11

2.5K 437 7
                                    

[  Zawgyi  ]
  
ကတ်နက်ဖေးတို့ ကွန်ဒိုနားကိုရောက်တော့ လော်ရီ၏ ကားက ဝင်လာသည်။ စားဖို့သောက်ဖို့ တတ်ကြွနေသောလော်ရီက ချက်ချင်းကိုထထွက်လာပုံရ၏။

ကားပေါ်မှ ဆင်းလာတဲ့ လော်ရီက ကတ်နက်ဖေးနှင့် အရာဂီကိုတွေ့တော့ ပြုံးရင်း ပြောလာသည်။

" နှစ်ယောက်သားအေးအေးဆေးဆေးဈေးဝယ်ထွက်နေတယ်ပေါ့ "

လော်ရီက ကတ်နက်ဖေး၏ လက်မောင်းကိုလက်သီးနှင့်ဖွဖွထိုးလာသည်။ မျက်နှာကလည်း ပြုံးစိစိနှင့် သူတို့နှစ်ယောက်အားကြည့်နေသောကြောင့် ပတ်နက်ဖေး မျက်နှာနည်းနည်းပူသွားသည်။

ထို့ကြောင့် လက်ထဲတွင်ကိုင်ထားသော အထုတ်တစ်ထုတ်ကိုမြှောက်ပြလိုက်၏။

" ဈေးသွားဝယ်တာ ၊ သူလဲ အိမ်ထဲမှာပဲနေနေရတော့ ခဏထွက်လာတာ ၊ မင်းမစားဘူးလား"

"မစားစရာလား ၊ မင်းတို့သောက်မယ်ဆိုလို့ ငါ့မှာ ဂိမ်းတောင်မဆော့ဘဲ  ထွက်လာတာ ၊"

လော်ရီက လက်ထဲမှ အိတ်ကိုပြပြီး

"ငါတောင် အမြည်းလေးတွေဝယ်လာသေးတယ်"

"မင်းကတော့တကယ် "

ထို့နောက် ၃ယောက်သား ကွန်ဒိုရှိရာသို့တတ်လာခဲ့၏။ လမ်းတွင်လည်း အငြိမ်မနေဘဲ စကားတွတ်တွတ်ပြောနေကြ၏။

အရာဂီကတော့ အထုတ်ဆွဲကာ ငြိမ်သက်နေရင်းလိုက်လာခဲ့သည်။

အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှ ကြမ်းခင်းပြင်တွင် ဘီယာဖာတွေကိုချပြီး စားစရာသောက်စရာမြည်းများကို ချကြသည်။

လော်ရီက ရေခဲသေတ္တာထဲမှ ရေခဲတုန်းတွေကို ဇလုံကြီးထဲထည့်ကာ ဘီယာဗူးတွေကိုအအေးခံ၏။

၃ယောက်သား ပြင်ဆင်ပြီး စကားတပြောပြောနှင့် စားကြသောက်ကြ၏။ အရာဂီကတော့ ဘီယာဗူးကိုကိုင်ရင်း ထုံးစံအတိုင်းငြိမ်သက်နေလေသည်။

ကတ်နက်ဖေးက နောက်မှာရှိသော ဆိုဖာကိုမှီရင်း လော်ရီက ကိုစတင်မေးလိုက်၏။

" မင်းပြောတဲ့ သတင်းကောင်းကဘာလဲ "

သူသတိပေးလိုက်မှ လော်ရီက ဘီယာသောက်ရင်း ခေါင်းညိတ်လာ၏။ လော်ရီက ဘီယာ တစ်ချိုက်ကိုမြိုချပြီး တတ်ကြွနေသော အသံနှင့်ဆိုလာသည်။

ARAGI : Son Of Set Where stories live. Discover now