Discover now