The whole shot written in Mingyu's pov // zawgyi

357 12 2
                                    

ပန်းချီကားတွေပေါ်မှာ မှောက်ကျနေပြီဖြစ်တဲ့ဆေးအမဲတွေက သူ့အင်္ကျီပေါ်မှာပါ စွန်းပေနေတာသိသော်လည်း အတူတူခြယ်ဖူးတဲ့ပန်းချီတွေကို ဖျက်ဆီးလိုက်ပြီမို့နာကျင်ရတယ် ။ ဆေးတွေပေကျံနေတဲ့လက်က အခန်းရဲ့ စားပွဲခုံတစ်နေရာကိုသွားပြီး ထောင်ထားတဲ့ ဆိုင်းဘုတ်ညိုလေးကို လက်လှမ်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပန်းချီကားတွေပေါ်မှာ မှောက်ကျနေပြီဖြစ်တဲ့ဆေးအမဲတွေက သူ့အင်္ကျီပေါ်မှာပါ စွန်းပေနေတာသိသော်လည်း အတူတူခြယ်ဖူးတဲ့ပန်းချီတွေကို ဖျက်ဆီးလိုက်ပြီမို့နာကျင်ရတယ် ။ ဆေးတွေပေကျံနေတဲ့လက်က အခန်းရဲ့ စားပွဲခုံတစ်နေရာကိုသွားပြီး ထောင်ထားတဲ့ ဆိုင်းဘုတ်ညိုလေးကို လက်လှမ်းမိပါသေးရဲ့ ။

KIM MINGYU JEON WONWOO

Hyung ကသူ့ဘဝနဲ့သူနေရမယ့်သူ

သူက Hyung နဲ့ဝေးဝေးမှာနေသင့်တဲ့သူ

အတိတ်မှာပိတ်မိနေတယ်ဆိုရင် ရုန်းထွက်ဖို့တောင်မကြိုးစားခဲ့တာ လွန်ခဲ့တဲ့နှစ်တွေကတည်းကမဟုတ်ပါလား ။

အရာအားလုံးထက် ဒီနှလုံးသားကိုမျက်ကွယ်ပြုပြီးနေထိုင်နေတဲ့သူ့ရဲ့ပုံရိပ်က ပိုပြီးစုတ်ပြတ်သတ်လို့နေတယ် ။

ပြတင်းပေါက်မှန်ကတဆင့်ကြည့်လိုက်တဲ့အခါမှာ မိုးစက်ဖွဲဖွဲတွေက စနေရာယူနေပြီ ။ ဒီပန်းချီခန်းထဲမှာ ထိုင်ငိုနေလို့ တစ်ခုခုထူးလာမလား .... ဟင့်အင်း

အားလုံးက ဒုံရင်းပဲ ။ မိုးရွာတဲ့အခါတိုင်း ပိုသတိရနေမိတော့ ဘယ်လိုလုပ်သင့်လဲ ?

ဒီဒဏ်ရာတွေကြောင့် မြင်ကွင်းထဲမြင်သမျှဟာ အဖြူအမဲသာသာချည်း ဖြစ်နေရော့ပေါ့ ။

Right person Wrong time လို့ပြောကြပေမယ့် ဘယ်လိုလုပ်မလဲ ? Right person ပါဆိုတဲ့လူက သူ့ဆီပြန်မလာလောက်တော့ဘူး ။

သူ့ထက်ကောင်းတဲ့သူနဲ့တွေ့ပြီး ပျော်ရွှင်ရင်းနေရဖို့ပဲ ဆုတောင်းမိတာပါ ။

- caught up in the rain -

ခြေလှမ်းသံတွေက စိပ်လာသည် ။ ရုတ်ရုတ်သဲသဲအသံတွေဟာ လမ်းမထက်မှာ ပြန့်ကျဲနေလျက် ။

dear the victim of Love [ meanie ]✔️Where stories live. Discover now