Part 12

1.1K 121 7
                                    

Jiminတစ်ယောက်ဒီနေ့ထွက်သွားတော့မှာမို့လို့အထုတ်အပိုးပြင်ကာအိမ်အောက်ဆင်းလာခဲ့သည်

မေမေကတော့Taehyungနဲ့ပဲနေခဲ့ချင်တယ်ဆိုလို့ထားခဲ့ရဦးမည်

အောက်ထပ်ရောက်တော့Taehyungတို့အတွဲရယ်မေမေရယ်ကစောင့်နေသည်

Jm- မေမေသားသွားတော့မယ်နော်

Jm's mom- သားဂရုစိုက်နော် ဟိုရောက်ရင်ဖျားတာနာတာမဖြစ်စေနဲ့ မေမေ့ကိုလည်းဖုန်းဆက်နော်

Jm- အင်းပါမေမေရယ် စိတ်ချနော် သားကျောင်းပြီးတာနဲ့ပြန်လာခဲ့မယ်

မေမေနဲ့စကားပြောပြီးတစ်ဦးတည်းသောသူငယ်ချင်းဘက်ကိုလှည့်ကြည့်တော့ငိုမဲ့မဲ့ဖြစ်နေသည်

Jm- ငါတစ်သက်လုံးသွားမှာမှမဟုတ်တာကွာ မင်းရုပ်ကလည်းငိုတော့မဲ့ရုပ်နဲ့

Tae- ဟိုရောက်လို့အချိုးပြောင်းရင်ငါUSထိလာထိုးမှာနော်

Jm- မပြောင်းပါဘူးကွာ မာမီ့ကိုဂရုစိုက်ပေးနော် Hyung နဲ့လည်းရန်ဖြစ်မနေနဲ့ဦး

စိုးရိမ်ပြလိုက်တာနဲ့hoseok hyungရင်ခွင်ထဲဝင်ကာငိုနေလေပြီ သူလည်းပြုံးကာထပ်မငိုတော့ဖို့ပြောကာဖက်လိုက်သည်

Hoseok hyungကလိုက်ပို့ပေးတာကြောင့်လေယာဥ်ကွင်းသို့စထွက်လာခဲ့သည် နောက်ဆုံးအကြိမ်တော့တွေ့ချင်ခဲ့ပါသည်

ပြဿနာတက်ပြီးပြန်သွားထဲကအိမ်တောင်ပြန်မအိပ်ဘူးတဲ့လေ ဘာတွေများသူကစိတ်ထိခိုက်ရလို့လဲ မေးသာကြည့်လိုက်ချင်သည်

နောက်ဆုံးအနေနဲ့တော့မာနလေးလျော့ကာလိုက်ပို့မယ်ထင်ခဲ့ကာ ပေါ်တောင်မလာခဲ့ဘူးလေ မျှော်လင့်မိနေတာကနည်းနည်းတော့ရီစရာကောင်းသား

လေယာဥ်ကွင်းရောက်တော့yoongi hyungကလိုအပ်တာအကုန်လိုက်လုပ်ပေးသည် လေယာဥ်ထွက်ခါနီးထိစောင့်နေပေးသည် Hoseok hyungကိုတော့ပြန်လွှတ်လိုက်သည်

Yg- ဟိုရောက်ရင်နေရာအပြောင်းအလဲကြောင့်နေမကောင်းဖြစ်တာတို့ခရီးပန်းတာတို့ဖြစ်လိမ့်မယ်

Jm- ဆေးတွေတော့နည်းနည်းထည့်လာတယ်

Yg- အင်း..

နှလုံးသား၏စေလိုရာ (Complete)Where stories live. Discover now