"𝑪𝒂𝒕𝒄𝒉 𝒎𝒆 𝒊𝒇 𝒚𝒐𝒖 𝒄𝒂𝒏 "

1.6K 135 3
                                    

"လွမ်းတယ် Li.... "

"လွမ်းတယ်ဆိုတာထက်ကို ပိုပါတယ် "

"Li ရဲ့ဆိုင်ကယ်နောက်က လိုက်စီးရတာကိုလည်းလွမ်းတယ်

Li သိလား Liက တို့ကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးတဲ့အချိန်ဆို သိပ်သဘောကျတာကို

Li ခါးကိုဖက်လိုက်တိုင်း ကျော‌ကထောင်မှတ်သွားချိန်ဆို သိပ်သဘောကျတာကို
ကိုယ့်ကြောင့်နဲ့ Liရင်ခုန်သွားတယ်ဆိုတဲ့
အသိနဲ့လေ

"ဆိုင်ကယ်စီးနေတုန်း အိပ်မပျော်သွားစေနဲ့ အန္တရယ်များတယ် Jen " ဆိုပြီး Jen ဖက်မျက်နှာလှည့်ကာ ပြောနေတုန်းကဆို သိပ်ကိုဆွဲဆောင်မှုရှိပြီး သဘောကျချင်စရာကောင်းတာကို ...

အော်.... အမှန်အတိုင်းပြောရရင် Liနဲ့ပတ်သက်တဲ့အရာအားလုံးကို သဘောကျတာပါ ။

သိပ်သဘောကျတာကို ဖွင့်မပြောလိုက်ရလို့ နောင်တရနေတယ်ဆိုတာကိုကော Li သိလား...

ပြောခွင့်ရရင်... ပြောခွင့်သာရအုံးမယ်ဆိုရင် Liကို ဘယ်လောက်ထိသဘောကျကြောင်း ဘယ်လောက်ထိချစ်ကြောင်းကို ပြောပြချင်ပါသေးရဲ့

ကျောပြင်ကျယ်ကျယ်လေးပေါ် ပါးပြင်အပ်ပြီး Liနဲ့အတူ ဆိုင်ကယ်စီးရချိန်ဆို Jenအတွက်နိဗ္ဗာန်ပုံပဲ ။

Liကိုသာ ချစ်‌တယ်လို့ မပြောခဲ့တာပါ ဒါပေမယ့် Jenသူငယ်ချင်းတွေကိုတော့ Jenရဲ့ချစ်သူက ဆိုင်ကယ်မောင်းနေတဲ့အချိန်ဆို ဘယ်လောက်ထိ cool ကြောင်း Li ကိုဘယ်လောက်ထိချစ်ကြောင်းကိုပြောပြနေကျ

ဒါပေမယ့် ခုချိန်သိလိုက်ရတာက Liကို အရမ်းချစ်တဲ့အကြောင်းတွေကို သူငယ်ချင်းတွေရှေ့မှာ ပြောရမှာ မဟုတ်ပဲ Li ရှေ့မှာပြောခဲ့ရမှာဆိုတာကိုပဲ ။

"ချစ်တယ်.... Li "

"Jen ရဲ့ပါးဖောင်းဖောင်းလေးတွေက ဖက်ထုပ်လေးလိုပဲ " တဲ့

Li ရဲ့ စကားသံတွေက ခုထိ နားထဲပျံ့လွှင့်နေတုန်းပဲ ။

ရယ်လိုက်ရင် ကော့တက်သွားတဲ့ နှုတ်ခမ်းဖူးဖူးလေးကိုလည်းလွမ်းတယ် ။

အနမ်းတွေကိုတုန့်ပြန်တိုင်းလည်း Li မေးဖူးတယ်မလား
"ကိုယ့်ကို မချစ်ပဲ နမ်းလို့ရရဲ့လား "တဲ့

You've reached the end of published parts.

⏰ Last updated: Sep 06, 2021 ⏰

Add this story to your Library to get notified about new parts!

"𝑪𝒂𝒕𝒄𝒉 𝒎𝒆 𝒊𝒇 𝒚𝒐𝒖 𝒄𝒂𝒏 " [One Shot] Where stories live. Discover now