My love is for you aloneအပိုင်း(၄)

133 15 16
                                    

"ဟဲ့ ဒါကဘယ်လိုဖြစ်လာတာတုန်း"
"ခဏလေးနော် အန်တီလေး Babyကအိပ်ပျော်လာလို့"

"အမယ် Babyဆိုပါလား" အိပ်ပျော်နေတဲ့တူတောင်မောင်ကို ပွေ့ချီရင်အိမ်ပေါ်တတ်သွားတဲ့ အံ့မင်းခန့်ကို အပျိုကြီးဒေါ်ခင်လေး ကြည့်ပြီး ပြုံးလိုက်မိလေသည်။
(ဘုန်းပြည့်ရဲ့အခန်းကို ဒေါ်ခင်လေးသွားပြီးချောင်းကြည့်လိုက်တော့
အံ့မင်းခန့်က ဘုန်းပြည့်ကို ကုတင်ပေါ်မှာဘဲ  အင်္ကျီလဲပေးခါ
ဝက်နှုတ်ခမ်းလိုထော်နေတဲ့ ဘုန်းပြည့်နှုတ်ခမ်းကို ဖွဖွလေးနမ်းနေလေသည်
အမလေး ငအံ့ရယ် ကဗျာဆန်လိုက်တာနော်)

"မောင်အံ့မင်းခန့် ပြန်တော့မှာလားကွယ့်

"ဟုတ်ကဲ့အန်တီလေး ကျနော်ပြန်တော့မယ်ခင်ဗျ"

"မောင်အံ့မင်းခန့်ကို အန်တီလေး ​စကားနည်းနည်းလောက်ပြောလို့ရမလားကွယ့်"

"ဟုတ်ရပါတယ်အန်တီလေး"

"အေးအေး လာ ခဏထိုင်ပါအုံး
နှင်းမူရေ အအေးလေးယူခဲ့ပါအုံးဟေ့"

"အန်တီလေးဘာပြောမလို့လဲခင်ဗျ"

"မင်းနဲ့ သားငယ်ကိစ္စဘယ်လိုလုပ်မှာလဲ အန်တီလေးသိချင်တယ်"

"ဟုတ်ကဲ့ ကျနော် ဘုန်းပြည့်ကို လက်ထပ်မှာပါ အန်ကယ်တို့ကိုလဲဖွင့်ပြောပြီးပါပြီ
ဘုန်းပြည့်ကို ကျနော်တကယ်ချစ်တာပါအန်တီလေး"
"အန်တီလေး မင်းကိုတခုလောက်တောင်းဆိုချင်တယ် မောင်အံ့မင်းခန့်"
"ဟုတ်ကဲ့ အန်တီလေး"
" သားငယ်ကမွေးရာပါနှလုံးရောဂါသည်မို့ အန်တီလေးတို့ဂရုစိုက်လာခဲ့ရတာသိပြီးသားဖြစ်မှာပါ သူ့ကို စိတ်ချမ်းသာအောင်ထားပေးပါကွယ် ဒီနှစ်ပိုင်းထဲ သူကျန်းမာရေးကညံ့လာတယ်။သူ့ကိုတကယ်ချစ်ရင် ဂရုစိုက်ပေးပါကွယ်"
"ဟုတ်ကဲ့ ကျနော်ကတိပေးပါတယ်ဗျ"
"အေးအေး မင်းပြန်မှာဆိုပြန်တော့လေ"
         ••••••••••••••••••••••••••••••••••••
"ဟဲ့ ဘုန်းပြည့် နင်အိမ်ထောင်ပြုတော့မှာဆို"
"ဟုတ်တယ်လေ ဘာလို့လဲ နင့်ကိုဘယ်သူကပြောတာလဲ ဒေါ်လေးကလား"
"အေးဟုတ်တယ်  နိုင်ငံခြားသားကြီးတော့မကောင်းပါဖူးဟယ်"
"နောက်ပြီးကျတော့ ယောကျာ်းအချင်းချင်းကြီး"
အချစ်ကို Gander လာခွဲနေတဲ့ အစ်မဝမ်းကွဲ ခင်စုစုအေးကို ဂျိုကြည့်တွေကြည့်လိုက်ပြီး ဘုန်းပြည့်ပြန်ပြောလိုက်သည်က

My love is for you aloneWhere stories live. Discover now