SCABIOSA (Unicode)

1.3K 85 9
                                    

သာမန်နေ့လေး တစ်နေ့ပါဘဲ နေကလဲ သာနေခဲ့သလို ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေနေတဲ့ သစ်ပင်ကြီးတွေနဲ့အတူ အရာအားလုံးက သာမန်နွေဦးရာသီနေ့လေး တစ်နေ့ပါဘဲ။

သူ့ရဲ့အလုပ် လုပ်ရာ နေရာဖြစ်တဲ့ ခြံထဲက မြက်ခင်းပြင်ပေါ်မှာ ခြေဆင်းထိုင်ကာ စာရေးစာဖတ်လုပ်နေတုန်း။
အိမ်ထဲမှနေ ချိုသာတဲ့ အသံနဲ့ အမေက...

" စာတွေရေးနေတာလား "

အိမ်ပြတင်းပေါက်ကနေလှမ်းပြောနေတဲ့ အမေ့ကိုပြုံးပြလိုက်ပြီး ရေးလက်စစာကိုအဆုံးသတ်လိုက်ရင်း ထလိုက်သည်။

အကျောဆန့်လိုက်ရင်း မျက်စိကစားကာ ဟိုကြည့်ဒီကြည့်လုပ်တုန်း ကားတစ်စီးက မျက်စောင်းထိုးအိမ်လေးမှာ ရပ်တန့်သွားပြီး ကားပေါ်မှ ပစ္စည်း​ရွေ့ပေးဖို့ အလုပ်သမားတစ်ခြို့ ကဆင်းလာကြပြီး ပစ္စည်း တွေကို နေရာချနေကြသည်။

လူသစ်တွေပြောင်းလာတာထင်ပါရဲ့ တော်ရုံဆို လူတွေကိုလိုက်ကြည့်လေ့မရှိပေမဲ့ ကားပေါ်ကနေဆင်းလာတဲ့ ကောင်လေးတစ်ယောက်ကိုတော့ သူသေချာကြည့်မိသည်။
အဝေးမှုန်သူမို့ သေချာမမြင်ရပေမဲ့ သူ့ထက်တော့ အသက်ကြီးမဲ့ပုံရသည်။
မျက်မှန်ကိုလဲ ဘယ်နားတင်ခဲ့မိမှုန်းမသိတာမို့ လက်ရှိမှာတော့ မျက်နှာတွေမမြင်ရပါ။

Tshirt အဖြူရောင်နဲ့ ဘောင်းဘီအမဲရောင် ဆံပင်ခပ်အုပ်လုပ်လေးရှိသည်။ ကိုယ်လုံးကိုယ်ပေါက်ကလဲ တော်တော် ထွားကြိုင်းတဲ့ပုံပင် အဝေးကိုသိပ်မမြင်ရတာတောင် သူ့အရပ်နဲ့ ကိုယ်လုံးက ထင်ထင်ရှားရှားကို မြင်ရသည်။

သူတို့ ပစ္စည်းတွေကို နေရာချနေတာကို ကြည့်နေမိတုန်း အိမ်ထဲကအမေက။

" ထမင်းစားမယ် လာတော့ Taehyung "

ပစ်ချထားတဲ့ စာအုပ်တွေကို ပြန်ကောက်မနေဘဲ ဒီတိုင်းချထားခဲ့ပြီး အိမ်ထဲဝင်သွားလိုက်သည်။
တကယ်လို့ လှည့်ကြည့်ခဲ့မယ်ဆိုရင် လှမ်းကြည့်နေခဲ့တဲ့ မျက်ဝန်းတစ်စုံကို တွေ့ရမှာပင်။

_____________________________________________________

တစ်ညလုံး စာဖတ်လိုက် ဖုန်းသုံးလိုက်လုပ်တက်တဲ့ သူဖြစ်တာမို့ မနက်ဖက်မျိုးဆို ဘယ်တော့မှ စောစောမနိုးတာကများသည်။

S C A B I O S A ( Completed ) Donde viven las historias. Descúbrelo ahora