(U+Z) Chapter (43-1) - ပထမဆုံး အနမ်း

16.6K 3K 95
                                    


Chapter (43-1) -  ပထမဆုံး အနမ်း


ဆောင်းရာသီအမဲလိုက်ရာတွင် ရှောင်ချင်းယန့် ဒဏ်ရာရသည့်အချိန်ကို ရွှီချန်အန်း ရုတ်တရက် သတိရလိုက်သည်။ သူ အခန်းထဲကို ဘယ်သူနဲ့မှမတွေ့ပေမယ့် အပြင်ဘက်က အစေခံမလေးက ဝမ်ရယ် အခန်းထဲရှိပါသည်ဟု ပြောခဲ့သည်။ သူ ရေချိုးပြီးနောက်မှာ ဝမ်ရယ်က ဘယ်ကရောက်လာသလဲဆိုတာ မသိခဲ့ပေ။ ထိုစဉ်က သူ မျက်စိမှားသည်ဟု ထင်ခဲ့ပေမယ့် ဒီအခန်းထဲမှာ တကယ်ပဲလျှို့ဝှက်တံခါးရှိနေပုံရသည်။

 "ရှောင်ချင်းယန့်..... ဝမ်ရယ်လား?"

သူ့နှလုံးသားထဲမှာ ဒီအခန်းထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိနေသလားဟု သူတွေးနေမိသောကြောင့် ရင်ထဲက ရှိသည့်အတိုင်း ဝမ်ရယ်နာမည်ကို အမှတ်တမဲ့ထုတ်ခေါ်လိုက်မိသည်။ သူ့ဘက်က ဒီလိုတုန့်ပြန်မှုကြောင့် ရှောင်ချင်းယန့်က အံ့သြသွားပုံရပြီး သူ့ကိုယ်ပေါ်ကို ဖိမိုးလာသလို လေးလံလာခဲ့သည်။
 
"ရှောင်ချင်းယန့်? ဒါ မင်းက ငါ့ကို သီးသန့်အချိန်မှာ ခေါ်တဲ့ အခေါ်ဝေါ်လား "

"ဝမ်ရယ်...ဝမ်ရယ်က ဘာလို့ ဒီကိုရောက်နေတာလဲ"

ဒီမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိလို့ ရွှီချန်အန်းက ရှောင်ချင်းယန့်ကို သိလိုတာပဲမေးလိုက်သည်။   သူ၏အတွေးများ မှန်ကန်မှုရှိ၊ မရှိနှင့် ရှောင်ချင်းယန့်က သူ့ကို ပြောပြမလား ဆိုတာကို သူ သိချင်သည်။

"ဒီနေ့ငါ မင်းကို ပါဝင်ခွင့်ပြုလိုက်မယ်"

ရွှီချန်အန်းသည် စကားခေါင်းစဉ်ပြောင်းလိုက်ပုံကို သိပေမယ့် ရှောင်ချင်းယန့်လည်း စကားအကြောင်းရာပြောင်းလိုက်သည်။
 
ယနေ့ ဖြစ်ပျက်ခဲ့သမျှတွေက ရှောင်ချင်းယန့် သေသေချာချာ စဉ်းစားကာ လုပ်ခဲ့ပုံရသည်။  ဒါဟာ မတော်တဆမှု တစ်ခု လုံးဝမဖြစ်နိုင်ပါဘူး။ ဝမ်အိမ်တော်ကိုအစောင့်အရှောက်အပြည့်နဲ့ စောင့်စေသည့်ကြားက ဒီလူက ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ။ ဝမ်ဖေး ရဲ့ ပင်မခြံဝင်းကို အဲ့ဒီလုပ်ကြံသူက ဘယ်လိုလုပ် တည့်တည့်ကြီး ရှာတွေ့ခဲ့တာလဲ။ ဒါ့အပြင် နန်ရှီးက  ဒီအိမ်တော်ထဲကိုရောက်နေတာ ရက်ပေါင်းများစွာ ကြာလာသည့်တိုင် သူ့ဆီကို လာပြီး ဂါရဝပြုဖို့  ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး၊ ဒါဆို သူမ ဒီနေ့ဘာကြောင့် ရောက်လာတာလဲ။ ရှောင်ချင်းယန့်သည် လူသတ်သမား နှင့် ပတ်သက်၍ သံသယ အချို့ရှိသော်လည်း စုံစမ်းရန် မသင့်တော်သောနေရာ အချို့ရှိနေသေးပုံရသည်။ နန်ရှီသည် တုန်းရွှယ်အကြောင်း သူ့ကို မမေးမချင်း၊ ယနေ့ လူသတ်သမားက ဘာ့ကြောင့် ဒီလိုလုပ်ခဲ့တယ်ဆိုတာကို ရှောင်ချင်းယန့် ကောင်းကောင်း နားလည်သွားသည်။

ထိုနေ့ သူ၏အပြုအမူကြောင့် နန်ရှီး ၏နှလုံးသားထဲတွင် သူ့အား သံသယအချို့ ရှိခဲ့နေခဲ့တာ ပျောက်ကွယ်သွားပုံရသည်။ ဒီရက်ပိုင်း သူက နန်ရှီးအပေါ် ကောင်းပေးနေတာက သူ သရုပ်ဆောင်ခဲ့သည်ကို သူမက သံသယဝင်ခဲ့ပုံရသည်။  

"ဝမ်ရယ်...အဟွတ်..အဟွတ်...... "

ရှောင်ချင်းယန့်က သူ့ကိုယ်ပေါ် ဖိနေသည်ကို သူက မတွန်းထုတ်ဝံ့လို့ ဖယ်ပေးရန် နူတ်မှ ဖွင့်ပြောမည်အပြု သူ့ရင်ဘတ်က အောင့်ပြီး နာကျင်မှုကို ခံစားလိုက်ရသည်။

 ရွှီချန်အန်း၏ချောင်းဆိုးသံကိုကြားရသောအခါ ရှောင်ချင်းယန့်က ရွှီချန်အန်းကိုယ်ပေါ် သူ့ကိုယ်အလေးချိန် ပေါ့ပါးစေရန် မတ်တပ်ရပ်လိုက်သည်။

တုန်းရွှယ်က အိပ်မပျော်သေးပေ။ သူမက ရွှီချန်အန်း၏ချောင်းဆိုးသံကို ကြားသောအခါ သူမ ချက်ချင်းထလိုက်ကာ အိပ်ခန်းမကြီး၏ တံခါးအပြင်ဘက်တွင်ရပ်ပြီး သူမ၏  သခင်လေးအား ရေသောက်ချင်သလားဟု လှမ်းမေးလိုက်သည်။

တုန်းရွှယ်၏ ရုတ်တရက်ပေါ်ထွက်လာသော အသံကြောင့် ရှောင်ချင်းယန့်က ထိတ်လန့်သွားပြီး  ရွှီချန်အန်း၏ ပါးစပ်ကို မသိစိတ်ဖြင့် လက်ဖြင့် အုပ်လိုက်ကာ ဖုံးကွယ်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"သူတို့ကို ငါ့ ဒီမှာရှိတာ မသိပါစေနဲ့...  "  

"တုန်းရွှယ်....မင်း စိတ်ချလက်ချအိပ်လို့ရတယ်...  ငါ လိုအပ်ရင် မင်းကို လှမ်းခေါ်လိုက်မယ်။ "

"သခင်လေး... အများကြီးမတွေးပါနဲ့....စောစောအနားယူပါ"

ရွှီချန်အန်းသည် တုန်းရွှယ် ၏နှစ်သိမ့်စေသောစကားများကြောင့် ရှက်ရွံ့သွားပြီး မင်တက်သွားသည်။  ကြားလိုက်ရတဲ့ စကားတွေပေါ် ရှောင်ချင်းယန့်က ဘာတွေတွေးနေမှန်း သူ မသိဘူး။

"အများကြီး တွေးပြီး စိတ်ရှုပ်မနေပါနဲ့၊ ဒီနေ့မှာဖြစ်ပျက်တာတွေ ဖြစ်လာမယ်လို့လည်း ငါ မမျှော်လင့်ခဲ့ဘူး၊ ဒါပေမယ့် မင်း အဆင်ပြေမယ်လို့ ငါ ထင်တယ်"

 ဒီနေ့ လူသတ်သမားက အိမ်တော်ထဲကို ၀ င်လာတာကိုကြားလိုက်တဲ့အခါ သူ့စိတ်ထဲမှည မကောင်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ သူက ရွှီချန်အန်းက လူသတ်သမားဘေးမှာ ဘာမှ မဖြစ်ပဲ မတ်တပ်ရပ်နေတာကိုတွေ့လိုက်တဲ့အခါ  သူ နည်းနည်း စိတ်သက်သာရာရသွားပေမယ့် သူ့နှလုံးသားက ခုထိ တည်ငြိမ်မှု မရှိသေးပါဘူး။  ထို့နောက်သူက ရွှီချန်အန်းကို လူသတ်သမားက ဆွဲခေါ်သွားသည်ကို သူ့မျက်လုံးများဖြင့် မျက်ဝါးထင်ထင် မြင်လိုက်ရပေမယ့် သူက နန်ရှီးကို ဖေးမကာ ကျောခိုင်းထွက်လာခဲ့ရသည်။ ထိုအချိန်တွင် သူ့စိတ်ထဲမှာ သူ့ဘေးက နန်ရှီးကို သေအောင် ရိုက်သတ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့သည်။ ရွှီချန်အန်းကို စိတ်ပူပေမယ့် သူ ဘာမှ မလုပ်ပေးနိုင်ပဲ ဆက်လက် သရုပ်ဆောင်နေခဲ့ရသည်။
ဒါပေမယ့် သူ့စိတ်ထဲမှာ ရွှီချန်အန်းအတွက် စိုးရိမ်နေသည့်စိတ်တွေ ပေါ်သွားမည်စိုးသောကြောင့် နန်ရှီးဘေးမှာ သူ ကြာကြာ မနေရဲခဲ့ပေ။ မဟုတ်ရင် သူ စီစဉ်ထားခဲ့သမျှ အကုန်ပျက်စီးသွားပြီး ငွေအများကြီးဆုံးရှုံးသွားရလိမ့်မည်။
 

"ဝမ်ရယ် ... "
ဘာဖြစ်နေတာလဲ။ ရှောင်ချင်းယန့်က သူ့နားကို ရုတ်တရက်ချဉ်းကပ်လာမှုကြောင့် ရွှီချန်အန်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူတို့သည်ရက်ပေါင်းများစွာ အတူတကွအိပ်ခဲ့ကြသော်လည်း ခုလိုမျိုး အသားချင်း ထိကပ်သည်အထိ သူတို့ကြားမှာ တစ်ခါမှ ရင်းနှီးခဲ့ဖူးခြင်း မရှိပေ။

ရှောင်ချင်းယန့် ၏တကိုယ်လုံးက သူ့ကို ပူးကပ်နေပြီး သူ့ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားကာ ပူနွေးသည့် အသက်ရှုသံတွေက သူ့နားရွက်နားမှာ ရိုက်ခတ်နေသည်။

 "အနာဂတ်မှာ ... ဒီလိုအဖြစ်ပျက်တွေ ထပ်မရှိစေရဘူး"

ဒီနေ့လိုအန္တရာယ်များတဲ့အရာတွေကို ငါ သူ့နားကို လုံးဝ ကပ်လာခွင့်ပေးမှာ မဟုတ်ဘူး။

ရှောင်ချင်းယန့် ၏ရှေ့တွင် ရွှီချန်အန်းသည် အမြဲတမ်း နာခံမှုရှိသော်လည်း ရွှီချန်အန်းသည်သူ့အတွက် ဒီနေ့ကဲ့သို့သော အန္တရာယ်ရှိသော အရာများကိုလုပ်ပေးဖို့ ဆန္ဒရှိကြောင်း ရှောင်ချင်းယန့်က သတိမပြုမိခဲ့ပေ။ ယနေ့လူသတ်သမားသည် အလဲအလှယ် လုပ်ချင်သော ဓားစာခံ၏ တောင်းဆိုမှုကြောင့် ရှောင်ချင်းယန့်က ရွှီချန်အန်း၏စိတ်ထားကို ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။

ရွှီချန်အန်းသည်အမြဲတစေ ရှောင်ချင်းယန့်နှင့် ဝေးကွာနေပြီး ခပ်လျှိုလျှိုနေခဲ့ပေမယ့် ဒီနေ့ လူသတ်သမားက လိုချင်တဲ့လူက ဝမ်ရယ်ဆိုတာ သိလိုက်ရချိန်မှာ သူ ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။ ဒါကြောင့် သူကိုယ်တိုင် ဓါးဆာခံအနေနဲ့ လိုက်သွားခဲ့တာဖြစ်သည်။  

ရွှီချန်အန်းက သူ့အပေါ် အခြား စိတ်ခံစားချက်များရှိနေသလား...

ရှောင်ချင်းယန့်က သူ့စိတ်ထဲက တွေးမိသည်ကို တိုက်ရိုက်ထုတ်မမေး၊ ထုတ်မပြပေမယ့် ရွှီချန်အန်းကို တင်းတင်းဖက်ရင်း ကျေနပ်နေမိသည်။ အနည်းဆုံးတော့ သူ စိတ်ကူးထားတဲ့အရာက စိတ်ကူးယဉ် သက်သက်မဟုတ်တော့ပေ။
 
ရွှီချန်အန်းက သူများတွေအမြင်မှာ သခင်တစ်ယောက်ဖြစ်ပေမယ့် တကယ်တော့ ဝမ်ရယ်ရဲ့လျစ်လျူရှုခြင်းကို ခံနေခဲ့ရသည်။ ရှောင်ချင်းယန့်က သူ့လုပ်ရပ်တွေကို စိတ်ဆိုးဒေါသထွက်ခဲ့မယ်ဆိုရင်တောင် ရွှီချန်အန်းက အံ့သြ ထိတ်လန့်မည် မဟုတ်ပေ။ ဒါပေမယ့် အခု ရှောင်ချင်းယန့်က သူ့ကို ဖက်ထားပြီး သူ ကြီးကြီးမားမား ဆုံးရှုံးမှုကြုံခဲ့ရသူလို ဆက်ဆံနေလို့ ရွှီချန်အန်း တကယ်ကြီးကို လန့်လာမိသည်။

  "ဝမ်ရယ်....?"

 သူက ရှောင်ချင်းယန့်၏ လက်ကိုဆုပ်ကိုင်ထားပြီး ထိုလူကို အနည်းငယ်တွန်းဖယ်လိုက်သည်။ ရှောင်ချင်းယန့်က အမှောင်ထဲမှာ ရွှီချန်အန်း၏မျက်နှာပေါ်ရှိ အမူအရာကိုမမြင်ရပေ။ ဒါပေမယ့် ရွှီချန်အန်းက သူ့အပြုမူကို သံသယတွေပြည့်နေပြီဆိုတာ သတိထားလိုက်မိသည်။



နောက်ဆုံး သူကလှည့်လာပြီး သူ့ဘေးမှာ လှဲချလိုက်ပေမယ့် ရှောင်ချင်းယန့် ရဲ့လက်က ရွှီချန်အန်းရဲ့လည်ပင်းမှာ သိုင်းဖက်လျက် ရှိနေသေးသည်။ သူ့လက်ဖဝါးကို အနည်းငယ်ဖယ်လိုက်ပြီး လက်ဝါးတစ်ခုလုံးကို ရွှီချန်အန်းရဲ့မျက်နှာနားမှာ ဖိကပ်လိုက်သည်။ သူ့လက်ဖဝါးသည် ရွှီချန်အန်း၏ ပါးပြင်တစ်ခုလုံးကို ဖိအုပ်ကိုင်ကာ ရှောင်ချင်းယန့်က ရွှီချန်အန်း၏ နူတ်ခမ်းလေးကို ညင်သာစွာနမ်းလိုက်သည်၊

ဒီနူတ်ခမ်းလေးတွေက ဘယ်လို အရသာများလဲ.... ဒါကို သေချာသိဖို့ ရှောင်ချင်းယန့် က ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရွှီချန်အန်းသည် ရှောင်ချင်းယန့်၏လုပ်ရပ်ကြောင့် ကြက်သေသေသွားပြီး နောက်ဆုံး ထုတ်မေးမည်အပြု ရှောင်ချင်းယန့်က သူ့ကို အုပ်မိုးကာ တင်းတင်းဖက်ထားပြန်သည်။

"... "

ရှောင်ချင်းယန့်...ရှောင်ချင်းယန့်က သူ့ကို တကယ်နမ်း နေတာလား။ ကုတင်ဘေးက ကန့်လန့်ကာကိုချထားပြီး မှောင်နေသည့် အိပ်ခန်းထဲက အိပ်ယာပေါ်မှာ ရှောင်ချင်းယန့်က တကယ်ကြီး သူ့ကို နမ်းလိုက်တာလား....

ရွှီချန်အန်းက  သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး ရှောင်ချင်းယန့် ၏ခန္ဓာကိုယ်ကို လက်နှစ်ဘက်ကိုတင်းကျပ်စွာ ဖက်ထားလိုက်မိသည်။ ခက်ခက်ခဲခဲနှင့် သူ သတိပြန်ဝင်လာချိန်မှာ သူ့ခန္ဓာကိုယ်ပေါ်ကလူက နမ်းနေတာ ရပ်တန့်မသွားဘူးလို့ ခံစားလိုက်ရသည်။  နောက်ဆုံးတော့ ရွှီချန်အန်းက မတတ်နိုင်ပဲ ရှောင်ချင်းယန့်ကို    သူ့လက်တွေနှင့် အတင်းတွန်းလိုက်ပေမယ့် ရှောင်ချင်းယန့်ကို အနည်းငယ်သာ တွန်းထုတ်လိုက်နိုူ်င်သည်။

 "ဝမ်ရယ်.....? ကျွန်တော်က ရွှီချန်အန်းပါ.. ကျွန်တော်... မဟုတ်  "

"ငါ သိတယ်။"

"ဝမ်ရယ် သိသလား?" ဒါဆို ဝမ်ရယ်က ကျွန်တော့်ကို ဘာကြောင့ ်ဒီလိုလုပ်တာလဲ ....

ရွှီချန်အန်း  တကယ်မသိတော့ဘူး၊ သူတို့ လက်ထပ်ပြီးတာကြာပြီဖြစ်ပေမယ့်  ဒီကုတင်ပေါ်မှာအကြိမ်ပေါင်းများစွာ အတူတကွ လဲလျောင်းကာ အိပ်ခဲ့ဖူးပေမယ့် ရှောင်ချင်းယန့်က ရိုးရိုးသားသားပဲ အိပ်ပျော်သွားခဲ့တယ်၊ အဲဒီ့လို အိပ်တဲ့အချိန်မှာ သူတို့အကြား ဘာမှ မဖြစ်ခဲ့ဘူး။ အချိန်တော်တော်ကြာထိတောင် ရှောင်ချင်းယန့်က သူ့ကိုတစ်ချက်လောက်သာ ကြည့်ခဲ့သည်။

 

ပြီးတော့ ...ရှောင်ချင်းယန့်က သူ့ကို ဒီလို ဆက်ဆံဖို့ မလိုပါဘူး။ အစကတည်းက  သူတို့ကိုက သာမန် လက်ထပ်ထားတဲ့ စုံတွဲလိုဖြစ်လိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပါဘူး။  

"ဟမ်....ငါ သိပါတယ်။ ဒီနေ့ကြုံခဲ့တာကြောင့် မင်း ထိတ်လန့်နေလောက်ပြီ။  အိပ်ရအောင်"

"....??" ထိတ်လန့်နေတာလား? သူ တကယ်ကိုထိတ်လန့်သွားတယ်! ဒါပေမယ့် နေ့ခင်းကလောက် မလန့်တော့ပေ။
 
ရွှီချန်အန်းက ရှောင်ချင်းယန့် မပြောမဆိုနှင့် ရောက်လာသည့်အပြင် မထင်မှတ်ထားသည့် အနမ်းကြောင့် ဒီညတော့ အိပ်ချင်စိတ်ပျောက်သွားတော့သည်။   သူ့ကို အိပ်ပျော်အောင် လုပ်နိုင်ဦးမှာလား။

ရှောင်ချင်းယန့်က သူ့ကို ဘာမှ ရှင်းပြစရာ မရှိတော့ဘူးလား။

 "ဝမ်ရယ်...ဝမ်ရယ် အိပ်ပျော်သွားပြီလား"

ရွှီချန်အန်းသည် သူ့ စိတ်ထဲတွင်မေးခွန်းများစွာ ရှိနေသေးသည်။ သူက အဲ့ဒါတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးချင်သည်။

မင်း အသက်ရှင် ချင်တယ်ဆိုရင် မင်း အလိုက်အထိုက် နေတတ်ရမည်။
 
"ဘာ ဖြစ်လို့လဲ?"

ရှောင်ချင်းယန့် အိပ်ပျော်နေတာ မဟုတ်ဘူးဆိုတာသိတာနဲ့ ရွှီချန်အန်း ပြောလိုက်သည်။ ရှောင်ချင်းယန့်က သူမေးချင်တာကို သိနေတာ သေချာတယ်။

"ဝမ်ရယ်.... ကျွန်တော် ဒီနေ့လုပ်တာက ဝမ်ရယ်ကို အထောက်အကူဖြစ်ခဲ့ရဲ့လား..."

"ဟမ်၊ မင်း ငါ့ကို အများကြီး အထောက်ကူပေးခဲ့တာပေါ့..."

"ဒါဆိုရင် ဝမ်ရယ်...ကျွန်တော့်ကို ကတိ တစ်ခု ပေးနိုင်မလား "

ရွှီချန်အန်းက မလှုပ်ဘဲ သူ့မျက်နှာကို ရှောင်ချင်းယန့်ဘက်လှည့်လိုက်သည်။ ရှောင်ချင်းယန့်က အမှောင်ထဲမှာ သူ့မျက်နှာ အမူယာကိုမမြင်နိုင်မှန်းသိနေသည်။   အမှောင်ထဲမှာ ရွှီချန်အန်းက သူ့မျက်နှာပေါ်က မျှော်လင့်ချက်ကို မဖုံးကွယ်နိုင်ခဲ့ပေ။

ရွှီချန်အန်းက သူ့ဆီက ကတိ တစ်ခု တောင်းချင်လိမ့်မယ်လို့မမျှော်လင့်ခဲ့လို့ ရှောင်ချင်းယန့်က အနည်းငယ်အံ့သြသွားပြီး ရွှီချန်အန်းက ဘာကိုလိုချင်တာလဲဆိုတာ အတိအကျ သိလိုက်သလို ခံစားလိုက်ရသည်။
 

****-****

























Chapter (43-1) -  ပထမဆုံး အနမ္း


ေဆာင္းရာသီအမဲလိုက္ရာတြင္ ေရွာင္ခ်င္းယန႔္ ဒဏ္ရာရသည့္အခ်ိန္ကို ႐ႊီခ်န္အန္း ႐ုတ္တရက္ သတိရလိုက္သည္။ သူ အခန္းထဲကို ဘယ္သူနဲ႔မွမေတြ႕ေပမယ့္ အျပင္ဘက္က အေစခံမေလးက ဝမ္ရယ္ အခန္းထဲရွိပါသည္ဟု ေျပာခဲ့သည္။ သူ ေရခ်ိဳးၿပီးေနာက္မွာ ဝမ္ရယ္က ဘယ္ကေရာက္လာသလဲဆိုတာ မသိခဲ့ေပ။ ထိုစဥ္က သူ မ်က္စိမွားသည္ဟု ထင္ခဲ့ေပမယ့္ ဒီအခန္းထဲမွာ တကယ္ပဲလွ်ိဳ႕ဝွက္တံခါးရွိေနပုံရသည္။

 "ေရွာင္ခ်င္းယန႔္..... ဝမ္ရယ္လား?"

သူ႔ႏွလုံးသားထဲမွာ ဒီအခန္းထဲမွာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုရွိေနသလားဟု သူေတြးေနမိေသာေၾကာင့္ ရင္ထဲက ရွိသည့္အတိုင္း ဝမ္ရယ္နာမည္ကို အမွတ္တမဲ့ထုတ္ေခၚလိုက္မိသည္။ သူ႔ဘက္က ဒီလိုတုန႔္ျပန္မႈေၾကာင့္ ေရွာင္ခ်င္းယန႔္က အံ့ၾသသြားပုံရၿပီး သူ႔ကိုယ္ေပၚကို ဖိမိုးလာသလို ေလးလံလာခဲ့သည္။
 
"ေရွာင္ခ်င္းယန႔္? ဒါ မင္းက ငါ့ကို သီးသန႔္အခ်ိန္မွာ ေခၚတဲ့ အေခၚေဝၚလား "

"ဝမ္ရယ္...ဝမ္ရယ္က ဘာလို႔ ဒီကိုေရာက္ေနတာလဲ"

ဒီေမးခြန္းကို ဘယ္လိုေျဖရမွန္းမသိလို႔ ႐ႊီခ်န္အန္းက ေရွာင္ခ်င္းယန႔္ကို သိလိုတာပဲေမးလိုက္သည္။   သူ၏အေတြးမ်ား မွန္ကန္မႈရွိ၊ မရွိႏွင့္ ေရွာင္ခ်င္းယန႔္က သူ႔ကို ေျပာျပမလား ဆိုတာကို သူ သိခ်င္သည္။

"ဒီေန႔ငါ မင္းကို ပါဝင္ခြင့္ျပဳလိုက္မယ္"

႐ႊီခ်န္အန္းသည္ စကားေခါင္းစဥ္ေျပာင္းလိုက္ပုံကို သိေပမယ့္ ေရွာင္ခ်င္းယန႔္လည္း စကားအေၾကာင္းရာေျပာင္းလိုက္သည္။
 
ယေန႔ ျဖစ္ပ်က္ခဲ့သမွ်ေတြက ေရွာင္ခ်င္းယန႔္ ေသေသခ်ာခ်ာ စဥ္းစားကာ လုပ္ခဲ့ပုံရသည္။  ဒါဟာ မေတာ္တဆမႈ တစ္ခု လုံးဝမျဖစ္ႏိုင္ပါဘူး။ ဝမ္အိမ္ေတာ္ကိုအေစာင့္အေရွာက္အျပည့္နဲ႔ ေစာင့္ေစသည့္ၾကားက ဒီလူက ဘယ္လိုလုပ္ၿပီး ဝင္လာတာလဲ။ ဝမ္ေဖး ရဲ႕ ပင္မၿခံဝင္းကို အဲ့ဒီလုပ္ႀကံသူက ဘယ္လိုလုပ္ တည့္တည့္ႀကီး ရွာေတြ႕ခဲ့တာလဲ။ ဒါ့အျပင္ နန္ရွီးက  ဒီအိမ္ေတာ္ထဲကိုေရာက္ေနတာ ရက္ေပါင္းမ်ားစြာ ၾကာလာသည့္တိုင္ သူ႔ဆီကို လာၿပီး ဂါရဝျပဳဖို႔  ဘယ္တုန္းကမွ မစဥ္းစားခဲ့ဘူး၊ ဒါဆို သူမ ဒီေန႔ဘာေၾကာင့္ ေရာက္လာတာလဲ။ ေရွာင္ခ်င္းယန႔္သည္ လူသတ္သမား ႏွင့္ ပတ္သက္၍ သံသယ အခ်ိဳ႕ရွိေသာ္လည္း စုံစမ္းရန္ မသင့္ေတာ္ေသာေနရာ အခ်ိဳ႕ရွိေနေသးပုံရသည္။ နန္ရွီသည္ တုန္း႐ႊယ္အေၾကာင္း သူ႔ကို မေမးမခ်င္း၊ ယေန႔ လူသတ္သမားက ဘာ့ေၾကာင့္ ဒီလိုလုပ္ခဲ့တယ္ဆိုတာကို ေရွာင္ခ်င္းယန႔္ ေကာင္းေကာင္း နားလည္သြားသည္။

ထိုေန႔ သူ၏အျပဳအမူေၾကာင့္ နန္ရွီး ၏ႏွလုံးသားထဲတြင္ သူ႔အား သံသယအခ်ိဳ႕ ရွိခဲ့ေနခဲ့တာ ေပ်ာက္ကြယ္သြားပုံရသည္။ ဒီရက္ပိုင္း သူက နန္ရွီးအေပၚ ေကာင္းေပးေနတာက သူ သ႐ုပ္ေဆာင္ခဲ့သည္ကို သူမက သံသယဝင္ခဲ့ပုံရသည္။  

"ဝမ္ရယ္...အဟြတ္..အဟြတ္...... "

ေရွာင္ခ်င္းယန႔္က သူ႔ကိုယ္ေပၚ ဖိေနသည္ကို သူက မတြန္းထုတ္ဝံ့လို႔ ဖယ္ေပးရန္ ႏူတ္မွ ဖြင့္ေျပာမည္အျပဳ သူ႔ရင္ဘတ္က ေအာင့္ၿပီး နာက်င္မႈကို ခံစားလိုက္ရသည္။

 ႐ႊီခ်န္အန္း၏ေခ်ာင္းဆိုးသံကိုၾကားရေသာအခါ ေရွာင္ခ်င္းယန႔္က ႐ႊီခ်န္အန္းကိုယ္ေပၚ သူ႔ကိုယ္အေလးခ်ိန္ ေပါ့ပါးေစရန္ မတ္တပ္ရပ္လိုက္သည္။

တုန္း႐ႊယ္က အိပ္မေပ်ာ္ေသးေပ။ သူမက ႐ႊီခ်န္အန္း၏ေခ်ာင္းဆိုးသံကို ၾကားေသာအခါ သူမ ခ်က္ခ်င္းထလိုက္ကာ အိပ္ခန္းမႀကီး၏ တံခါးအျပင္ဘက္တြင္ရပ္ၿပီး သူမ၏  သခင္ေလးအား ေရေသာက္ခ်င္သလားဟု လွမ္းေမးလိုက္သည္။

တုန္း႐ႊယ္၏ ႐ုတ္တရက္ေပၚထြက္လာေသာ အသံေၾကာင့္ ေရွာင္ခ်င္းယန႔္က ထိတ္လန႔္သြားၿပီး  ႐ႊီခ်န္အန္း၏ ပါးစပ္ကို မသိစိတ္ျဖင့္ လက္ျဖင့္ အုပ္လိုက္ကာ ဖုံးကြယ္လိုက္ၿပီး တီးတိုးေျပာလိုက္သည္။
"သူတို႔ကို ငါ့ ဒီမွာရွိတာ မသိပါေစနဲ႔...  "  

"တုန္း႐ႊယ္....မင္း စိတ္ခ်လက္ခ်အိပ္လို႔ရတယ္...  ငါ လိုအပ္ရင္ မင္းကို လွမ္းေခၚလိုက္မယ္။ "

"သခင္ေလး... အမ်ားႀကီးမေတြးပါနဲ႔....ေစာေစာအနားယူပါ"

႐ႊီခ်န္အန္းသည္ တုန္း႐ႊယ္ ၏ႏွစ္သိမ့္ေစေသာစကားမ်ားေၾကာင့္ ရွက္႐ြံ႕သြားၿပီး မင္တက္သြားသည္။  ၾကားလိုက္ရတဲ့ စကားေတြေပၚ ေရွာင္ခ်င္းယန႔္က ဘာေတြေတြးေနမွန္း သူ မသိဘူး။

"အမ်ားႀကီး ေတြးၿပီး စိတ္ရႈပ္မေနပါနဲ႔၊ ဒီေန႔မွာျဖစ္ပ်က္တာေတြ ျဖစ္လာမယ္လို႔လည္း ငါ မေမွ်ာ္လင့္ခဲ့ဘူး၊ ဒါေပမယ့္ မင္း အဆင္ေျပမယ္လို႔ ငါ ထင္တယ္"

 ဒီေန႔ လူသတ္သမားက အိမ္ေတာ္ထဲကို ၀ င္လာတာကိုၾကားလိုက္တဲ့အခါ သူ႔စိတ္ထဲမွည မေကာင္းတဲ့ခံစားခ်က္တစ္ခု ခံစားလိုက္ရသည္။ သူက ႐ႊီခ်န္အန္းက လူသတ္သမားေဘးမွာ ဘာမွ မျဖစ္ပဲ မတ္တပ္ရပ္ေနတာကိုေတြ႕လိုက္တဲ့အခါ  သူ နည္းနည္း စိတ္သက္သာရာရသြားေပမယ့္ သူ႔ႏွလုံးသားက ခုထိ တည္ၿငိမ္မႈ မရွိေသးပါဘူး။  ထို႔ေနာက္သူက ႐ႊီခ်န္အန္းကို လူသတ္သမားက ဆြဲေခၚသြားသည္ကို သူ႔မ်က္လုံးမ်ားျဖင့္ မ်က္ဝါးထင္ထင္ ျမင္လိုက္ရေပမယ့္ သူက နန္ရွီးကို ေဖးမကာ ေက်ာခိုင္းထြက္လာခဲ့ရသည္။ ထိုအခ်ိန္တြင္ သူ႔စိတ္ထဲမွာ သူ႔ေဘးက နန္ရွီးကို ေသေအာင္ ႐ိုက္သတ္ပစ္ခ်င္စိတ္ေတြ တဖြားဖြားေပၚလာခဲ့သည္။ ႐ႊီခ်န္အန္းကို စိတ္ပူေပမယ့္ သူ ဘာမွ မလုပ္ေပးႏိုင္ပဲ ဆက္လက္ သ႐ုပ္ေဆာင္ေနခဲ့ရသည္။
ဒါေပမယ့္ သူ႔စိတ္ထဲမွာ ႐ႊီခ်န္အန္းအတြက္ စိုးရိမ္ေနသည့္စိတ္ေတြ ေပၚသြားမည္စိုးေသာေၾကာင့္ နန္ရွီးေဘးမွာ သူ ၾကာၾကာ မေနရဲခဲ့ေပ။ မဟုတ္ရင္ သူ စီစဥ္ထားခဲ့သမွ် အကုန္ပ်က္စီးသြားၿပီး ေငြအမ်ားႀကီးဆုံးရႈံးသြားရလိမ့္မည္။
 

"ဝမ္ရယ္ ... "
ဘာျဖစ္ေနတာလဲ။ ေရွာင္ခ်င္းယန႔္က သူ႔နားကို ႐ုတ္တရက္ခ်ဥ္းကပ္လာမႈေၾကာင့္ ႐ႊီခ်န္အန္း၏ တစ္ကိုယ္လုံး ေတာင့္တင္းသြားသည္။ သူတို႔သည္ရက္ေပါင္းမ်ားစြာ အတူတကြအိပ္ခဲ့ၾကေသာ္လည္း ခုလိုမ်ိဳး အသားခ်င္း ထိကပ္သည္အထိ သူတို႔ၾကားမွာ တစ္ခါမွ ရင္းႏွီးခဲ့ဖူးျခင္း မရွိေပ။

ေရွာင္ခ်င္းယန႔္ ၏တကိုယ္လုံးက သူ႔ကို ပူးကပ္ေနၿပီး သူ႔ကို လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္ထားကာ ပူေႏြးသည့္ အသက္ရႈသံေတြက သူ႔နား႐ြက္နားမွာ ႐ိုက္ခတ္ေနသည္။

 "အနာဂတ္မွာ ... ဒီလိုအျဖစ္ပ်က္ေတြ ထပ္မရွိေစရဘူး"

ဒီေန႔လိုအႏၲရာယ္မ်ားတဲ့အရာေတြကို ငါ သူ႔နားကို လုံးဝ ကပ္လာခြင့္ေပးမွာ မဟုတ္ဘူး။

ေရွာင္ခ်င္းယန႔္ ၏ေရွ႕တြင္ ႐ႊီခ်န္အန္းသည္ အၿမဲတမ္း နာခံမႈရွိေသာ္လည္း ႐ႊီခ်န္အန္းသည္သူ႔အတြက္ ဒီေန႔ကဲ့သို႔ေသာ အႏၲရာယ္ရွိေသာ အရာမ်ားကိုလုပ္ေပးဖို႔ ဆႏၵရွိေၾကာင္း ေရွာင္ခ်င္းယန႔္က သတိမျပဳမိခဲ့ေပ။ ယေန႔လူသတ္သမားသည္ အလဲအလွယ္ လုပ္ခ်င္ေသာ ဓားစာခံ၏ ေတာင္းဆိုမႈေၾကာင့္ ေရွာင္ခ်င္းယန႔္က ႐ႊီခ်န္အန္း၏စိတ္ထားကို ရွင္းရွင္းလင္းလင္း သိသြားခဲ့သည္။

႐ႊီခ်န္အန္းသည္အၿမဲတေစ ေရွာင္ခ်င္းယန႔္ႏွင့္ ေဝးကြာေနၿပီး ခပ္လွ်ိဳလွ်ိဳေနခဲ့ေပမယ့္ ဒီေန႔ လူသတ္သမားက လိုခ်င္တဲ့လူက ဝမ္ရယ္ဆိုတာ သိလိုက္ရခ်ိန္မွာ သူ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ေပ။ ဒါေၾကာင့္ သူကိုယ္တိုင္ ဓါးဆာခံအေနနဲ႔ လိုက္သြားခဲ့တာျဖစ္သည္။  

႐ႊီခ်န္အန္းက သူ႔အေပၚ အျခား စိတ္ခံစားခ်က္မ်ားရွိေနသလား...

ေရွာင္ခ်င္းယန႔္က သူ႔စိတ္ထဲက ေတြးမိသည္ကို တိုက္႐ိုက္ထုတ္မေမး၊ ထုတ္မျပေပမယ့္ ႐ႊီခ်န္အန္းကို တင္းတင္းဖက္ရင္း ေက်နပ္ေနမိသည္။ အနည္းဆုံးေတာ့ သူ စိတ္ကူးထားတဲ့အရာက စိတ္ကူးယဥ္ သက္သက္မဟုတ္ေတာ့ေပ။
 
႐ႊီခ်န္အန္းက သူမ်ားေတြအျမင္မွာ သခင္တစ္ေယာက္ျဖစ္ေပမယ့္ တကယ္ေတာ့ ဝမ္ရယ္ရဲ႕လ်စ္လ်ဴရႈျခင္းကို ခံေနခဲ့ရသည္။ ေရွာင္ခ်င္းယန႔္က သူ႔လုပ္ရပ္ေတြကို စိတ္ဆိုးေဒါသထြက္ခဲ့မယ္ဆိုရင္ေတာင္ ႐ႊီခ်န္အန္းက အံ့ၾသ ထိတ္လန႔္မည္ မဟုတ္ေပ။ ဒါေပမယ့္ အခု ေရွာင္ခ်င္းယန႔္က သူ႔ကို ဖက္ထားၿပီး သူ ႀကီးႀကီးမားမား ဆုံးရႈံးမႈႀကဳံခဲ့ရသူလို ဆက္ဆံေနလို႔ ႐ႊီခ်န္အန္း တကယ္ႀကီးကို လန႔္လာမိသည္။

  "ဝမ္ရယ္....?"

 သူက ေရွာင္ခ်င္းယန႔္၏ လက္ကိုဆုပ္ကိုင္ထားၿပီး ထိုလူကို အနည္းငယ္တြန္းဖယ္လိုက္သည္။ ေရွာင္ခ်င္းယန႔္က အေမွာင္ထဲမွာ ႐ႊီခ်န္အန္း၏မ်က္ႏွာေပၚရွိ အမူအရာကိုမျမင္ရေပ။ ဒါေပမယ့္ ႐ႊီခ်န္အန္းက သူ႔အျပဳမူကို သံသယေတြျပည့္ေနၿပီဆိုတာ သတိထားလိုက္မိသည္။



ေနာက္ဆုံး သူကလွည့္လာၿပီး သူ႔ေဘးမွာ လွဲခ်လိုက္ေပမယ့္ ေရွာင္ခ်င္းယန႔္ ရဲ႕လက္က ႐ႊီခ်န္အန္းရဲ႕လည္ပင္းမွာ သိုင္းဖက္လ်က္ ရွိေနေသးသည္။ သူ႔လက္ဖဝါးကို အနည္းငယ္ဖယ္လိုက္ၿပီး လက္ဝါးတစ္ခုလုံးကို ႐ႊီခ်န္အန္းရဲ႕မ်က္ႏွာနားမွာ ဖိကပ္လိုက္သည္။ သူ႔လက္ဖဝါးသည္ ႐ႊီခ်န္အန္း၏ ပါးျပင္တစ္ခုလုံးကို ဖိအုပ္ကိုင္ကာ ေရွာင္ခ်င္းယန႔္က ႐ႊီခ်န္အန္း၏ ႏူတ္ခမ္းေလးကို ညင္သာစြာနမ္းလိုက္သည္၊

ဒီႏူတ္ခမ္းေလးေတြက ဘယ္လို အရသာမ်ားလဲ.... ဒါကို ေသခ်ာသိဖို႔ ေရွာင္ခ်င္းယန႔္ က ဒီလိုလုပ္ဖို႔ ဆုံးျဖတ္လိုက္သည္။ ႐ႊီခ်န္အန္းသည္ ေရွာင္ခ်င္းယန႔္၏လုပ္ရပ္ေၾကာင့္ ၾကက္ေသေသသြားၿပီး ေနာက္ဆုံး ထုတ္ေမးမည္အျပဳ ေရွာင္ခ်င္းယန႔္က သူ႔ကို အုပ္မိုးကာ တင္းတင္းဖက္ထားျပန္သည္။

"... "

ေရွာင္ခ်င္းယန႔္...ေရွာင္ခ်င္းယန႔္က သူ႔ကို တကယ္နမ္း ေနတာလား။ ကုတင္ေဘးက ကန႔္လန႔္ကာကိုခ်ထားၿပီး ေမွာင္ေနသည့္ အိပ္ခန္းထဲက အိပ္ယာေပၚမွာ ေရွာင္ခ်င္းယန႔္က တကယ္ႀကီး သူ႔ကို နမ္းလိုက္တာလား....

႐ႊီခ်န္အန္းက  သူ၏မ်က္လုံးမ်ားကိုဖြင့္လိုက္ၿပီး ေရွာင္ခ်င္းယန႔္ ၏ခႏၶာကိုယ္ကို လက္ႏွစ္ဘက္ကိုတင္းက်ပ္စြာ ဖက္ထားလိုက္မိသည္။ ခက္ခက္ခဲခဲႏွင့္ သူ သတိျပန္ဝင္လာခ်ိန္မွာ သူ႔ခႏၶာကိုယ္ေပၚကလူက နမ္းေနတာ ရပ္တန႔္မသြားဘူးလို႔ ခံစားလိုက္ရသည္။  ေနာက္ဆုံးေတာ့ ႐ႊီခ်န္အန္းက မတတ္ႏိုင္ပဲ ေရွာင္ခ်င္းယန႔္ကို    သူ႔လက္ေတြႏွင့္ အတင္းတြန္းလိုက္ေပမယ့္ ေရွာင္ခ်င္းယန႔္ကို အနည္းငယ္သာ တြန္းထုတ္လိုက္ႏိုူ္င္သည္။

 "ဝမ္ရယ္.....? ကြၽန္ေတာ္က ႐ႊီခ်န္အန္းပါ.. ကြၽန္ေတာ္... မဟုတ္  "

"ငါ သိတယ္။"

"ဝမ္ရယ္ သိသလား?" ဒါဆို ဝမ္ရယ္က ကြၽန္ေတာ့္ကို ဘာေၾကာင့ ္ဒီလိုလုပ္တာလဲ ....

႐ႊီခ်န္အန္း  တကယ္မသိေတာ့ဘူး၊ သူတို႔ လက္ထပ္ၿပီးတာၾကာၿပီျဖစ္ေပမယ့္  ဒီကုတင္ေပၚမွာအႀကိမ္ေပါင္းမ်ားစြာ အတူတကြ လဲေလ်ာင္းကာ အိပ္ခဲ့ဖူးေပမယ့္ ေရွာင္ခ်င္းယန႔္က ႐ိုး႐ိုးသားသားပဲ အိပ္ေပ်ာ္သြားခဲ့တယ္၊ အဲဒီ့လို အိပ္တဲ့အခ်ိန္မွာ သူတို႔အၾကား ဘာမွ မျဖစ္ခဲ့ဘူး။ အခ်ိန္ေတာ္ေတာ္ၾကာထိေတာင္ ေရွာင္ခ်င္းယန႔္က သူ႔ကိုတစ္ခ်က္ေလာက္သာ ၾကည့္ခဲ့သည္။

 

ၿပီးေတာ့ ...ေရွာင္ခ်င္းယန႔္က သူ႔ကို ဒီလို ဆက္ဆံဖို႔ မလိုပါဘူး။ အစကတည္းက  သူတို႔ကိုက သာမန္ လက္ထပ္ထားတဲ့ စုံတြဲလိုျဖစ္လိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ခဲ့ပါဘူး။  

"ဟမ္....ငါ သိပါတယ္။ ဒီေန႔ႀကဳံခဲ့တာေၾကာင့္ မင္း ထိတ္လန႔္ေနေလာက္ၿပီ။  အိပ္ရေအာင္"

"....??" ထိတ္လန႔္ေနတာလား? သူ တကယ္ကိုထိတ္လန႔္သြားတယ္! ဒါေပမယ့္ ေန႔ခင္းကေလာက္ မလန႔္ေတာ့ေပ။
 
႐ႊီခ်န္အန္းက ေရွာင္ခ်င္းယန႔္ မေျပာမဆိုႏွင့္ ေရာက္လာသည့္အျပင္ မထင္မွတ္ထားသည့္ အနမ္းေၾကာင့္ ဒီညေတာ့ အိပ္ခ်င္စိတ္ေပ်ာက္သြားေတာ့သည္။   သူ႔ကို အိပ္ေပ်ာ္ေအာင္ လုပ္ႏိုင္ဦးမွာလား။

ေရွာင္ခ်င္းယန႔္က သူ႔ကို ဘာမွ ရွင္းျပစရာ မရွိေတာ့ဘူးလား။

 "ဝမ္ရယ္...ဝမ္ရယ္ အိပ္ေပ်ာ္သြားၿပီလား"

႐ႊီခ်န္အန္းသည္ သူ႔ စိတ္ထဲတြင္ေမးခြန္းမ်ားစြာ ရွိေနေသးသည္။ သူက အဲ့ဒါေတြကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေမးခ်င္သည္။

မင္း အသက္ရွင္ ခ်င္တယ္ဆိုရင္ မင္း အလိုက္အထိုက္ ေနတတ္ရမည္။
 
"ဘာ ျဖစ္လို႔လဲ?"

ေရွာင္ခ်င္းယန႔္ အိပ္ေပ်ာ္ေနတာ မဟုတ္ဘူးဆိုတာသိတာနဲ႔ ႐ႊီခ်န္အန္း ေျပာလိုက္သည္။ ေရွာင္ခ်င္းယန႔္က သူေမးခ်င္တာကို သိေနတာ ေသခ်ာတယ္။

"ဝမ္ရယ္.... ကြၽန္ေတာ္ ဒီေန႔လုပ္တာက ဝမ္ရယ္ကို အေထာက္အကူျဖစ္ခဲ့ရဲ႕လား..."

"ဟမ္၊ မင္း ငါ့ကို အမ်ားႀကီး အေထာက္ကူေပးခဲ့တာေပါ့..."

"ဒါဆိုရင္ ဝမ္ရယ္...ကြၽန္ေတာ့္ကို ကတိ တစ္ခု ေပးႏိုင္မလား "

႐ႊီခ်န္အန္းက မလႈပ္ဘဲ သူ႔မ်က္ႏွာကို ေရွာင္ခ်င္းယန႔္ဘက္လွည့္လိုက္သည္။ ေရွာင္ခ်င္းယန႔္က အေမွာင္ထဲမွာ သူ႔မ်က္ႏွာ အမူယာကိုမျမင္ႏိုင္မွန္းသိေနသည္။   အေမွာင္ထဲမွာ ႐ႊီခ်န္အန္းက သူ႔မ်က္ႏွာေပၚက ေမွ်ာ္လင့္ခ်က္ကို မဖုံးကြယ္ႏိုင္ခဲ့ေပ။

႐ႊီခ်န္အန္းက သူ႔ဆီက ကတိ တစ္ခု ေတာင္းခ်င္လိမ့္မယ္လို႔မေမွ်ာ္လင့္ခဲ့လို႔ ေရွာင္ခ်င္းယန႔္က အနည္းငယ္အံ့ၾသသြားၿပီး ႐ႊီခ်န္အန္းက ဘာကိုလိုခ်င္တာလဲဆိုတာ အတိအက် သိလိုက္သလို ခံစားလိုက္ရသည္။
 

****-****

























တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now