Part[12]

17.1K 1K 49
                                    

"မင်း အဲ့ဒီ Band ထဲကထွက်လိုက်​တော့"

"ဘာ"

မြဲ ကွန်ဒိုရဲ့ဧည့်ခန်းမှာရှိတဲ့ဆိုဖာခုံမှာထိုင်ပြီးပြီးချင်း မြဲကပြောလာတာဖြစ်သည်။

"ငါ​ပြောတာနားမလည်လို့လား အဲ့ဒီ့ Band က​နေထွက်လိုက် ပြီးရင်အဲ့ဒီဘားမှာလည်းသီချင်းမဆိုနဲ့​တော့"

"ငါသိတယ် ငါနားလည်လွန်းလို့ပြန်​မေး​နေတာ ငါကဘာလို့အဲ့က​နေထွက်ရမှာလဲ ငါအဲ့ဒီက​နေထွက်ပြီးဘာလုပ်ရမှာလဲ ငါအဲ့ဒီ Band မှာ​နေလာတာ 5 နှစ်​ကျော်​နေပြီ"

သာလွန် စိတ်တိုပြီးထိုင်နေရာကနေထရပ်မိသည်အထိပင်။ သူ ဒီလောက်တော့ပေါက်ကွဲခွင့်ရှိသည်ဟုထင်မိသည်။ မြဲက တကယ်မစာမနာပြောရက်ပေသည်။ သာလွန်က Band ကနေထွက်ပြီးဘာလုပ်စားရမှာတဲ့လဲ။ ကိုယ့်ဝါသနာနဲ့အသက်မွေးဝမ်းကြောင်းပြုနေရတာကို တကယ်မစွန့်လွှတ်နိုင်ပါ။
မြဲ အဲ့လိုမျိုးလက်လွတ်စပယ်ပြောလာတာက သာလွန့်ကို ဝမ်းနည်းစိတ်ဖြစ်စေသည်။ မြဲရဲ့ပုံစံကလည်း နည်းနည်းမှ​လျှော့မည့် ပုံမ​ပေါ်။ သူ့အလိုအတိုင်း၊ သူဖြစ်ချင်တဲ့အတိုင်း သူ့သဘောကျ သာလွန်​နေ​ပေး​နေတာကို အခုသာလွန့်အလုပ်ထိပါ ဘာလို့လဲ။

"ဘာလို့လဲဆို​တော့အမြင်မ​တော်လို့​လေ မင်းကဘားမှာသီချင်းဆိုတဲ့​ကောင်​လေး ချူဆီဆိုပြီးနာမည်ကြီး​နေတာ ကြာရင်ငါ့ကိုပါထိခိုက်လာဖို့ရှိတယ် ဘာလုပ်ရမှာလည်း ဆို​တော့ မင်း ငါ့​​ဘေးမှာနေပေး​ရုံနဲ့ ပိုက်ဆံ​တွေအများကြီးရ​နေတာပဲ ဘာမှလုပ်စရာမလိုဘူး"

"မင်း ငါ့ကို တကယ်ပဲဘယ်လိုသတ်မှတ်နေတာလဲ မြဲ! မင်းနာမည်ထိခိုက်မှာစိုးရင် ငါတို့မ​တွေ့လို့ရတာပဲ ဘယ်​တော့မှ​မတွေ့ဘဲနေမယ်လေ ငါက​တော့မထွက်နိုင်ဘူး ဒါငါ့အလုပ်"

"ဘာလဲ အဲ့ဘားပိုင်ရှင်နဲ့မခွဲနိုင်လို့လား သူကငါ့ထက်ပို​ကောင်း​နေလို့လား"

"မင်း မဆိုင်တာ​တွေမ​ပြောနဲ့"

"အဲ့ဒါဆိုထွက်လိုက်​လေ"

"ငါမထွက်နိုင်ဘူးလို့​ပြောပြီးသားမလား"

"မင်းမထွက်ဘူးဆိုရင် ငါအဲ့ဒီBand ကိုဖျက်ဆီးပစ်မယ် Band ရဲ့အဖွဲ့ဝင်​တွေမှာလည်း မိသားစု​တွေရှိကြမယ်ထင်တယ် ဘယ်လိုလဲ"

အနက်အဓိပ္ပါယ် ဖွင့်ဆို၍မရနိုင်​သော(အနက်အဓိပ္ပါယ် ဖွင့်ဆို၍မရနိုင်​သော)Where stories live. Discover now