❤️7💙

362 70 2
                                    

Unicode

"ဟား ဟား ဒီကိုမလာနဲ့ မလာနဲ့နော်"

ရေကူးကန်ထဲမှာ စိတ်ကြိုက်ဆော့နေတာ
ကြာပြီမို့ ခေါ်တော့လည်း
မလာပဲ ပေကပ်ကပ်လုပ်နေသည်။
သူဆင်းခေါ်တော့လည်း ဟိုပြေးဒီပြေးလုပ်နေတာ

"ကျဲဟန် လာတော့
ကစားတာကြာပြီ အအေးပတ်လိမ့်မယ်"

"မလာဘူးနော် ခဏလေးပဲ
ဆော့ဦးမယ် အိမ်မှာဆို ဒီလိုမဆော့ရဘူး"

အဲ့ဒီနေ့ကကိစ္စတွေဖြစ်ပြီးကတည်းက
ဘာမှထပ်မမေးတော့တဲ့ ကျဲဟန်က
အိမ်တော်ကိုတော့ မကြာမကြာလာတတ်သည်။
အန္တရယ်များလို့ သူမခေါ်ချင်ရင်တောင်ပြောလို့မရ
မရမကနဲ့အတင်းလိုက်လာတတ်သည်။
အခုဆို ယွမ်မေ့နဲ့လည်း
ရင်းနှီးနေပြီ။
နှစ်ယောက်သားတွေ့စက ရန်စောင်နေကြ‌ပေမယ့်
အခုကျတော့လည်း တည့်သွားကြတာ
သူတောင်မသိလိုက်။

"ဒေါ်လေးလီက ကျဲဟန်လာမှာသိလို့
မုန့်တွေလုပ်ထားတာတဲ့"

အသံကို ကျဲဟန်ကြားနိုင်လောက်အောင်
ကျယ်ကျယ်လေးအော်ပြောတော့
မုန့်ဆိုတာနဲ့ မျက်ဝန်းတွေ အရောင်လက်သွားသည်။

"ကျဲဟန်ကမစားချင်ဘူးဆိုလည်း
ကိုယ်တစ်ယောက်တည်းသွားစားတော့မယ်နော်"

"ဟင့်အင်း ဟင့်အင်း
စားမှာ ကျဲဟန်စားမှာနော်"

ထိုတော့မှ ရေထဲကနေ
အပြေးအလွှားအပေါ်တက်လာတော့သည်။
ရေစိုနေတဲ့ကိုယ်လေးကို တဘက်နဲ့လွှားပေးတော့
ပြုံးပြလာတာများ ပါးစပ်ကနားရွက်တက်ချိတ်လောက်သည်။

"အဆိုးလေး ကိုယ့်ကိုမကြောက်ဘူးလား"

"မကြောက်ဘူး"

လျှာထုတ်ပြောင်ပြသွားပြီး အိမ်ထဲကိုလှစ်ခနဲ ပြေးဝင်သွားသည်။
ခဏနေတော့ အသံဆာဆာလေးနဲ့ တစ်အိမ်လုံးကြားရတဲ့အထိ စကား‌တွေပြောသံတွေကို
ကြားရသည်။

"မမယွမ်မေ့က ငယ်ငယ်ကတည်းက
ကျွင်းကောနဲ့အတူနေတာပေါ့"

"အင်း မမတို့ကငယ်ငယ်ကတည်းက
အလုပ်အတူလုပ်တာလေ"

မမယွမ်မေ့ကို တွေ့ကာစက
အနည်းငယ်ကြောက်ပေမယ့်လည်း
အိမ်တော်ကိုလာတိုင်း မမနဲ့စကားပြောကြည့်တော့
သိပ်ကြောက်ဖို့မကောင်းတော့ပေ။
ခပ်တည်တည်နေတတ်တဲ့ မမပုံစံကြောင့်
မသိတဲ့သူသာဆို ရှိန်တတ်ကြသည်။
ဒါပေမယ့် ကျဲဟန်နဲ့ဆိုရင်တော့
မမကစကားတွေဖောင်ဖွဲ့ပြောပေးသည်။

Daddy and His BabyWhere stories live. Discover now