Empty Space

217 12 0
                                    

"I don't see youYou're not in every windowI look throughAnd I don't miss youYou're not in every single thing I doI don't think we're meant to beAnd you are not the missing piece"(၁)"ကျနော်က ထွက်ပြေးတဲ့နေရာမှာတော်တယ်"လို့ သူမပြောပြီး နောက်ရက်မှာပဲက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"I don't see you
You're not in every window
I look through
And I don't miss you
You're not in every single thing I do
I don't think we're meant to be
And you are not the missing piece"
(၁)
"ကျနော်က ထွက်ပြေးတဲ့နေရာမှာတော်တယ်"လို့ သူမပြောပြီး နောက်ရက်မှာပဲ
ကျနော့်ဆီက ထွက်ပြေးသွားခဲ့တယ်။
လိုက်ရှာသင့်မရှာသင့် စီးကရက်တွေသောက်ရင်း ကျနော်အငြင်းပွားနေဆဲမှာပဲ သူမပြန်ရောက်လာပါလိမ့်မည်။
"သတိရနေတယ်မလားလို့" သူမ,မမေးခင်
ကျနော်ကြိုတင်ဖြေထားမိပါသည်။
"ကျနော် သူမကို မလွမ်းပါ"

(၂)
လုံးခြေခံရပြီးသား စက္ကူစလေးမို့ ဒဏ်ရာရဖို့မလွယ်ပါလို့ပြောတတ်သော သူမသည်
တကယ်တော့ အငိုလွယ်သော ကလေးမလေးသာဖြစ်ပါသည်။ ကိစ္စတော့မရှိပါ။
စီးကရက်တွေအပြင် တစ်ရှူးထုပ်တွေ ကျနော့်အိပ်ကပ်ထဲ ပိုထည့်ထားတတ်ဖို့သာ လိုပါသည်။

(၃)
အနှောင့်အယှက်ဖြစ်စေမိပြီဟု တွေးထင်မိတိုင်း
ထွက်ပြေးလေ့ရှိသော သူမသည်
ကျနော့်ကွက်လပ်တနေရာဖြစ်ဖြစ်ဖြည့်နိုင်လေမလားမျှော်လင့်ရင်း အကြိမ်ကြိမ်ပြန်လာတတ်သော နွေဦးရာသီလေးလည်းဖြစ်ခဲ့ဖူးပါသည်။ [ဒါတွေကြောင့်ပဲ သူမကို ဘယ်တော့မှ
မလိုအပ်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်မယ်(ထင်တယ်)]

(၄)
သို့သော် သူမသည်
အိမ်အပြန်လမ်းကို အမြဲမှတ်မိနေတတ်သည့်
ကြောင်ပေါက်ကလေး မဟုတ်ခဲ့ပါ။

(၅)
"သတိရနေမယ်မလားလို့"
သူမ,မမေးခဲ့သော်လည်း
ကျနော်ဖြေနေဦးမည် ဖြစ်ပါသည်။
"ကျနော် သူမကို မလွမ်းပါ"

Empty Space
-James Arthur

𝑩𝒖𝒕𝒕𝒆𝒓𝒇𝒍𝒚 𝑬𝒇𝒇𝒆𝒄𝒕Where stories live. Discover now