4(End)

1.4K 111 11
                                    

"လှတယ်!!"

"ဗျာ "

"အော် ပုလွေက လှတယ်လို့ "

"အော် အင်းအင်း ဒါဆို ခွင့်ပြုပါအုံးဗျ"

သူ့ရှေ့က ထွက်သွားတဲ့လူသားလေးကိုကြည့်ပြီး ဝမ်ဧကရာဇ်တစ်ယောက်ပြုံးမိသည်။

ပထမဆုံး အချစ်ကို ရှာတွေ့ခဲ့တာဒီကောင်လေးကြောင့်တဲ့လား။မြတ်နိုးတယ်ဒီကောင်လေးကို။မကြာခင် ကိုယ့်အပိုင်အဖြစ်သတ်မှတ်ပါရစေ ကောင်လေး။

ထိုနေ့က စပြီး ဝမ်ဧကရာဇ်က ကောင်လေးဘေးနားမှာအမြဲရှိနေတတ်သည်။ကောင်လေးကလဲ ဝမ်ဧကရာဇ်ကိုခင်ပါသည်။

ဒါပေမယ့် ကောင်လေးက ဝမ်ဧကရာဇ်မှန်းမသိချေ။ကုန်သည်သခင်လေးဝမ်ရိပေါ်အနေနဲ့သာသိသည်။ဧကရာဇ်ကလဲ ဖုံးကွယ်ထားသလို ကောင်လေးကလဲမမေးချေ။

ရက်တွေအလီလီပြောင်းလဲသွားတော့ ဝမ်ဧကရာဇ်နဲ့ကောင်လေးက ချစ်သူတွေအဖြစ်သို့ရောက်ရှိသွားသည်။

"ကျန့်ငယ် ကိုယ့်ကို ချစ်လား".

"အင်း ချစ်တယ် ဝမ်"

"ကိုယ်လဲ ကျန့်ငယ်ကိုချစ်တယ်"

သာယာဖြောင့်ဖြူးတဲ့သူတို့အချစ်ခရီးမှာ တစ်နေ့မုန်တိုင်းဝင်ရောက်လာသည်။

ထိုအရာကား ဝမ်ဧကရာဇ်က ကောင်လေးတစ်ကောင်ကိုချစ်ကြိုက်နေကြောင်း မယ်တော်ကြီးကသိသွားလေသည်။

သားဖြစ်သူရဲ့ချစ်ရသူက ကောင်လေးဖြစ်တဲ့အပြင် ကောင်လေးရဲ့အလှဟာလဲ ဘေးနိုင်ငံတွေမှာ မင်းသမီးတွေတောင်ကြားဝင်လို့မရတဲ့အထိ ကျော်ကြားလေသည်။

ဟိုနိုင်ငံကလဲ ကောင်လေးကိုလိုချင်သည်။ဒီနိုင်ငံကလဲ ကောင်လေးကိုလိုချင်သည်။ကြာလာတော့ ကောင်လေး​ကြောင့် ဧကရာဇ်တွေမသင့်မမြတ်ဖြစ်လာသည်။တိုင်းပြည်ရေးထက် ကောင်လေးကိုရရေးသာ စိတ်ဝင်စားသောကြောင့် အချင်းချင်းအပြိုင်အဆိုင်ဖြစ်လာသည်။

သိုပေမဲ့ အရမ်းတော့မလုပ်ရဲ။အကြောင်းကား ကောင်လေးကဝမ်ဧကရာဇ်နယ်မြေက လူဖြစ်သောကြောင့်ပင်။ဝမ်ဧကရာဇ်ဆိုတာ တော်ရုံတန်ရုံသွားထိလို့မှမရတာ။

You've reached the end of published parts.

⏰ Last updated: Sep 09, 2021 ⏰

Add this story to your Library to get notified about new parts!

စစ်ဧကရာဇ်ရဲ့မူပိုင်(စစ်ဧကရာဇ်ရဲ့မူပိုင်)Complete Where stories live. Discover now