Part-1

5.5K 283 7
                                    

Unicode

ရှောင်းကျန့်တစ်​ယောက်သူပုလဲထဲဝင်ပြီးတော့သူ့ရဲ့အရာအားလုံးကအမှောင်ဖြစ်သွားခဲ့ပေမဲ့ခနနေတော့သူအလင်းမှိန်မှိန်လေးရလာတာကြောင့်သူ့ရဲ့မျက်လုံးလေးကိုဖွင့်လိုက်တယ်။ဖွင့်ပြီးပြီးချင်းမြင်ရတဲ့အရာအားလုံးကသူတစ်ခါမှမမြင်ဘူးတဲ့နေရာစိမ်းကြီးဖြစ်နေတယ်ဟိုမိုးလောက်မြင့်နေတာတေကကောဘာတေလဲသူရှေ့မှာလမ်းကျယ်ကြီးပေါ်မှာရွှေ့လျားနေတဲ့အရာတွေကရော
သူပုလဲထဲဝင်နေတုန်းတိုးတက်လာတာလား

(အော်ပုလဲထဲ ခနဝင်တာ အဲ့လောက်ကြီးပြောင်းလဲသွား တာလားဟင်🥺)

ရိပေါ်တစ်ယောက်ဆိုင်ကယ်မောင်းလာရင်းကနေရှေ့ကအဖြူရောင်ဝတ်စုံနဲ့တစ်ယောက်ကိုတွေ့လိုက်တာကြောင့်

"ဟေ့လူရှေ့ကဖယ်လေ ကားလမ်းပေါ်ရပ်နေတာသေချင်လို့လားညကြီးကို ဟေ့လူခဗျားကိုဖယ်ခိုင်းနေတယ်လေ"

ရှောင်းကျန့်တစ်ယောက်ထူးထူးဆန်းဆန်းအရာတွေကိုကြည့်နေတုန်းဘေးကခေါ်သံကြားလိုလှည့်ကြည့်လိုက်တော့ကောင်လေးတစ်ယောက်ကထူးဆန်းတဲ့အရာကြီးပေါ်မှာခွထိုင်နေတယ်လေသူကြောင်ကြည့်နေမိတယ်။တစ်ခါမှမှမမြင်ဖူးတာအကုန်အထူးအဆန်းတွေ

ရိပေါ်တစ်ယောက်ရှေ့ကဖယ်ခိုင်းတာကိုမဖယ်ပဲသူ့ကိုကြောင်ကြည့်နေတဲ့လူကြောင့်ဆိုင်ကယ်ကိုဟိုဘက်ကွေ့မယ်လုပ်တော့ကားလာတာကြောင့်ဆိုင်ကယ်ကိုလှဲချလိုက်ကတော့တယ်။အချိန်ပါတာကြောင့်သူ့လက်တွေခြေထောက်တွေမှာဒဏ်ရာတွေရကုန်တာကြောင့်

"ဟေ့လူရှေ့ကဖယ်ခိုင်းတာကိုဘာလို့မဖယ်တာလဲအခုကျနော်ဒဏ်ရာတေရကုန်ပြီဘလိုလူလဲမသိဘူး"

ရိပေါ်ခုမှသေချာကြည့်မိတယ်ဒီလူတော်တော်ချောတာပဲ။ဒါမဲ့စိတ်မနပ်ဘူးထင်တယ်။အက်ျီဝတ်ထားတော့လဲဖရိုဖရဲနဲ့လူကလည်းအူကြောင်ကြောင်ဆိုတော့

ရိပေါ်တွေးနေတုန်းရှောင်းကျန့်ကသူ့ဒဏ်ရာကိုလာတို့တာကြောင့်အနာကအနည်းငယ်စပ်သွားတယ်

"အနာကိုလာတို့ကလား နာပါတယ်ဆို ဖယ်ကျုပ်ပြန်တော့မယ်"

ရိပေါ်ထလိုက်တာကြောင့်ရှောင်းကျန့်အမှတ်မထင်ရိပေါ်ဆွဲထားတဲ့ဆွဲ​ကြိုးလေးကိုမြင်လိုက်တယ်။သူနဲ့တစ်ပုံစံထဲကိုမှကျောက်တုံးလေးကအစိမ်းရောင်လေးဝမ်ချင်းပြောတာဒီကောင်လေးပဲထူးဆန်းတယ်သူ့ကိုတန်းရှာတွေ့တာ။

A change in my life🔞❤Completed💚🐰Zhanyi🐷Where stories live. Discover now