စစ်တပ်မဟာပညာရှိ (၁၀) Unicode & Zawgyi

1K 170 0
                                    

Unicode

တိုင်းတစ်ပါးမှာတော့ ထျန်းမီက တစ်ယောက်တည်း အထီးကျန်ပြီး ကြောက်ရွံ့နေခဲ့ရမှာ၊ အခု ကိုယ့်ဘာသာ ပြန်တွေးမိတော့ ငါ အတော်ဆိုးတဲ့ကောင်ပဲ!!၊ သူမ အထီးကျန်တုန်း သူမနဲ့ တွဲခဲ့တဲ့ကောင်ကိုလည်း နည်းနည်းတော့ မနာလို ဖြစ်မိတယ်၊ သူမ ပြောပြသလောက်တော့ သူက အတော်ကောင်းတဲ့ လူပဲ၊ သူ တစ်ခါမှ ထျန်းမီအတွက် ချစ်သူများနေ့အတွက် လက်ဆောင် မပေးဖူးဘူး၊ပိတ်ရက်မှာ တောင်တက်ဖို့လည်း မခေါ်ခဲ့ဖူးဘူး၊ ငါ အတော် မကောင်းတဲ့ကောင်ပဲ!! ဒါပေမယ့် အခု အရမ်း ပျော်တယ်၊ သူမက အခုလို အရမ်းမကောင်းခဲ့တဲ့ကောင်ကို ချစ်တယ်တဲ့

"ဒင်- ဇာတ်လိုက်ရဲ့ချစ်ခင်မှု ၁၀မှတ် ထပ်တိုးပါတယ်၊ စုစုပေါင်း ၉၀ ပါ၊ host အရမ်း.... တော်တယ်!!"

ဟဟ!! ငါကြည့်ခဲ့ရတဲ့ ဇာတ်ကားတွေက အထောက်အကူဖြစ်တယ်၊ အလကား ဖြစ်မသွားဘူး!!

"ရင်း ငါတို့ ပြန်စလို့ ရမလား ၊ ဟင်?"

ရှီရင်းက မျက်နှာတည်တည်နဲ့ သူမကို အနားကပ်လာဖို့ လက်ကွေးပြီး‌ေခါ်လိုက်တယ်

ဇာတ်လိုက်က ငါ့ကို ‌ကြွေလို့တောင် ၁၀ မှတ်ထပ်တိုးလာတာလေ၊ ဘာလို့ သူ့ပုံက စိတ်တိုနေတဲ့ရုပ် ပေါက်နေသေးတာလဲ?
ရှီရင်းဆီ အနည်းငယ် တိုးကပ်လိုက်တယ်

ရှီရင်းက ထျန်းမီကို ဆွဲဖက်လိုက်တယ်၊ရှီရင်းရဲ့ အနာမထိစေဖို့ အရေး ဘေးတစ်ဖက်တစ်ချက်စီမှာ လက်ထောက်လိုက်တယ်

သူမက အံ့အားသင့်သွားတဲ့ ဟန်ပန်နဲ့ ရှီရင်းကို မော့ကြည့်လိုက်တယ်

"အွန်း"
နှုတ်ခမ်းတွေ၊ သွားတွေ ထိကပ်ကုန်မှ ထျန်းမီလည်း သံသယစိတ်တွေကို မြိုချလိုက်တယ်၊ ထျန်းမီက ပြုံးပြီး မျက်လုံးမှိတ်ကာ ရှီရင်းရဲ့ လွှမ်းမိုးနေတဲ့အနမ်း တွေကို ခံစားနေလိုက်တယ်

-----
ဒီကိစ္စတွေ ပြီးတဲ့နောက်မှာတော့ ရှီရင်းက သူမအပေါ် အရင်နဲ့မတူအောင် အများကြီး ပြောင်းလဲသွားတယ်၊ ထျန်းမီနဲ့ပဲ နီးနီးကပ်ကပ်နေတော့တယ်

သက်သာသွားလို့ ဆေးရုံက ဆင်းရသော်လည်း ရှီရင်းက တပ်ထဲ ပြန်မဝင်သေးပဲ လက်ထပ်မှတ်ပုံတင်ရန် အကြောင်းကြားလိုက်တယ်၊ ပြီးတော့ မင်္ဂလာဆောင် ဓာတ်ပုံ ကြိုရိုက်တော့တယ်

နတ်ဘုရားကြီးက ငါ့အပိုင်ကွWhere stories live. Discover now