Episode 54

1.4K 67 0
                                    

Unicode

ဦးရန် သူ့အမေကို ခေါ်လာတော့

"အန်တီ ကျွန်တော်က အမေ့ရဲ့ သားပါ ဒါက ကျွန်တော့် ခင်ပွန်းပါ "

"အေးသား "

"မောင်ဦးရန် ကို ကျွန်တော့်ခင်ပွန်းက မှာစရာရှိတာမှာပြီးပါပြီ ကလေးကိုမှာ တာ လူကြီးကို အသိပေးရမှာမို့ ထပ်ပြောမလို့ပါ"

"ကောင်းပါပြီသားရယ်"

"မောင်ဦးရန်ကို ကျွန်တော့ခင်ပွန်း က ကျောင်းထားပေးမယ် ဖုန်းလဲဝယ်ပေးမယ် လစာလဲ ပေးမှာ လစာက အန်တီတို့ စားပြီး နေပြီး သောက်အပြီး သားမိနှစ်ယောက်ကို ၂၀၀၀၀၀ ပေးမယ်တဲ့ အဆင်ပြေလား"

"ပြေပါတယ် သားရယ်"

"အင်း ထပ်ပြီးတော့ ကျွန်တော့် ခင်ပွန်းကပြောတာက သားမောင်ဦးရန်ကို ခိုင်းထားတာရှိတယ် ဒါက ဈေးရောင်းတာ က ဒုတိယ ကျွန်တော့်မိဘတွေကို စောင့်လျှောက်ဖို့က ပထမလို့ ‌ပြောထားပါတယ် သူကတော့ အလုပ်လဲ လုပ် ကျောင်းလဲ တက်ရမယ် သူ့ကိုပြောထားတာက ရည်းစားထားတာ ဘာဘာ ညာညာ မကြားချင်ဘူး အဖေတို့ အမေတို့ကို လိုလေသေးမရှိစောင့်လျှောက်ရမယ် ဘာမှ မစဉ်းစားရဘူး ရည်းစားထား တာဘာညာ ကြားရင် သားအမိ‌တွေ အိမ်မှာ အိမ်မနေရတော့ဘူး နောက် အန်တီတို့  အတွက် သက်သာအောင် အလုပ်သမား နောက်ထပ်တစ်ယောက် ခေါ်ပေးမယ် သား ဦးရန် ကျောင်းတက်ရအဆင်ပြေအောင်လို့ပါ"

"အင်းသားကျေးဇူးတင်ပါတယ်"

"နောက်ပြီး ဖုန်းဝယ်ပေးတာက ကျွန်တော် ရယ် ကျွန်တော်ခင်ပွန်းရယ် အမေ တို့ကို အဆက်အသွယ် လုပ်နိုင်ဖို့ ဝယ်ပေးတာ  ဂိမ်းဆော့ဖို့မဟုတ်ဘူး ဒါ့ကြောင့် အန်တီက ကြည့်ထိန်းပေးပါ သားကို "

"ဟုတ်ကဲ့ ပါ"

"ဈေးဆိုင်ဖွင့်ရင် အန်တီနဲ့သားဦးရန်က ဆိုင်မှာ ကူလုပ်ရသလို အိမ်မှာလဲ ကူရမယ် ဝိုင်းလုပ်ဝိုင်းစားသဘောမျိုးပါ"

"အန်တီသိပါတယ် သားအမေနဲ့ကလဲ ပြောစရာ လူတွေမှ မဟုတ်တာ အဆင်ပြေပါတယ်"

"နောက် တစ်ခုခုဆို ကျွန်တော်ဖြစ်စေ ခင်ပွန်းကိုဖြစ်စေ ဖုန်းဆက်ပါ ကျွန်တော်တို့က အမြဲဒီမှာ မရှိနိုင်ဘူးဒါ့ကြောင့် "

အမုန်းအနန္ဒ (Completed)Wo Geschichten leben. Entdecke jetzt