Chapter (65-1)_ ကြင်နာသည့် လူဆီက ရသည့် လက်ဆောင်

13.8K 2.4K 21
                                    

Chapter (65-1)_ ကြင်နာသည့် လူဆီက ရသည့် လက်ဆောင်


ရွှီချန်အန်း သည်မနေ့ညက ရှောင်ချင်းယန့်ထံမှ မမျှော်လင့်သော ဝန်ခံမှုကို ကြားလိုက်ရသော ကြောင့်တစ်ညလုံးနီးပါး အိပ်မပျော်နိုင်ဖြစ်ခဲ့ပြီး ညအတော်နက်မှ အိပ်ပျော်သွားခဲ့သည်၊ ဒါကြောင့် မနက်နိုးလာသည့်အခါ ရှောင်ချင်းယန့် နိုးပြီး အတော်ကြာမှ  သူ နိုးလာသည်။ ရွှီချန်အန်နိုးလာပြီး သူ့ဘေးက အိပ်နေသည့်သူကို မမြင်ရသောအခါ လျင်မြန်စွာထက ကိုယ်လက်သန့်စင်ပြီး အဝတ်လဲလိုက်သည်။ ပြီးနောက် အဝတ်အောက်မှာ သူ လျှို့ဝှက်ကာ အမြဲ ကိုယ်နှင့်မကွာထားသည့် ကျောက်စိမ်းအဆင်တန်ဆာလေးကို အဝတ်ပေါ်တွင် ထင်ထင်ပေါ်ပေါ်ချိတ်လိုက်သည်။  
 


သူက ဒီကျောက်စိမ်းအဆင်တန်ဆာလေးအကြောင်းကို ရှောင်ချင်းယန့်ကန်ု တိုက်ရိုက်ရှင်းပြတာ ရှက်စရာကောင်းတယ်လို့ ခံစားမိနေသည်။ ဒါကိုပြောလိုက်ရင် ဟိုးအရင်ကတည်းက သူက ရှောင်ချင်းယန့်ကို  အမြဲသတိရနေတယ်ဆိုတဲ့ သဘောသက်ရောက်ပြီး ထိုသို့သိသွားမည်က ရှက်စရာကောင်းသည်ဟု ထင်သည်။ သူက ကျောက်စိမ်းအဆင်တန်ဆာကို ထင်ထင်ရှားရှား ခါးနေရာမှာ ချိတ်ထားလျှင် ရှောင်ချင်းယန့်က သူ့ဖာသာ တွေ့သွားနိုင်သည်။



 "သူက အဲဒီတုန်းက ဒီကျောက်စိမ်းအဆင်တန်ဆာကို ကိုယ်နဲ့မကွာဝတ်ဆင်ခဲ့တဲ့အရာဖြစ်လို့ ဒါက သူ အနှစ်သက်ဆုံး အရာဖြစ်နိုင်တယ်။ ဒါကို မြင်တာနဲ့ ဝမ်ရယ်က ချက်ချင်း မှတ်မိသွားနိုင်တယ်  "



 ရွှီချန်အန်က ဒီလိုတွေးပြီး သူ့အ ၀ တ်တွေကိုသေချာပြန်ဂရုစိုက်ပြီးနောက် အိပ်ခန်းထဲကနေ အပြင်ကို ထွက်လာခဲ့သည်။



 ရွှီချန်အန် တံခါးကို တွန်းထုတ်လိုက်သောအခါ ရှောင်ချငးယန့် ၏အသံကို သူ ကြားလိုက်ရသည်။ အပြင်ထွက်လာပြီး ရွှီချန်အန်က ထမင်းဟင်းပြင်ထားသည့် စားပွဲဝိုင်းသို့တိုက်ရိုက်လာခဲ့သည်။ အစေခံတွေက မနက်စာပြင်ဆင်ထားပြီးဖြစ်ပေမယ့် ရှောင်ချင်းယန့်က စားပွဲတွင် မထိုင်ပဲ မတ်တပ်ရပ်နေသည်။ ကြည့်ရတာ သူက ရွှီချန်အန်ကို လာနိုးဟန်ပြင်နေပုံရသည်။ သူ ဝင်မလာခင် မိမိက အခန်းထဲက ထွက်လာခဲ့တာဖြစ်နိုင်သည်။
 


" မင်း နိုးလာတာ အတော်ပဲ... မနက်စာမြန်မြန်စားရအောင်။ ငါတို့ခဏနေရင် အပြင်ထွက်ကြမယ်။ "



"ဘယ်ကို သွားမလို့လဲ?"



ရွှီချန်အန်က မေးရင်း စားပွဲတွင် ဝင်ထိုင်လိုက်သည်။ သူက ဖုန်းပြည်နယ်ကို ရောက်ကတည်းက မိုးသည်းထန်စွာ နေ့စဉ် ရက်ဆက် ရွာသွန်းနေလို့ ခြံဝင်းထဲမှာပဲ အောင်းနေပြီး ဘယ်ကိုမှ ထွက်မလည်ရသေးပေ။ အခုမနက်မိုးလင်းတော့ မိုးလည်း တိတ်သွားလေပြီ။  



" မြို့အရှေ့ဘက်မှာ အရမ်းနာမည်ကြီးတဲ့ ဘုရားကျောင်းရှိတယ်ဆိုတာ ငါ ကြားဖူးတယ်။ ဒီနေ့ အဲ့ဒီကို သွားရအောင်။ "



ရှောင်ချုင်းယန့်က သူပက အဘိုးအိုယန်ကို မျက်နှာသာ မပေးပဲ ခပ်တင်းတင်းပြောခဲ့ပြီးနောက် ဒီနေရာမှာ ထပ်မနေချင်တော့ပေ။ တစ်အိမ်တည်း၊ ခေါင်မိုးတစ်ခုတည်းမှာ အတူနေရသည့်အတွက် ဒီယန်အိမ်သားတွေက သူတို့ကို မကောင်းမကြံဘူးလို့ ပြောလို့မရပေ။
 


"ကောင်းပါပြီ။"



ရွှီချန်အန်က ဘယ်နေရာပဲဖြစ်ဖြစ်အပြင်ကို အရမ်းထွက်ချင်ခဲ့တယ်။ တိုတိုပြောရရင် သူလည်းပဲ ဒီမှာအမြဲနေချင်တာ မဟုတ်ဘူး။ ယခင်က ဒီမှာ နေချင်တယ်ဆိုပေမယ့် မနေ့က သူ့ အဖိုးရဲ့စိတ်သဘောထားကို ရှင်းလင်းစွာ သိပြီးနောက် လုံးဝ မနေချင်တော့ပေ။
 


သူတို့နှစ် ဦးစားသောပြီး ယန်အိမ်တော်က ထွက်ခွာလာစဉ် ဘယ်ကိုသွားမည်ကို တိတိကျကျမပြောခဲ့ပဲ မြို့ထဲ လျှောက်ပတ်ကြည့်ဦးမည်ဟုသာ ပြောခဲ့သည်။    မနက်စောစောမှာ ရှောင်ချင်းယန့်၏အမိန့်ကြောင့် ရထားလုံးက အဆင်သင့်ရောက်နေခဲ့သည်။
  ရထားလုံးထဲကို သူတို့ရောက်ပြီးသည်အထိ ရှောင်ချင်းယန့်က သူ့ခါးမှာ ချိတ်ထားသည့် ကျောက်စိမ်းအဆင်တန်ဆာကို သတိထားဟန်မပြသဖြင့် ရွှီချန်အန်က တိတ်တိတ်လေးအံ့သြနေခဲ့တယ်။



ရှောင်ချင်းယန့်က ဘာကြောင့်မတုံ့ပြန်ခဲ့တာလဲ။ သူ လုပ်ပြနေတာက မသိသာလို့လား။ အင်း.... သူက များသောအားဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဆင်တန်ဆာကိုမှ မ ၀ တ်ခဲ့ပေ၊ သို့သော်ယခု သူဝတ်ထားတဲ့ အဆင်တန်ဆာက သိသာထင်ရှားလို့ သတိမထားမိစရာ မရှိပေ။
 


ရွှီချန်အန်သည် ဒီအကြောင်းကို တွေးနေစဉ် သူ့ဖာသာ စိတ်လှုပ်ရှားကာ စိတ်ပူနေသည်ကို သတိပြုလိုက်မိသည်။ သူက ဘာကြောင့် ဒီကျောက်စိမ်းအဆင်တန်ဆာကို ဝမ်ရယ် သတိမပြုမိတာလဲ ဆိုတာ  ထပ်တလဲလဲ တွေးနေမိသည်။ စဉ်းစားပြီးနောက် သူက ရှောင်ချင်းယန့်ကို သူတို့ အရင်က ဆုံတွေ့ခဲ့ဖူးတာကို သိစေချင်သည်။  သူတို့ တစ်ချိန်က ဒီလိုဆုံဆည်းခဲ့ဖူးတာကြောင့်ပဲ သူက အခု အိမ်ထောင်ရေးကို အရမ်းဂရုစိုက်တာ ဖြစ်ကောင်းဖြစ်မယ်ထင်တယ်။ တကယ်တော့ ရွှီချန်အန်ရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အဖြေတစ်ခုရှိနေပြီးသားပါ။   ဧကရာဇ်က သူ့ကို ရှောင်ချင်းယန့်ရဲ့အိမ်ထောင်ဖက်အဖြစ်ရွေးခဲ့ပြီးနောက် သူက ဝမ်ရယ်ကို သာမန်ထက် ပိုတဲ့ ခံစားချက်ရှိတယ်ဆိုတာ သိစေချင်မိတာ ဖြစ်နိုင်သည်။
 


ရွှီချန်အန်သည် ယခင်က သူ၏စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ရှားပစ်ပြီး ရှောင်ချင်းယန့်နှင့် တစ်သက်လုံး အတူတူ နေသွားချင်ခဲ့သည်။



 "ဟမ်.. ဝမ်ဖေးရဲ့ ခါးက ဒီနေ့ဝတ်ထားတဲ့ အဆင်တန်ဆာကို ဘာကြောင့် ရင်းနှီးသလို ဖြစ်နေတာလဲ"


ရှောင်ချင်းယန့်က လွန်ခဲ့သောနှစ်အနည်းငယ်က သူပေးခဲ့သော အရာအား ရုတ်တရက်မြင်လိုက်ရသဖြင့် မအံ့သြဘဲ မကြာမီ ဘယ်လိုဖြစ်တယ်ဆိုတာကို နားလည်သွားပေမယ့် ဒါကို သူ့မျက်နှာပေါ်မှာ မပြသခဲ့ပေ။  ထိုကျောက်စိမ်းအဆင်တန်ဆာသည် လွန်ခဲ့သောသုံးနှစ်က တစ်ယောက်ယောက်ကို သူ ပေးခဲ့သောအရာဖြစ်သည်။  ထိုဘက်ခြမ်းက သူ့ရဲ့ဝမ်ဖေး သုံးနှစ်တာ နေခဲ့သည့် မြို့တော်ရဲ့ အပြင်ဘက် ယာတောတွေရှိရာ အရပ်ဖြစ်နေသည်။



" ...အရှင်မင်းသားက ဒါကို မြင်ဖူးတာ ဖြစ်နိုင်ပါတယ်။ လွန်ခဲ့သောသုံးနှစ်က စိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူတစ်ယောက်က ကျွန်တော့်ကို ပေးအပ်ခဲ့တယ်။ ကျွန်တော်က ဒါကို တစ်ခါမှမဝတ်ဖူးဘူး၊ ဒါကြောင့် ဝမ်ရယ် တစ်ခါမှမမြင်ဖူးတာ သေချာတယ် "



ရွှီချန်အန်ရဲ့ပင်ကိုယ်အသိစိတ်က ရှောင်ချင်းယန့်က ဒါကို အသိအမှတ်ပြုရမယ်လို့ပြောနေတယ်။ ရှောင်ချင်းယန့် က သူ့ကိုနောက်ပြောင်ရန်လိုသည်ဟု ပြောနေသလိုပင်။  ထိုအခြေအနေတွင် ရှောင်ချင်းယန့်က ရွှီချန်အန်ကို ပူးပေါင်းပေးကာ သူ့ကိုကောင်းကောင်းရယ်အောင် လုပ်သင့်သည်ဟု တွေးနေသည်။



မည်သို့ပင်ဆိုစေ ရုတ်တရက် စိတ်လှုပ်ရှားမှုတွေ ပျောက်ကွယ်သွားခဲ့ပြီး ရွှီချန်အန်က သူ့ခါးက ကျောက်စိမ်း အဆင်တန်ဆာကို ဆုပ်ကိုင်ကာ  တမ်းတတဲ့လေသံနဲ့ပြောလိုက်သည်။



 " အဲဒီတုန်းက ကျွန်တော်က နေမကောင်းဘူး၊ ဒါပေမယ့် သမားတော်ဆီ သွားပြဖို့ ကျွန်တော့်မှာ ပိုက်ဆံ မရှိခဲ့ဘူး၊ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် တောထဲ သွားပြီး ဆေးဖက်ဝင် အပင်တွေကို တူးခဲ့ရတယ်။ ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ လူငယ်လေးက ကျွန်တော့်ကို သမားတော်နဲ့ ပြသဖို့ သူ့ရဲ့ ကျောက်စိမ်းအဆင်တန်ဆာကို ပေးအပ်ခဲ့တယ်။  ဒါပေမယ့် ကျွန်တော့် ရောဂါကို ကုသနိုင်တဲ့  ဆေးဖက်ဝင်အပင် အများကြီးကို ကျွန်တော် တွေ့ခဲ့တယ်။ ရက်အနည်းငယ်အကြာမှာ ကျွန်တော် နေပိုကောင်း လာတယ်။ ဒါကြောင့် ဒီကျောက်စိမ်းအဆင်တန်ဆာကို သုံးစရာမလိုတော့လို့ ကျွန်တော် အကြာကြီးသိမ်းထားခဲ့တယ် "



"အခု မင်းက အခြေအနေအားလုံးကို မှတ်မိတာပဲ။ အဲဒီကြင်နာတတ်တဲ့သူကိုရော မင်း မှတ်မိသင့်တယ် မဟုတ်လား"



ဒီကျောက်စိမ်းအဆင်တန်ဆာကို သူက အခုမှ ထုတ်ဝတ်တယ်လို့ ဝမ်ရယ်က ထင်သွားပုံရသည်။ တကယ်ဆိုရင် ရွှီချန်အန်က သူမြင်အောင် တမင် ဝတ်ပြတာဖြစ်သင့်တယ် မဟုတ်လား။
 


 ဒါပေမယ့်သူ့လေသံက ဘာလဲ။ ဘာ့ကြောင့် ရွှီချန်အန်က သူ့ကို မမှတ်မိရမှာလဲ... !



"ကျွန်တော် သူ့ကို ကောင်းကောင်း မှတ်မိတယ်!"


" ..."


ချန်အန်းသည်ရိုးရှင်းစွာပြောခဲ့သော်လည်း သူက ရှောင်ချင်းယန့်ကိုမကြည့်ခဲ့ပေ။ ချန်အန်းက လူမှားပြီး မှတ်မိနေတာလားဟု ရှောင်ချင်းယန့် ထင်လာခဲ့သည်။
 

" ဟား..."


ရှောင်ချင်းယန့် ၏စိတ်ဓာတ်ကျနေသော အကြည့်ကိုမြင်လိုက်တော့ ရွှီချန်အန်က ကျေနပ်သွားပြီး ပေါ့ပေါ့ပါးပါးလေး ရယ်မောကာ ရိုးရှင်းစွာပြောလိုက်သည်။


"ဒီလူက အခု ကျွန်တော့် ဘေးမှာ ထိုင်နေတာလေ"


" ကောင်းပြီ! မင်းက ဒီမင်းသားကိုတောင် စနောက်ဖို့ သတ္တိရှိနေတာပေါ့လေ "


ဒီလိုပြောပြီး ရှောင်ချင်းယန့်က အမှန်တကယ်စိတ်ဓာတ်ကျခဲ့သည်။ သူ ဒီလောက်တောင် စကားမပြောနိုင်ဖြစ်နေမယ်လို့ သူ့ဖာသာ မထင်ခဲ့ပေ။
 

"ဟား...ဟား ချန်အန်း မလုပ်ဝံ့ပါဘူး။ ဒါ့အပြင် ကျွန်တော်က အခုထိ စကားတစ်ခွန်းမှ မပြောခဲ့ပါဘူးနော်"

ရွှီချန်အန်၏ပျော်ရွှင်သောအပြုံးကို ကြည့်လိုက်ပြီးနောက် ရှောင်ချင်းယန့်က သူ စိတ်ဓါတ်ကျနေသည်ကို ဂရုမစိုက်ပဲ ရွှီချန်အန် နှင့်အတူ ရယ်မောလိုက်သည်။
 

***********-*************

တော်ဝင်ကြင်ရာတော် ချန်အန်း (completed)Where stories live. Discover now