Chapter 1

157 8 0
                                    

Unicode

#စတွေ့ခြင်း..........။

"ဟဲ့....ရှင်းခန့်ညီ နင်အဲ့လောက်တောင်ကြာနေရင်ဟိုနှစ်ယောက်ရဲ့အကွက်​
ကောင်းတွေတော့လွတ်သွားတော့မှာပါပဲ။...."

စပြီးပွားနေပါပြီယွန်းမီမီခိုင်ဆိုသောကျွန်တော်၏
သူငယ်ချင်းမ။

"အေးပါဟယ်....လာနေပါပြီ နင်ကအဲ့လောက်ပေါ်တင်ချောင်းနေမှတော့ဟိုကနင့်ကိုမြင်ပြီး
ရှက်သွားတော့မှာပဲ"

"ဟဲ့ ရှက်ပါစေပေါ့ငါကသူတို့ကိုshipပေးနေတာလေ "

"အေး...နင်shipသလိုငါလည်းshipတာပါပဲဒါပေမယ့်လေနင်ကသူတို့ကိုshipပေးနေတာနဲ့မတူဘူး။...စုန်းမကြီး
ကမင်းသားလေးနှစ်ပါး လက်ထပ်မှာကိုမလိုလားလို့
မင်းသားလေးတွေကိုကြံစည်သတ်ဖြတ်ဖို့ချောင်းနေတာနဲ့တူတယ်....."

"သေနာလေး.....!"

တစ်ယောက်ကိုတစ်ယောက်စ၍ကောင်လေးနှစ်ယောက်ကိုshipပေးနေကြသောသူငယ်ချင်းနှစ်ယောက်သည် အဝေးကတစ်ခြားသူများကြည့်ရုံဖြင့် မည်မျှလောက်ရင်းနှီးကြောင်းအတတ်သိနိုင်၏။ပါးစပ်ကသာပွစိပွစိဖြင့် တစ်ယောက်တစ်ခွန်း ပြန်ပက်တတ်ကြတာ သူတို့နှစ်ဦး၏ အကျင့်တူစရိုက်တစ်ခု
ပင်လို။.....နွေရာသီကျောင်းပိတ်ရက်ပင်ဖြစ်သည်မို့ သူတို့နှစ်ဦးသည် အိမ်နီးချင်းဖြစ်သည်ကတစ်ကြောင်း ဆိုးတူပေါင်းဖက်သူငယ်ချင်းဖြစ်သည်ကတစ်ဖုံ ထိုအခွင့်အရေးကိုလက်လွှတ်မခံဘဲနှစ်ယောက်သား
အိမ်နီးပတ်ဝန်းကျင်တစ်ဝှိုက်ကကောင်လေးနှစ်ယောက်၏အခြေအနေကိုသွားကြည့်ခြင်းပင်ဖြစ်ပေ၏။.......


"ဟဲ့...ဟဲ့ ရှင်းခန့်ညီ ဟို ပိုင်လင်းခန့်ဆိုတဲ့ကောင်လေးက
အသားနည်းနည်းဖြူပြီး အရပ်ကလည်းရှည်တယ်ဆိုတော့
သူကဆဲမဲ(seme)နော် ဟီးဟီး"😁


"အေး ဟိုမင်းခန့်နိုင် ဆိုတဲ့ကောင်လေးကတော့အသား
ဖြူဖြူလေးနဲ့သန့်သန့်လေးရယ် မျက်နှာလေးကနည်းနည်း
ဝိုင်းတော့ချစ်စရာကောင်းတယ်။အဲ့ဒါကြောင့်သူကအုခဲ(uke)နော် ဟိုမိန်းမ"😆😆


"အေးဘာဟဲ့ အေးဘာ အမျိုးကောင်းသားကြီးရေ"🤨😒

နှစ်ယောက်သားချောင်းမြောင်းပြီးထောင့်တစ်နေရာက
ပိုင်လင်းခန့်နဲ့မင်းခန့်နိုင်တို့နှစ်ဦးကိုကြည့်နေလိုက်သည်။
ကြည့်ပြန်တော့လည်းတိုးတိုးတိတ်တိတ်ပင်မကြည့်ကြဘဲ
ပါးစပ်မှပွစိပွစိ types(အမျိုးအစားများ)ခွဲနေကြပြန်
သည်။တစ်ယောက်ကဆဲမဲ(seme)တစ်ယောက်ကအုခဲ
(uke)ဟူ၍ပင်။

My Favourite FudanshiWhere stories live. Discover now