3

482 90 9
                                    

ပွဲနေ့ရောက်တော့ ဆယ်ဟွန်းကလွဲ ကျန်တဲ့သူတွေအကုန်လုံးမနက်ထဲကအလုပ်ရှုပ်နေကြတယ်။

Mr.Loeyလိုနာမည်ကြီးအနုပညာရှင်အတွက်သေချာပေါက်အရေးပါတဲ့ပွဲဖြစ်တယ်။
နောက်ထပ်နောက်ထပ်သောအောင်မြင်မှုတွေရှိရာအတွက် လှေကားတထစ်လဲဖြစ်တယ်။

ပွဲက နေ့လည် ၁နာရီမှာစမှာဖြစ်တယ်...

Make up ပြင်နေတဲ့Mr.Loeyရဲ့maek upအခန်းထဲ ဆယ်ဟွန်းကယောင်လည်လည်နဲ့စပ်စုနေတယ်။

MUAအမက ဆယ်ဟွန်းကိုတချက်ကြည့်လို့ဒြုံးပြတော့အလိုက်သင့်လေးပြန်ပြုံးပြရင်းခုံမှာထိုင်နေတဲ့Mr.Loeyအနား သွားထိုင်လို့ make upပြင်တာကိုထိုင်ကြည့်နေတော့တယ်။

" သူလေးလား ယောလ်၊
ရင်ဆိုင်ရမှာတွေကိုတွေးပြီပြီလား"

Mr.Loeyနဲ့ထိုအမတော့make upပြင်နေရင်းဘာတွေပြောနေကြမှန်းမသိပေမဲ့ ဆယ်ဟွန်းက စိတ်မဝင် စားတာမို့eye make upခြယ်နေတာကိုပဲ စိတ်ဝင်တစားကြည့်နေမိတယ်။

"Mr.Loeyက ထိုအမကို"အင်း" ဟုသာ အဖြေပြန်ပေးတယ်။

" ချောချောလေးပဲ အဲ့တာကြောင့် ယောလ်တို့ ငြိမ်ချက်သားကောင်းနေလားမှတ်တယ်၊ ငါတို့ရဲ့ထပ်တန်းအမျိုးသားသရုပ်ဆောင်ကြီးရဲ့ကျဆုံးခန်းလေးက ဒီကြောင်ပေါက်လေးလိုနို့ခဲလေးနဲ့မှာပေါ့ဟုတ်လား"

" ဟုတယ် သူကကျွန်တော့်ရဲ့ငတုံးလေး၊ ခုထိ သူက ရိပ်တောင်မရိပ်မိသေးဘူး"

" အာ... အရိုးခံလေးမို့ပါ၊ ပုံစံလေးကြည့်တာနဲ့သိသာနေတာပဲကို"

နို့ပူတင်းလို့တစွန်းတစကြားမှ ဆယ်ဟွန်းတောင်နို့ပူတင်းစားချင်သွားရတယ်။
ညနေ နွားနို့ဝယ်ပြီး ပူတင်းလုပ်မှပဲ။

********
" TVမှာ ကိုယ့်ကိုကြည့်နေနော် ၊ ပြန်လာရင် ဂုဏ်ပြုစကားပြောဖို့မမေ့နဲ့"

Mr.Loeyက သွားခါနီးမှာထိုသို့ဆိုတာမို့ ဆယ်ဟွန်းကTVရှေ့ တိုက်ရိုက်လွှင့်နေတာကိုကြည့်ရန် ဆိုဖာထက်ထိုင်နေရပြီ။

တယောက်ပြီးတယောက်သော သရုပ်ဆောင်တွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဆယ်ဟွန်းကကြည့်ရင်းလေ့လာရင်းနဲ့Mr.Loeyပေါ်လာတော့ ကလေးတွေလိုလက်ခုပ်လက်ဝါးတီးရင်းအော်မိတော့တယ်။

" Milk Pudding"Where stories live. Discover now