စိုက်ပျိုးရေးကမ္ဘာ (၁) Unicode & Zawgyi

1.3K 187 0
                                    


Unicode

ဒီခန္ဓာကိုယ်ရဲ့နာမည်လည်း ထျန်းမီပဲဖြစ်တယ်။ 0051က တာဝန်တွေလုပ်ဆောင်ရင် လွယ်ကူအောင် သူမရဲ့အနာဂတ်မှာ ဝင်ရမယ့် ခန္ဓာကိုယ်တွေလည်း ထျန်းမီပဲဖြစ်လိမ့်မယ်လို့ဆိုတယ်။

ဒီကမ္ဘာက စိုက်ပျိုးရေးကမ္ဘာဖြစ်တယ်။ အမျိုးသားဇာတ်လိုက်က လီကုလို့ခေါ်တဲ့ မုဆိုးတစ်ယောက်ဖြစ်လေတယ်။ သူဟာအရင်က ရဲမက်တစ်ယောက်ဖြစ်ခဲ့ပြီး စစ်တွေတိုက်ခဲ့ဖူးတယ်။ စစ်ပွဲကြီးပြီးဆုံးသွားတော့ လီကုဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့လီကျားရွာကိုပြန်လာခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး တော်ဝင်ရဲမက်မဖြစ်နိုင်လို့တော့ ဘဲဖြစ်တယ်။

ထျန်းမီဟာ လီကုရဲ့ဇနီးဖြစ်တယ်၊ သူဟာဒဏ်ရာရခဲ့ပြီး သူ့မျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတော့ သူမက သူနဲ့ရန်ဖြစ်ပြီး သူ့ကိုစွန့်ပစ်လိုက်‌တယ်။

အမျိုးသမီးဇာတ်လိုက်က လျိုမန်မန်ဖြစ်ပြီး ရွာထဲမှာရှိတဲ့ လီမိသားစုရဲ့သမီးဖြစ်တယ်။ လျိုမန်မန်ဟာ ၂၁ရာစုက တက္ကသိုလ်ဘွဲ့ရကျောင်းသူတစ်ဦးဖြစ်တယ်။ ကားမတော်တဆဖြစ်မှုကြောင့် လီမိသားစုရဲ့ လျိုမန်မန်ဖြစ်လာတာဖြစ်တယ်။

လျိုမန်မန်မှာ မိထွေးတစ်ယောက်ရှိပြီး သူ့မိထွေးက လီကုတို့မိသားစုရဲ့ ခန်းဝင်ပစ္စည်းတွေအပေါ်မျက်စိကျလို့ လျိုမန်မန်ကို လီကုနဲ့ပေးစားလိုက်တယ်။

လျိုမန်မန်က လီကုကို စစတွေ့ချင်းမှာပဲကြိုက်သွားခဲ့တယ်။ လီကုက အရပ်ရှည်ပြီး သူ့ခန္ဓာကိုယ်က အရမ်းဆွဲဆောင်မှုရှိလေတယ်။ စစ်တိုက်ခဲ့ရတဲ့အတွက်ကြောင့် သူ့မျက်နှာက ပျက်စီးသွားခဲ့တယ်။ ဒါကနည်းနည်းတော့ရုပ်ဆိုးပေမယ့် လျိုမန်မန်ရဲ့အမြင်မှာတော့ ဒါဟာကအရမ်းကိုယောက်ျားပီသလေတယ်။ အစကတော့သူမကြီးလာရင် သူမရဲ့စေ့စပ်ထားတဲ့လူနဲ့လက်ထပ်ချင်ခဲ့တာဖြစ်တယ်။ အခုတော့ အတင်းပေးစားခံလိုက်ရပြီး သူနဲ့လက်မထပ်နိုင်တော့ဘူး၊ သူမက ရဲမက်နဲ့လက်ထပ်ရတာလည်း ဆိုးတော့မဆိုးပါဘူးလို့ ခံစားရလိုက်တယ်။

လီကုလည်း နူးညံ့ညင်သာတဲ့ လျိုမန်မန်ကို သဘောကျလေတယ်။သူမက သူ့ကိုမကြောက်ဘူး။ သူ့မိသားစုဆီကို ရောက်လာတော့ သူမက သူ့အမေအပေါ်လည်းအရမ်းကောင်းတယ်၊ အရင်ဇနီးထျန်မီနဲ့ မတူစွာပေါ့။

နတ်ဘုရားကြီးက ငါ့အပိုင်ကွWhere stories live. Discover now