Chapter 1

2K 124 0
                                    

Unicode :

သတ္တုနံရံဖြင့် ကာရံထားသော အခန်းငယ်တစ်ခု။
မျက်နှာကျက်မှ ချိတ်ဆွဲထားသော မီးအိမ်က အခန်းကို မှိန်ဖျော့ကာ အေးစက်နေစေ၏။

"မင်းဘာလုပ်ခဲ့လဲ မင်းနားလည်လား။ မင်းက ငါတို့နိုင်ငံကို မျက်နှာပျက်အောင် လုပ်လိုက်တာပဲကွ။ ဒီနိုင်ငံက မင်းကို ပြုစုပျိုးထောင်ပေးခဲ့တာ။ ခုတော့ မင်းက သစ္စာဖောက်တယ်ပေါ့လေ"
ထပ်ခါတလဲလဲ လက်သီးနှင့်ထိုး ခြေထောက်နှင့်ကန်ပြီးနောက် စစ်ဝတ်စုံဝတ်ထားသော အရာရှိက ကြိမ်းမောင်းပြောသည်။ သူ့အသံမှတဆင့် ဒေါသထွက်နေခြင်းက သိသာနေလျက် ဝမ်းနည်းမှုအနည်းငယ်လည်း ရှိနေပေ၏။

အရိုက်ခံရသူက အသက်နှစ်ဆယ်ကျော်လူငယ်တစ်ဦး ဖြစ်၏။ အရပ် 190 cm ခန့်ရှိပြီး မတ်မတ်ရပ်နေကာ တခြားလူ၏ ထိုးကြိတ်မှုကို တခွန်းမျှပြန်မပြောပဲ ငြိမ်ခံနေ၏။ လူငယ်၏ မျက်လုံးများက ဦးတည်ရာမဲ့နေကာ မည်သည့်အမူအရာမျှမရှိပဲ နှုတ်ခမ်းကို ကိုက်ထားသဖြင့် သွေးစီးကြောင်းခပ်သေးသေးတစ်ခုက နှုတ်ခမ်းထောင့်မှ စီးကျနေ၏။

ရိုက်နှက်ဆဲဆိုပြီးနောက် အရာရှိက စိတ်လျှော့ရန်ကြိုးစားကာ မဲမှောင်နေသော အမူအရာဖြင့် အခန်းထဲမှ ထွက်သွား၏။ သူက လက်ဝှေ့ရမ်းလိုက်သည့်အခါ စစ်ဝတ်စုံဝတ်ထားသော စစ်သားနှစ်ယောက်က လူငယ်ကို အကျဥ်းခန်းထဲကို ခေါ်သွားသည်။ လူငယ်က ခုခံခြင်းမပြု၊ သူ့တကိုယ်လုံးက မလှုပ်မယှက်၊ မျက်လုံးများက ဦးတည်ရာမဲ့လျက်။

အရာရှိက အကျဥ်းခန်းတံခါးပိတ်သွားသည်အထိ ကြည့်နေပြီး ဦးထုတ်ချွတ်ကာ မျက်မှောင်ကြုတ်သည်ထက်ကြုတ်ပြီး စောင့်ကြည့်ခန်းသို့သွားရန်လှည့်လိုက်၏။ ထို့နောက် အမူအရာမဲ့စွာဖြင့် သူ့ရှေ့မှလူကို ပြောလိုက်သည်
"လောင်ဝမ်.. ဒီတခါတော့ ငါတို့မတတ်နိုင်တော့ဘူး"

လောင်ဝမ်ဆိုသူက အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ယောက်ဖြစ်၏။ သူ့အသက်အရွယ်လူတော်တော်များများသည် ဘဝ၏ ဖိနှိပ်မှုကို အနည်းနှင့်အများ ခံကြရပြီးဖြစ်သည်။ သို့သော် သူ့တွင် ထိုအသက်အရွယ်တွင်ရှိနေကျ ငြီးငွေ့နေမှုမျိုး ရှိမနေ။ လောင်ဝမ်၏ ကိုယ်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေ၏။ တိတိကျကျပြောရလျှင် လူသတ်မည့် အခိုးအငွေ့မျိုး ..။

REVENGE || ကလဲ့စား || မြန်မာဘာသာပြန်Where stories live. Discover now