2

511 97 17
                                    

အိမ်ပြင်မဲ့ကိစ္စတွေကမြန်မြန်ပဲဆွေးနွေးလို့အဆင်ပြေသွားတယ်။
ငွေကလဲ ဆယ်ဟွန်းတတ်နိုင်တာထက်ပိုပြီးနည်းနေလို့တောင်ကံတရားကို ကြိတ်ပြီးကျေးဇူးတင်ရတယ်။

ပြသာနာရှိနေတာကတော့ ဆယ်ဟွန်းက အိမ်ပြင်နေတဲ့အတောအတွင်း အိမ်ငှားနေရမှာဖြစ်တယ်။

Mr.Loeyကိုယ်တိုင် လိုက်ပို့တဲ့အိမ်အပြန် လမ်းတလျှောက် ဆယ်ဟွန်းကအိမ်ကိစ္စနဲ့အတွေးများနေရတာမို့ ကားတွင်းလေထုကအေးတိအေးစက်နဲ့ တိတ်ဆိတ်နေရတယ်။
ရေဒီယိုမှ နှစ်သစ်ကာလ ဆုတောင်းစကားတွေနဲ့သီချင်းအချို့ လွှင့်နေတဲ့အသံသဲ့သဲ့သာကြားရတယ်။

" အိမ်ငှားဖို့ကိစ္စကိုစိတ်ပူနေတာလား"

ဆယ်ဟွန်းက မျက်လုံးလေးတွေဝိုင်းသွားရတယ်။
Mr.Loeyက ဆယ်ဟွန်းရဲ့ စိတ်ကိုဖတ်နိုင်တာမျိုးတော့မဟုတ်လောက်ပါဘူးနော်...

" အမှန်အတိုင်းပြောရရင်တော့ ဟုတယ်၊ ကျွန်တော်ကလေ အိမ်ခဏခဏပြောင်းရတာမျိုးကိုမကြိုက်ဖူးလေ။ အဲ့တာကြောင့်ပါ၊
ဒါပေမဲ့လဲ ဘယ်တတ်နိုင်မလဲလေ ၊ ခဏတော့သည်းခံရမှာပေါ့"

ပစ္စည်းတွေသယ် ရရွှေ့ရတာ သိပ်ကိုကသီတယ်။
ဆယ်ဟွန်းရဲ့ အလုပ်နဲ့ပက်သတ်တဲ့ပစ္စည်းတွေကိုလဲ ပြောင်းရင်းရွှေ့ရင်းပျောက်ပျက်မှာ စိုးရိမ်ရသေးတယ်။

မကြာခင်ပဲ ဆယ်ဟွန်းရဲ့ခြံလေးရှေ့ရောက်လာတယ်။

အိမ်ထဲ ဝင်ဖို့ ခေါ်ရမလားမခေါ်ရမလား အတွေးနဲ့ယောက်ယတ်ခတ်နေပေမဲ့Mr.Loeyက ကော်ဖီ တခွက်လောက်ရနိုင်မလားဆိုတဲ့အမေးကြောင့်ဆယ်ဟွန်းကပိုလို့အားနာသွားတယ်။

ဆယ်ဟွန်းကအလိုက်မသိတဲ့အလုပ်သမားမျိုးပါ။

" ကိုယ့်အိမ်လာနေဖို့ ဆန္ဒရှိလား ၊ အိမ်ပြင်နေတဲ့အတောအတွင်းပေါ့၊ ခုကာလက လဲ နှစ်သစ်ကူးချိန်မို့အိမ်ရှာဖို့ကလဲ လွယ်မယ်မထင်ဘူး"

" အာ...စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ၊ ကျွန်တော် အဆင်ပြေပါတယ်၊ အခန်းကမြန်မြန်ရှာတွေ့မှာပါ။ "

ဆယ်ဟွန်းက နောင်တလဲနဲနဲရချင်တယ်။
အိမ်ပြင် ဖို့ လောမိသွားတယ်။
တံခါး တွေက သိပ်မလုံချင်တာမို့ရှေ့လျှောက် ပိုပြီးဆိုးလိမ့်မယ်။
နောက်၅ရက်နေရင်ပဲ အိမ်ကိုတလုံးလုံးဖြိုချပြီးအသစ်ဆောက်တော့မှာဖြစ်တယ်။

" Milk Pudding"Where stories live. Discover now