Unicode:
အဖေ၏စည်းရုံးသိမ်းသွင်မှုကောင်းသည်ဟုဆိုမလား။
နောက်တစ်နေ့မနက်တွင်အမေသည်ငါးခြောက်၊ငါးခြမ်းများကိုကြော်ခြမ်းထုတ်ပိုးပေးနေသည်။လက်မအားသကဲ့သို့ ပါးစပ်လည်းမနားပေ။" ငါကပိုတာမဟုတ်ပါဘူးနော်၊နင့်အဖေကလိုနေတာ"
"အမေကလည်း ကျနော်သိပါတယ်လို့"
"ပြီးတော့ ဟိုဖက်ရှမ်းပြည်ရဲ့ရာသီဥတုက များသောအားဖြင့် အေးတယ်၊အဲ့တာကြောင့် ဟိုမှာနွေးနွေးထွေးထွေးနေ၊လိုရမယ်ရဆေးတွေလည်းဆောင်သွား၊အစားအသောက်လည်းမှန်အောင်စားအုန်း၊ပြီးတော့ နယ်စိမ်းမှာဆိုတော့ အားကိုးရတဲ့သူလေးတော့ရှာပေါင်းသိလား"
"အင်းပါ အင်းပါ အမေရယ် ဂရုစိုက်ပါ့မယ်လို့၊ ဒီလိုအသံလေးကိုလွမ်းနေရတော့မှာဘဲ မွ မွ"
အနောက်ကနေသိုင်းဖက်ပြီးအမေ့ပါးပြင်လေးနစ်၀င်အောင်နမ်းရှိုက်လိုက်သည်။ရေသောက်ရန်၀င်လာသောအငယ်ဆီမှ
"ကိုကိုမင်းဟိုမှာလည်း ရှမ်းမလေးတွေကိုခုလိုသွားကပ်ချွဲမနေနဲ့အုန်းနော်။ကောက်ကောက်ပါလာမှဒုက္ခ။"
"ဟျောင့် သစ်လွင် ငါစောင့်ကန်ထည့်လိုက်ရ"
"ဟားဟား ကြည့်အုန်းမေမေရယ် အမေ့သားငချွဲလေးရှက်သွားပြီ"
သိုင်းဖက်ထားသည်ကိုလည်းမလွတ်ခြေထောက်ဖြင့်လည်းလှမ်းကန်နေပုံမှာကို့ရို့ကားယားနိုင်လွန်းသည်။ထိုအခိုက်၌ရီသံလေးများမီးဖိုချောင်လေးထဲပျံ့လွင့်နေလေ၏။တချွမ်းချွမ်းကြော်သံ၊လှော်သံများကိုပင်ဖုံးလွမ်းလျက်ပေ။
"တော်တော့ သားငယ်၊မင်းလည်းမင်း အကိုကို့ဘဲစနေတော့တာဘဲ။နှစ်ယောက်လုံးတော်တော့ ယောင်းမစာမမိချင်ရင်"
"အမေကလည်းဗျာ သူ့သားမျက်နှာပြောင်နဲ့လျှာထုတ်ပြီး ပြောင်နေတာကျမမြင်ဘူး"
"လဲ့ လဲ့ လဲ့"
"ဟာတွေ့လား လျှာတောင်ထုတ်ပြနေသေးတယ်"
"မနိုင်ဘူး။မနိုင်ဘူး"ဟုတိုးတိုးလေးညီးကာလုပ်လက်စများကိုလက်စသတ်နေတော့သည်။မယား၀တ္တရားကျေပွန်ပြီးမိခင်ကောင်းပီသလှသောအမေ့၏လှသွေးကြွယ်သောသွေးများသည် အမေတူသားဖြစ်ေသာကျနော့ကိုယ်ထဲစီးဆင်းနေခဲ့မည်လား။အမေကဲ့သို့ "လည်ပြန်ငေး"အလှကိုပိုင်ဆိုင်ထားသည်ဟုပင် ပြောသံဆိုသံများကြားဖူးသေး၏။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸