part-3

5.4K 481 46
                                    

နေကြာ ကိုကိုကြီးနဲ့ဆိုင်တစ်ဆိုင်ကို
ရောက်တော့ စကားပြောနေတုန်း ဖုန်းဝင်လာတာကြောင့် ကိုကိုကြီးက အပြင်ထွက်သွားသည်

"ဘယ်သူများလဲလို့ နေကြာပါလား တစ်ယောက်ထဲလား"

နေကြာအသံကြောင့်မော့ကြည့်တော့ ပိုးစုန်းကြူး

"အဟင်း ပိုးစုန်းကြူး ပါလား"

ပိုး က နေကြာ ရှေ့ဝင်ထိုင်လိုက်သည်

"ဘယ်လိုလဲ အိမ်တွင်းပုန်းမလုပ်တော့ဘူးလား"

"အင်း ဆိုပါတော့ "

"နင်သိလား ကိုကိုက ငါ့ကိုအရမ်းချစ်တာ
အဲ့တော့နင်ကွာရှင်းပေး "

"မရှက်ဘူးလား "

"ဘာကိုလဲ"

"ငါကတရားဝင် ယောကျာ်း နင်ကမယားငယ်
ငါ့ကို ခုလိုလာပြောနေတာမရှက်ဘူးလား
နင်ကငါ့တို့ကြားကတတိယလူဘဲ"

"တတိယလူဆိုတာ နင့်ထက်သာတာရှိလို့
တတိယလူဖြစ်လာတာ"

"ဟုတ်ပါတယ် နင်ကငါ့ထက်သာတယ်
ဒါပေမယ့် တစ်ခုဘဲ နင်ငါ့ကိုမမှီတာ
ဘာလဲသိလား အဲ့ဒါ ကျက်သရေဘဲ "

"နင်.. "

"အဟင်း...ငါ့ယောကျာ်းကလဲနော် ရှာမယ့်ရှာ
ငါ့ထက်သာတဲ့လူကိုရှာရမှာခုတော့ ဟက်
သူကအရင်လို အပေါစားတွေဘဲကြိုက်တုန်း"

ပိုးစုန်းကြူး ဒေါသထွက်ကာ ပါးရိုက်ဖို့ပြင်လိုက်တဲ့လက်ကို နေကြာဖမ်းပြီး

"နင်က ငါ့ကိုရိုက်ရအောင်တန်လို့လား
မယားငယ်မ ဖြန်းး"

နေကြာရိုက်လိုက်တာကြောင့် ပိုးစုန်းကြူး
ဘေးကိုပြုတ်ကျသွားသည် ဆိုင်ထဲတွင်သူတို့
တစ်ဝိုင်းသာရှိသည်မို့တော်သေးသည်

"နင်မှတ်ထား နင်ကအမြဲမယားငယ်ဘဲ
ဘယ်တော့မှ ငါ့အထက်ကိုရောက်မှာ
မဟုတ်ဘူး"

ပိုးစုန်းကြူး ပြန်ထကာ

"နင်လဲမှတ်ထား.. ငါကကိုကို့ ကိုရအောင်ယူပြ
မယ် အဲ့ခါမှ ငိုမနေ နဲ့ တောက်"

ပိုးစုန်းကြူး ထိုနေရာကထွက်သွားလိုက်သည်

ခနကြာမှ မှိုင်းကပြန်ရောက်လာပြီး

နေကြာ / နကွော (Uni/Z) (completed)Where stories live. Discover now