part 10

18.3K 435 110
                                    

လူးဝစ်က ခေါ်ခိုင်းတာမို့ ကြောက်လို့လာခေါ်လိုက်ရသည်။ လှေကားတွေတစ်ထစ်ချင်းဆီ တက်သွားပြီး ဘယ်ဘက်က ထောင့်စွန်းအခန်းရှေ့မှာရပ်လိုက်သည်။ Hikieဆိုပြီးအင်္ဂလိပ်နာမည်
ထွင်းထားတဲ့ အညိုရောင်သစ်သားပြားလေးကြောင့် သူတံခါး လက်ကိုင်ဘုကို လှည့်ပြီး အခန်းထဲဝင်သွားခဲ့သည်။

ဝင်သွားပြီးနောက် သူမြင်တွေ့လိုက်ရတဲ့ ရေစက်တွေတွဲလဲခိုနေတဲ့ ရင်အုပ်နဲ့ ဝမ်းဗိုက်ကအမြောင်းတွေကြောင့် သာဖြစ်သည်။ အဝတ်အစားမပါဘဲ သဘက်ဖြင့်သာအောက်ပိုင်းကိုပတ်ထားတာကြောင့် ဆန်ဒါဝေး အော်မိသည်။

"အား! "

"ခင်ဗျား ခင်ဗျား ဘာဖြစ်ချင်နေတာလဲ " ဟုပြောကာမျက်နှာကြီးနီရဲနေလေသည်။

ဆန်ဒါဝေးရဲ့အော်သံကြောင့်ဟိုင်ကီ့ခင်ဗျာ ကြောင်သွားရသည်။ အရှေ့ကိုကြည့်အနောက်ကိုလှည့်နှင့်နောက်ဆုံးသူ့ကို သူလက်ညှိးထိုးပြတော့ ကောင်လေးက ခေါင်းငြိမ့်ပြသည်။ ဟိုင်ကီတစ်ယောက်မေးခွန်းတွေ ခေါင်းထဲမှာအစီအရီပေါ်လာခဲ့သည်။ဒီလိုနဲ့ပဲ အူတူတူ နဲ့သူ့ကိုရပ်ပြီးကြည့်နေတဲ့  ကောင်လေး ကိုစကားစမြည်ပြောလိုက်သည်။

"ဘာလို့အော်တာလဲ ငါကအရမ်းကြောက်ဖို့ကောင်းလို့လား"

ဟိုင်ကီကဆန်ဒါဝေးကိုမျက်မှောင်ကျုံ့ပြီးပြောတော့ ကောင်လေးခဗျာ သူ့ကို ကျိန်ဆဲနေသည့်အလား ပါးစပ်လှုပ်နေသည်။ အတော် အတန်ကြာမှ ကောင်လေး ကခေါင်းလေး ကိုကုတ်ပြီး စဥ်းစားနေသည်။ ပြန်မှတ်ရလာပြီထင်ပါရဲ့ သူ့ကိုမျက်လုံးလေးဝိုင်းကာ လာရင်းကိစ္စ ကိုထုတ်ပြောတော့သည်။

"သခင်ကြီးက ခေါ်ခိုင်းလိုက်လို့ပါ"

ဆန်ဒါဝေး ထိုလူကြီး ကိုပြောပြီးပြီးချင်းအောက်သို့ဆင်းလာခဲ့သည်။ကြာကြာရပ်မိနေမယ်ဆိုရင် လူလည်းတစ်ကိုယ်လုံးခရမ်းချဥ်သီးလို ရဲတွတ်တော့မည်ဆိုတာ ဆန်ဒါဝေး သိလိုက်တာကြောင့် အထစ်များတဲ့လှေကားတွေကိုဆင်းချလာခဲ့သည်။

အောက်လည်းရောက်ရော လူးဝစ်ကိုအရိုအသေပေးပြီး အစေခံအိုကြီးနောက်မှာသွားရပ်လိုက်လေသည်။
ထို့​နောက်ထိုလူကြီးဆင်းလာခဲ့သည်၊ သခင်ကြီးရဲ့မျက်နှာဟာလွန်စွာပြုံးရွှင်ပြီး ထိုလူကြီးကိုစိုက်ကြည့်နေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Sep 06, 2021 ⏰

Add this story to your Library to get notified about new parts!

Umm!  Fuck Me🔞Where stories live. Discover now