12

7K 1.5K 170
                                    

[Unicode]

'ကျွမ်းကျင်ပညာရှင်'

137.

ဒီလိုနည်းနှင့်ပဲ ငရဲလောက၏ သရဲတစ်ဝက်ကျော် စိတ်အားတက်ကြွစွာ အားပေးအားမြှောက်ပြုခြင်းဖြင့် ကျွန်တော် တစ်နှစ်မျှ ဝက်တွေကို တစေ့တစောင်း လိုက်ကြည့်ရင်းနှင့်သာ အချိန်ကုန်ရတော့သည်။ ဝက်သိုး၊ ဝက်မ၊ ဝဖောင်းဖောင်းဝက်၊ ပိန်လိန်နေသည့်ဝက်၊ ပန်းရောင်သန်းသည့်ဝက်၊ အကွက်အကွက်များနှင့်ဝက် ; ကျွန်တော် ဝက်မျိုးစုံကို မြင်ဖူးပြီး အတွေ့အကြုံလည်း အတော်လေး ရလာသည်။

ထို့နောက်မှာတော့ ကျွန်တော် ... ငရဲလောကမှာ ဝါရင့် တိရစ္ဆာန်ကျွမ်းကျင်ပညာရှင် ဖြစ်လာတော့သည်။

ဘွဲ့လက်မှတ်ရရှိထားသည့် သရဲမျိုးပေါ့။

138.

ငရဲပြည်လောကမှ လူတွေက ကျွန်တော့်အတွက် ရိုးရှင်းလှတဲ့ အလုပ်တစ်ခု စီစဉ်ပေးလာသည်။ နာမည်ကတော့ တိုတိုတုတ်တုတ်နှင့် ရိုင်းလှသည် — ဝက်ကျောင်းသမား။

ကျွန်တော်လည်း အတော်လေး ခေါင်းခဲသွားရသည်။

ကျွန်တော် သရဲငယ်လေးများကို ချစ်ချစ်ခင်ခင် ရှိနေပေးသည့် အဘိုးအိုလီကို လှမ်းကြည့်လိုက်သည်။ ခါးကုန်းကုန်းနှင့် ထိုအဘိုးအိုက ချိုင်းထောက်ကို အထောက်အကူပြု မှီရပ်နေရင်း ကျွန်တော့်အား ဒုက္ခပိစေသည့် ဝက်ကားများကို အာရုံစိုက် စောင့်ကြည့်နေပေးဖို့ကိုလည်း မမေ့။

ဒီလိုနှင့်ပဲ ကျွန်တော့်ဘဝက ဝက်ထိန်းကျောင်းသူတစ်ယောက်ဖြစ်လာခဲ့ပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေရင်းနှင့် အဘိုးအိုလီနှင့် 'မိုင်ပေါင်း ၃ထောင်ကျော်ကို တစ်ချက်ခုန်ရုံနှင့် ဘယ်လိုရောက်နိုင်မလဲ' ဆိုသည့် မအပ်မစပ် ခေါင်းစဉ်မျိူး ပြောဆိုဖြစ်နေတော့သည်။

... ဆူးယွီ သူ၏သက်တမ်းမကုန်လွန်ခင် မည်မျှကြာကြာနေရမလဲ ကျွန်တော် မသိ။ သူ မလာသေးခင်မှာပဲ တကမ္ဘာလုံးက ဝက်တွေကတော့ ကျွန်တော့်နာမည် သိနေလောက်မှာကိုတောင် ကျွန်တော် စိုးရိမ်နေမိပြီ။

Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]Where stories live. Discover now