Signs

146 12 0
                                    

"ကိုကိုနဲ့အတူ နေကြာပန်းခင်းတွေရှိရာ ပြေးထွက်သွားချင်တယ်။"
ငြီးငွေ့ဖွယ်နေ့ရက်တိုင်း ပေါ်လာတတ်တဲ့ စိတ်ကူးသက်တံ့လေးပါပဲ ကိုကိုရယ်။မနက်ခင်းနေထွက်ချိန်ကနေ ဆည်းဆာချိန်အထိ နေကြာတွေပွင့်တာ ကြည့်ကြမယ်။ ကျနော့်အတွက်တော့
ကိုကို့လက်ချောင်းရှည်တွေနဲ့ထိတွေ့ခွင့်ရနေသရွေ့ အရာရာဟာ နွေးထွေးမှုလို့ပဲ အဓိပ္ပါယ်ရပါတယ်။ပြီးတော့ ပန်းပွင့်ဖတ်လေးတွေ မထိခိုက်ရအောင် ခပ်ဖွဖွခူးဆွတ်ပုံမျိုးနဲ့ ပွေ့ဖက်ထားမယ်။စီးကရက်အတူသောက်ရင်း ဘယ်နှကြိမ်မြောက်လဲမမှတ်မိတဲ့အထိဆိုးကြမယ်။ ဘယ်သူ့ကိုများ စောက်ဂရုစိုက်နေရဦးမှာလဲ။
လူကောင်းတွေလို့ပြောကြတဲ့သူတွေများတဲ့ ဒီကမ္ဘာမှာ ကိုကိုကတော့ ကျနော်အလိုချင်ဆုံးလူဆိုးလေးပါပဲ။ကပွဲမပြီးခင် ပြေးထွက် လူမမြင်အောင် ခြေဖျားထောက်ခိုးနမ်းကြည့်ချင်တယ်။ကိုကိုပြုံးတိုင်း ကျနော့်မျက်လုံးထဲ နေကြာတွေပွင့်တာ ကိုကို့ကိုသိစေချင်လိုက်တာ။
မက်မိသမျှ အိမ်မက်တွေဟာ ပြတင်းပေါက်ကတဆင့် ဝင်လာတတ်တဲ့ စိတ်ကူးတိမ်တိုက်တွေလိုပဲလား။ဒီလိုဆိုရင်တောင်
ဖမ်းဆုပ်ရခက်မှန်းမသိခင်ထိ ချစ်မိနေမိဦးမှာ။
"ကိုကိုနဲ့အတူ နေကြာပန်းခင်းတွေရှိရာ ပြေးထွက်သွားချင်တယ်။"
မိုးမရွာလည်း အချိန်တိုင်းပေါ်လာစေချင်မိတဲ့ စိတ်ကူးသက်တံ့လေးပါပဲ။"

In the back of the car, we left the party when you took me by the hand
In front of the prom king like you hardly knew my name or who i am
Leaving me solo, marco polo, till you don't know where to go
Running in circles till it hurts cause i know...

Signs
Ethan dufault

ဒီသီချင်းက လတ်တလောနားထောင်ဖြစ်နေတဲ့ သီချင်းလို့ပြောတယ်
တကယ်တော့ အဲ့ဒီPlaylistအတိုင်းစာတွေရေးပြီး လက်ဆောင်ပေးမယ်တွေးထားခဲ့တာ
စိတ်တိုင်းမကျလို့ ရေးလိုက်ဖျက်လိုက်နဲ့
ကြာသွားတယ်
သီချင်းတောင် အလွတ်ရနေပြီ😂
သီချင်းနဲ့ သိပ်တော့ထပ်တူမကျတဲ့အတွက်လည်း တောင်းပန်ပါတယ်နော်
နားထောင်ရင်း ပေါ်လာတဲ့ခံစားချက်အတိုင်း အကြောတင်းလေးအတွက် ရည်ရွယ်ရေးထားတာမို့ပါ><

𝑩𝒖𝒕𝒕𝒆𝒓𝒇𝒍𝒚 𝑬𝒇𝒇𝒆𝒄𝒕Where stories live. Discover now