09

2.5K 466 13
                                    

[  Zawgyi  ]
  
မွေ့ရာမှာ King size ဖြစ်ကာကျယ်လွန်းသည့်အတွက်ကြောင့် လူ၃ယောက်ပင်အေးအေးဆေးဆေးအိပ်လို့ရသည်။ ထို့ကြောင့် အရာဂီအားသီးသန့် မွေ့ရာလုပ်ပေးမနေတော့ဘဲ သူ၏ မွေ့ရာပေါ်တွင်သာအိပ်စေလိုက်သည်။

ယောကျာ်းလေးချင်းပဲ ..... ဘာမှမဖြစ်ဘူး .... လော်ရီနဲ့တောင်အိပ်သေးတာပဲ .....

ကတ်နက်ဖေးသည် ညမအိပ်ခင် ရေချိုးခန်းထဲသို့ဝင်ကာ ကိုယ်လက်သန့်ရှင်းလိုက်သည်။ မျက်နှာသစ်သွားတိုက်ပြီးသည့်နောက် သူသည်အခန်းထဲမှထွက်လာလိုက်သည်။

အခန်းအပြင်သို့ရောက်သောအရာသူသည် မွေ့ရာပေါ်တွင်ထိုင်နေသော အရာဂီအားကြည့်လိုက်၏။

အရာဂီသည် မွေ့ရာပေါ်တွင်ထိုင်ကာ အောက်သို့ ခြေထောက်ချရင်း သူ့အားကြည့်လာလေသည်။

ဆံပင်အားစုစည်းပေးထားသည့်အတွက်ကြောင့် အရာဂီ၏ မျက်နှာသည်ရှင်းရှင်းလင်းလင်းပေါ်လွင်နေကာ အတော်ပင်ကြည့်ကောင်းသည်။

အရာဂီ၏ မျက်နှာသည် ချောမောသည်ထက်ယောကျာ်းဆန်သည်။ မျက်နှာပေါက်သည် Dennis Oh လိုမျိုးဖြစ်သည်။

အသားနည်းနည်းညိုကာ တောင့်တောင့်ဖြောင့်ဖြောင့်ပင်။ အထူးသဖြင့်  ကျောတွင်ရှိသော ဆေးမင်ကြောင်များက ပိုပြီးဆွဲဆောင်မှုရှိ၏။

ကတ်နက်ဖေးသည် အတန်ကြာငေးပြီးမှအသိဝင်လာလေသည်။ သူသည်မျက်နှာအားရေစင်အောင်သုတ်ပြီးနောက် အခန်းမီးကိုပိတ်ကာ ညမီးသီးကိုထွန်းလိုက်သည်။

သူသည် မွေ့ရာပေါ်သို့တတ်လိုက်သောအခါ အရာဂီက စိုက်ကြည့်လာလေသည်။

အမြဲတမ်းတမ်းလိုလို စိုက်ကြည့်လာတတ်၍ သူသည် စိတ်ထဲ တစ်မျိုးဖြစ်လာသည်။

ပထမတွင် စိတ်ရှုပ်သည်၊ ကြောက်သည်။ သို့သော် တဖြည်းဖြည်းနှင့် ရှက်လာလေသည်။

သူသည် ဖြူစွတ်သောအသားအရည်နှင့် အရပ်ရှည်ရှည်ဖြစ်သောကြောင့် တောင့်တောင့်ဖြောင့်ဖြောင့် Gay တချို့၏ စိတ်ဝင်စားစရာဖြစ်လာသည်။

ထိုလူတချို့သည် သူ့အား စိုက်ကြည့်လာလျှင်စိတ်ထဲ ဘယ်လိုမှမရှိပေ။ ဒေါသလဲ မထွက်ဖြစ်သလို စိတ်လဲမဝင်စားမိ။

ARAGI : Son Of Set Where stories live. Discover now