❤️24💙(Final)

499 60 6
                                    

Unicode

‌နှုတ်ခမ်းတွေစုလိုက်ချွန်လိုက်ပြောနေတဲ့
ယုန်ပေါက်ကိုအသည်းယားလာတာနဲ့
သိမ်းကြုံးဖက်ကာ နမ်းပစ်လိုက်သည်။
ကိုယ်ကသမာဓိအားမကောင်းဘူး အချစ်ရဲ့..

"ဖယ် ဖယ်
အချစ်ကိုအယုံအကြည်မရှိတဲ့သူ
သွား မနမ်းနဲ့"

"ကျဲဟန်ကိုယ့်ကိုချစ်တာ
ကိုယ်ယုံပါတယ်ကွာ"

"ဟင့်အင်း ဟင့်အင်း
မယုံနဲ့ လူဆိုး ဖယ်"

ကျဲဟန်ရဲ့ ကလေးဆန်မှုတွေကို
မြင်လိုက်ရတာကြောင့်
ကုန်းကျွင်းသဘောကျကာ ရယ်မိသည်။
သူမြင်ချင်ခဲ့တဲ့ ကျဲဟန်ရဲ့
အပြုအမူလေးတွေ..
ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ

ကျဲဟန်ကိုဖက်လိုက်ပြီး
ကိုယ်လေးကိုအပေါ်မြှောက်ရမ်းတော့
အဆိုးလေးက ခေါင်းမူးတယ်နဲ့အော်သည်။

တည်တင်းနေတဲ့မျက်နှာက‌နေ
ပြုံးရွှင်လာတဲ့ကျဲဟန်ကြောင့်
ကုန်းကျွင်းပါအပျော်တွေကူးစက်လာသည်။

"ကျွင်းကော ဖယ်ပေးတော့
အလုပ်သွားရဦးမယ်"

"မသွားလို့မရဘူးလား
ကိုယ်နဲ့နေလေ"

"မရပါဘူး
အိမ်မှာBerryနဲ့တည့်အောင်နေနော်"

ကုန်းကျွင်း အခန်းရှေ့ကခွေးကို
ကြည့်လိုက်သည်။
အမယ် ခေါင်းကိုကြမ်းပြင်ပေါ်ချပြီးတောင်
အိပ်နေလိုက်သေး။

ကျဲဟန်ကတော့
အခန်းထဲကနေ ဝတ်စုံပြည့်နဲ့ထွက်လာပြီ။
လက်ထဲမှာ စာရွက်တွေအထပ်လိုက်နဲ့။
ထိုစာရွက်ပုံကြီးကြားမှာ လူကပျောက်နေသည်။

"ပေး ပေး ကိုယ့်ကို
မနိုင်မနင်းနဲ့
အောက်ထပ်ထိလိုက်ပို့ပေးမယ်
ညနေစောစောပြန်ခဲ့နော်
ကိုယ်ညစာချက်ထားလိုက်မယ်"

"အင်း အင်း ကျွင်းကောသဘော
နောက်ကျနေပြီ"

သူ့ကိုမကြည့်အားတဲ့ ယုန်ပေါက်ရဲ့နှုတ်ခမ်းတွေကို
ရွှတ်ခနဲနမ်းလိုက်ပြီး
တံခါးဖွင့်ကာ နှစ်ယောက်သား
အောက်ဆင်းခဲ့ကြသည်။

"ကျွင်းကော ရပြီ
အပေါ်တက်တော့"

ဖြစ်နိုင်ရင် အလုပ်ထိလိုက်ပို့ချင်တာ
ဒီစာရွက်ပုံကြီးနဲ့
သူ့ယုန်ပေါက် လမ်းမှာဒုက္ခရောက်နေတော့မှာပဲ။

Daddy and His BabyWhere stories live. Discover now