Part-18[ final ]

4.2K 169 10
                                    

Unicode

ရှောင်းကျန့်နဲ့ရှောင်းဝူဟာတိုက်ပွဲစရန်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတယ်။
တိုက်ပွဲစတဲ့အချိန်ကြတော့သူတို့နှစ်ယောက်တိုက်ခိုက်နေပေမဲ့ရှောင်းကျန့်ကသူ့ကိုမထိခိုက်အောင်ရှောင်တိုက်နေတာကိုရှောင်းဝူသိလိုက်တယ်။ထို့ကြောင့်ရှောင်းဝူကတိုက်ကွက်ပြောင်းလိုက်တယ်။

မိစ္ဆာအရှင်မကလည်းခေသူမဟုတ်တာကြောင့်ရှောင်းဝူတိုက်ကွက်ပြောင်းတာကိုခနလေးအတွင်းရိပ်မိလိုက်တာကြောင့်ဘာလို့တိုက်ကွက်ပြောင်းမှန်းသိချင်နေမိတယ်။ဒီတိုက်ကွက်ကတော်ရုံနဲ့ရှောင်းဝူထုတ်မသုံးတဲ့ရေခဲမိစ္ဆာတိုက်ကွက်အေးတိအေးဆက်နဲ့ပဲပြန်တိုက်ခိုက်ပြီးနောက်ဆုံးသူသာမနိုင်ပဲသရေကျသွားရင်ထိုတိုက်ကွက်ကိုထုတ်သုံးတဲ့သူကရေခဲအဖြစ်ပြောင်းပြီးအငွေ့ပြန်သွားမှာ။တစ်ခုခုကိုရိပ်မိသွားတဲ့မိစ္ဆာအရှင်မကကောင်းတာဖြစ်မလာနိုင်တဲ့ရန်ပွဲကိုအဆုံးသတ်ရန်ရှောင်းကျန့်ကိုအဆိပ်အပ်နဲ့လှမ်းပစ်လိုက်တယ်။ထိုအချင်းအရာကိုမြင်တဲ့ရှောင်းဝူကရှောင်းကျန့်ကိုတိုက်သလိုနဲ့ဟိုဘက်ရှောင်စေပြီးသူဝန်ခံလိုက်တာကြောင့်အဆပ်မြှားကသူ့ကိုစိုက်သွားခဲ့တယ်။မိစ္ဆာအရှင်မကမတ်တပ်ရပ်လိုက်ပြီး

"ဟက် ရှောင်းကျန့်ကိုပစ်တာကိုဝန်ခံတယ်ပေါ့ရှောင်းဝူ ငါကမအပါဘူးနင်တိုက်ကွက်ပြောင်းကတည်းက နင်တို့နှစ်ယောက်ကညီအကိုတေဆိုတာသိနေကြပြီဆိုတာငါသိလိုက်ပြီအစကမသေချာပေမဲ့ အဆိပ်မြှားကိုဝန်ခံလိုက်တဲ့အတွက်သေချာသွားပြီ ရှောင်းဝူ မင်းကတိကိုဖျက်တယ်"

"မား ကျနော်အကို့ကို ကာကွယ်တာမမှားဘူးမားကျေးဇူးပြုပြီးအကို့ကိုလွှတ်ပေးပါ အဟွတ်"

ရှောင်းဝူကစကားပြောရင်းပါးစပ်ထဲမှသွေးတွေထွက်လာခဲ့တယ်။အခုမှပြန်တွေ့တဲ့ညီငယ်ကိုမဆုံးရှုံးချင်တဲ့ရှောင်းကျန့်ကရိပေါ်နားကနေဝမ်ချင်းကိုထွက်လာရန်ခေါ်လိုက်ပြီးကျန်းချန်ကိုတော့ရိပေါ်ကိုစောင့်ရှောက်ဖို့မှာပြီးသွားရန်ခိုင်းလိုက်တယ်။

မိစ္ဆာအရှင်မကိုရှောင်းကျန့်ကဆင်လက်တိုက်ခိုက်ခဲ့တယ်။တခြားမိစ္ဆာတေကိုရှောင်းကျန့်ကအစွမ်းနဲ့ဖျောက်လို့ရပေမဲ့မိစ္ဆာအရှင်မကြတော့သူ့ရဲ့စွမ်းအင်နဲ့ကိုယ့်စွမ်းအင်ရှင်ပြိုင်တိုက်ရမှာဖြစ်တာကြောင့်ရှောင်းကျန့်ဘက်ကပဲစတင်တိုက်ခိုက်ခဲ့တယ်။
__________________

You've reached the end of published parts.

⏰ Last updated: Oct 25, 2021 ⏰

Add this story to your Library to get notified about new parts!

A change in my life🔞❤Completed💚🐰Zhanyi🐷Where stories live. Discover now