Part 1

3.4K 163 3
                                    

မနက်ခင်းလေအေးလေးတွေကပြတင်းပေါက်ကိုကျော်လွန်၍ဖွေးဥနေ​ေသာမျက်နှာလေးကိုလာရိုက်ခတ်နေသောကြောင့် jiminတစ်ယောက် နိုးလာခဲ့သည်

သာယာနေသောရာသီဥတုလေးကိုခံစားချင်၍ကုတင်မှထလာကာ ပြတင်းပေါက်ဆီသို့ခြေလှမ်းများဖြေးဖြေးချင်းလှမ်းလာခဲ့သည်....

Jimin- ဆောင်းရာသီတောင်ရောက်ပြီပဲ

လေအေးနဲ့အပြိုင်ပန်းနုရောင်သန်းနေသောနှုတ်ခမ်းလေးမှဖွဖွလေးတီးတိုးရေရွတ်မိသည် အရင်တုန်းကအတိုင်းပဲမောင့်ကိုလွမ်းနေမိသည်

Jm- ဒီအချိန်ဆိုမောင်ရောဘာလုပ်နေမလဲ...min ကိုရောလွမ်းနေမှာလား...

မျက်နှာကိုခက်ယဲ့ယဲ့ပြုံးပြီးပြာလဲ့နေသောကောင်းကင်ကြီးကိုငေးကာမေးမိသည်

မောင်ဆိုသောလူသားလေးများသူတစ်ချိန်ကသိပ်ချစ်ခဲ့ရသော jeon jungkookဆိုသောလူသားလေးတစ်ဦးပင်....

----------

လွန်ခဲ့သော၅နှစ်.....

Tae- အန်တီ jiminရှိလားဗျ သားကျောင်းသွားဖို့လာခေါ်တာပါ

Jm's mom- ရေချိုးနေတုန်းထင်တယ် အပေါ်တက်သွားလိုက်လေ အန်တီ မနက်စာပြင်ထားပေးမယ်

Tae- ဟုတ်အန်တီ

Taehyung လည်းအပေါ်ထပ်သို့ထပ်လာချိန် အခန်းထဲမှjiminလည်းပြင်ဆင်ပြီးထွက်လာခဲ့သည်

Jm- မင်းရောက်နေပြီလား

Tae- မင်းကိုလာခေါ်တာလေ အန်တီကမင်းရေချိုးနေတယ်ထင်ပြီးလာခေါ်ခိုင်းလို့

Jm- ငါလည်းစောစောနိုးနေတာနဲ့ ကြိုပြင်ထားလိုက်တာ မင်းစောင့်နေရမှာစိုးလို့

Tae- အဲ့လိုအသိမျိုးနေတိုင်းရှိရင် ကောင်းမယ်

Jm- ဟီး...

Taehyung သည်သူနဲ့မူလတန်းထဲကသူငယ်ချင်းဖြစ်သည် သူတို့ကြားလျှို့ဝှက်ချက်ဆိုတာမရှိခဲ့ပါ သူ့အပေါ်နွေးထွေးမှုပေးသောသူတစ်ယောက်ဖြစ်လို့ Taehyung ကိုသူသံယောဇဥ်ရှိသည်

မနက်စာစားသောက်ပြီးနှစ်ယောက်သားကျောင်းသို့ထွက်လာခဲ့သည် အချိန်လည်းစောနေတာကြောင့်ကန်တင်းသွားဖို့သူငယ်ချင်းနှစ်ယောက်သဘောတူခဲ့ကြသည်

နှလုံးသား၏စေလိုရာ (Complete)Where stories live. Discover now