part 4

5.3K 485 24
                                    

ညနေ နေကြာ အိမ်ပြန်ရောက်တော့
ရိုးမြေက အရင်ရောက်နေပြီး

"မောင် ဒီနေ့ပြန်လာတာစောတယ်နော်"

"နေကြာ ဒီနေ့ ပိုးကိုဘာလုပ်လိုက်တာလဲ"

နေကြာမျက်ခုံးပင့်လိုက်သည်

"ဘာလုပ်တယ်ထင်လဲ"

"မင်းမကျေနပ်ရင်မောင်နဲ့ရှင်း ပိုးကိုတော့လူကြားထဲအရှက်မခွဲသင့်ဘူး"

"ခု မောင်က ငါ့ကိုဘာလို့ဒေါသထွက်နေတာလဲ
သူ့ကိုလုပ်လို့လား အမှန်ဆိုငါကမှဒေါသထွက်သင့်တာမဟုတ်ဘူးလား မောင်က နောက်မီးလင်းနေတာလေ"

"နေကြာ!! မောင်သိတယ် မောင်မှားတာ ဒါပေမယ့်..."

"ဘာလဲ မပျက်နိုင်ဘူးမလား ငါသူ့ကိုလုပ်တာငါမမှားဘူး ဘာလို့လဲသိလား အဲ့ဒါသူနဲ့တန်လို့
မယားငယ်ဆိုတာမရှက်မရှိလို့သူများ
မယားငယ်လုပ်တာ "

"တောက်!! မင်းတော်တော့ ပိုးကိုပြောစရာမလိုဘူး နေကြာ မောင်တို့ကိုလွှတ်ထားပေးလို့မရဘူးလား နေကြာမသိသလိုနေပေးပါ"

"တော်တော်တရားတာဘဲ ဘာလဲမောင် ငါက
အပြင်မှာဖောက်ပြန်ပြီးပြန်လာတဲ့လက်ကို
အိမ်ကကြိုနေရလောက်တဲ့ထိသဘောထား
မကြီးဘူး"

နေကြာပြောပြီးတာနဲ့အိမ်ပေါ်တက်ခဲ့လိုက်သည်
ရိုးမြေလဲ ကားနဲ့ပိုးစီသာထွက်လာလိုက်သည်

(A/N -ာခေါင်း)

နေကြာရေမိုးချိုးပြီးအောက်ဆင်းလာတော့
ရိုးမြေ ကရှိမနေ ထိုချိန်ဖုန်းဝင်လာတာကြောင့်

📱ဟယ်လို📱

📱သည်းညှာ ကို တို့ညဈေးတန်းသွားမလား📱

📱တကယ်လား သွားမယ်လေ 📱

📱ဒါဆို ကို လာခေါ်မယ် 📱

📱ဟုတ် ကိုကိုကြီး စောင့်နေမယ်နော် မွ📱

နေကြာအရင်ဖုန်းချကာ အင်္ကျီတက်လဲလိုက်သည်

မှိုင်းကတော့ဖုန်းကိုကြည့်ကာ

* နို့ခဲလေး အသဲယားဖို့ကောင်းတယ် *

မှိုင်းလွှတ်ထားတဲ့လူတွေက သည်းညှာနဲ့
ဟိုကောင်စကားများထားတယ်ပြောတာကြောင့်
သည်းညှာစိတ်ကြည်အောင် ညဈေးဘက်သွားဖို့စီစဉ်လိုက်ခြင်း ပုံမှန်သူ့အနေ
နဲ့ဆိုထိုနေရာတွေကိုလှည့်ကြည့်မည်မဟုတ်

နေကြာ / နကွော (Uni/Z) (completed)Where stories live. Discover now