2

1.1K 111 10
                                    

#####

မြို့အစွန်လေးရဲ့တစ်နေရာ တဲအိုလေးထဲမှာမီးရောင်မှိန်ပျပျနဲ့ ကလေးငယ်ရဲ့ရယ်သံလေးတွေ အတိုင်းသား ကြားနေရသည်။

"ခစ် ခစ် ဟီး ခစ် ခစ် "

ကလေးငယ်က ဘာကိုသဘောကျနေမှန်းမသိ ရယ်မြဲရယ်နေတာကြောင့် နောက်ဖေးမှာ ဆန်ပြုတ်သောက်နေတဲ့ လင်မယားနှစ်ယောက်လဲ အသဲအသန် ကလေးငယ်ရှိရာကို ရောက်လာကြသည်။

"ယော..ယောကျာ်း ဘာဖြစ်တာလဲမသိဘူး "

"အေး ကလေးကဘာဖြစ်တာလဲ နေမကောင်းတာများလား သေချာကြည့်ပါဟ"

မိန်းမလုပ်သူက ကလေးငယ်ကို သေချာကြည့်ပေမဲ့ ကလေးငယ်က ရယ်မြဲရယ်နေပြန်သည်။ကြာလာတော့ လင်မယားနှစ်ယောက်လဲ ကြောက်လာကြသည်။

"ခစ် ခစ် ဟီး ခစ် ခစ်"

"သား သားလေး ဘာဖြစ်တာလဲဟင် "

ကလေးငယ်က မိန်းမဖြစ်သူကိုကြည့်ပြီး ခဏကြာတော့ ပြန်ရယ်ပြန်သည်။

"ခစ် ခစ် ဟီး ခစ် ခစ်"

ကလေးငယ်က လမင်းကြီးကိုလက်ညိုးထိုးပြီး သဘောတကျရယ်နေပြန်သည်။

လင်မယားနှစ်ယောက်လဲ လမင်းကြီးကိုကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြသည်။

"မိန်းမ အနီ..နီရောင်လပြည့်နေ့"

"ကလေးငယ်က အနီရောင်လကိုကြည့်နေတာလား"

အနီရောင်တောက်နေသော လပြည့်ကြီးကို ကလေးငယ်ရော လင်မယားနှစ်ယောက်ပါ ကြည့်လိုက်ကြသည်။

အနီရောင်လပြည့်နေ့မှာ ရရှိတဲ့ ဒီကလေးငယ်က ပျော်ရွှင်မှုတွေပေးနိုင်သလို တခြားအရာတွေလဲပေးနိုင်မှာပါ။

"သားလေး အိပ်တော့နော် "

ကလေးငယ်က မိခင်ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိပ်ပျော်သွားသတဲ့။

ရှေ့ဆက်လှမ်းရမဲ့ ခရီးလမ်းက ကြမ်းတမ်းနေပါစေ ဒီကလေးငယ်ရှိလို့ကတော့ အရာအားလုံးကို သူတို့လင်မယားနှစ်ယောက်ရင်ဆိုင်နိုင်ပါသည်။

လင်မယားနှစ်ယောက်လဲ ကလေးငယ်ဘေးမှာဘဲ ဝင်အိပ်လိုက်သည်။

စစ်ဧကရာဇ်ရဲ့မူပိုင်(စစ်ဧကရာဇ်ရဲ့မူပိုင်)Complete Where stories live. Discover now