Chapter 4

82 4 0
                                    

Unicode

"ဘုရားရေသပ္ပါယ်ရာ ဆီသို့"


သကြန်အကြိုနေ့


"မိယွန်းရေ....မိယွန်း"
အသံဗြဲကြီးဖြင့်လာအော်နေသောအမောင်ရှင်းခန့်၏
အသံတို့သည် ငှက်ဆိုးသံကဲ့သို့နှယ် ယွန်းနားမှာကြား
နေရသည်။

"ဟဲ့လာ....အသံဗြဲကြီးနဲ့အော်မနေနဲ့ ခုနှစ်အိမ်ကြား
ရှစ်အိမ်ကြား"

ဟုမိယွန်းဆိုတော့မှရှင်းခန့်ညီခမျာကိုယ့်ကိုယ်ကိုအရှက်ရ
စေတော့၏။ထိုအခါမှအိမ်ပေါ်သို့တိတ်တဆိတ်တက်
ခဲ့တော့သည်။

အိမ်ပေါ်ရောက်ရောက်ချင်းတင်ပလ္လင်ခွေထိုင်ကာဒီဗွီကြည့်
နေသောမိယွန်းပုခုံးကိုပုတ်ကာ

"ဒီနေ့ဘုရားရေသပ္ပါယ်ဖို့သွားမှာမလိုက်ဘူးလား။
ကားသေးသေးလေးတွေအစီးနှစ်ဆယ်လောက်တော့
ပါလိမ့်မယ် အဲ့တာမှာဟိုနှစ်ယောက်လည်းလိုက်မယ်လို့
ပြောသံကြားသလိုပဲ"

ဟုဆိုတော့မိယွန်းမှာမလိုက်ရမနေနိုင်အောင်ရိုးတိုးယွတဖြစ်လာ၏။

"အဲ့တာကဘယ်နှစ်နာရီသွားမှာလဲ။"မိယွန်းကမေးတော့ရှင်းခန့်ညီမှာအချိန်အတိအကျကိုပြောရလေတော့သည်။

"ညနေ၄နာရီတဲ့...အစကတော့၃နာရီသွားမှာ နေအရမ်းပြင်းလို့၄နာရီပြောင်းလိုက်တာ။ဟဲ့ ဟိုနှစ်ယောက်
ပါတဲ့ကားပေါ်လိုက်နိုင်ဖို့လိုတယ်နော် ဟီးဟီး"

အားပါးတရရှင်းပြကာသွားဖြီးပြသောကျွန်မသူငယ်ချင်းလေးသည်အမှန်ပင်ချစ်စရာကောင်း၏။ချစ်စရာကောင်း
သလောက်ကျွန်မနဲ့သူသည်လည်းအတော်ခင်ကြပါသည်။
ခက်သည်ကသူ့အတွက်ဘဲလေးတစ်ပွေမရှာပေးနိုင်သော
ကျွန်မအဖြစ်ကိုရင်နာလို့ပင်မဆုံးချေ။တကယ်ဆိုကျွန်မက
လည်းကိုယ်ပိုင်အစွမ်းအစမရှိတော့ ကိုယ်ကိုယ်တိုင်ပင်ဘဲမရ
ချေ။ထို့ကြောင့်ဟိုကောင်လေးကိုလည်းရှာမပေးနိုင်။ဒါပေ
မယ့်သူက ဘယ်အရာကိုစိတ်ဝင်စားသလဲကျွန်မသေချာ
မသိပါ။သေချာသည်က ကျွန်မသူ့ကိုလင်ပေးစားမှာပင်
ဖြစ်သည်။☺

"အေးအေး ဒါဆိုလည်းနင်ပြင်ဆင်ပြီးတာနဲ့ငါ့လာခေါ်ကြား
လား။စောစောထွက်လာနော် ဟိုနှစ်ယောက်ဘယ်ကား
ပေါ်တက်လဲဆိုတာချောင်းရအုံးမှာ"

You've reached the end of published parts.

⏰ Last updated: Apr 29, 2022 ⏰

Add this story to your Library to get notified about new parts!

My Favourite FudanshiWhere stories live. Discover now