Destiny_12

2.5K 252 11
                                    

(Mediaမှာတင်ထားတဲ့သီချင်းလေးကိုကျိန်းသေနားထောင်ပေးဖို့တောင်းဆိုပါတယ်၊ ဒီDestiny ficလေးဖြစ်လာတာဒီသီချင်းလေးကြောင့်မို့လို့ပါ)

      ဆေးရုံအဆောက်အဦးအရှေ့ကိုရောက်တော့မှ ပစ်လဲမကျသွားအောင်ပြေးလွှားနေတာကိုခဏရပ်ကာအမောဖြေနေမိသည်။ တစ်လမ်းလုံးကားစီးဖို့ကိုလည်းသတိမရသလို ပင်ပန်းမောဟိုက်လာကိုလည်းဂရုမစိုက်နိုင်...။အမောဖြေနေရင်းဆေးရုံထဲဝင်ဖို့ကိုရွံ့နေမိသည်။ မတော်လို့များတစ်ခုခုဆို....။

       "အာ...မဟုတ်ဘူး..မဟုတ်ဘူးရှောင်ကျန့်မင်းမဟုတ်တာတွေသိပ်မတွေးမလွန်ပါနဲ့လား၊ အဆင်ပြေသွားမှာပါ..."

       ‌ခေါင်းကိုခါယမ်းလိုက်ရင်းမဖြစ်နိုင်သည့်လွန်‌နေသောအတွေးတို့ကိုမောင်းထုတ်ကာကိုယ့်ကိုကိုယ်အားပေးလိုက်ရင်းဆေးရုံထဲသို့ဝင်ခဲ့လိုက်သည်။

       "ဟိုလေ လွန်ခဲ့တဲ့နာရီဝက် အဲ လေးဆယ့်ငါးမိနစ်လောက်ကဆိုင်ကယ်အက်ဆီးဒန့်နဲ့ရောက်လာတဲ့လူနာရှိတယ်ဆိုလို့ပါ..သူဘယ်နားမှာလဲဗျာ...ပြီးတော့လေ သူသိပ်မထိခိုက်သွားဘူးမဟုတ်လားဟင်.."

       ဆေးရုံကောင်တာကိုခပ်သွက်သွက်ပြေးသွားကာ သူသိချင်တာကိုအလောတကြီးပင်မေးလိုက်သည်။

      ဆေးရုံကောင်တာကသူနာပြုမလေးကသူ့ပုံစံကိုထူးဆန်းသလိုတစ်ချက်ကြည့်ကာစာ ရွက်စာတမ်းတွေကိုကြည့်၏။

      "လွန်ခဲ့တဲ့လေးဆယ့်ငါးမိနစ်လောက်ကပရဟိတအသင်းတစ်ခုကလာပို့သွားတဲ့ ဆိုင်ကယ်နဲ့ကုန်တင်ကားတိုက်မိတဲ့လူနာတော့ရှိတယ်၊ သူကဒဏ်ရာပြင်းလို့ခွဲစိတ်ခန်းဝင်‌နေပါတယ်..."

      "ဗျာ!!ဒဏ်ရာပြင်းတယ်ဟုတ်လား.. သေ သေ..ချာအောင်လူနာ နာမည်လေးသိလို့ရမလား.."

      သူနာပြုဆရာမလေးရဲ့စကားကြောင့်ရှောင်ကျန့်ရင်ထဲပူလောင်သွားရတာမို့ သေချာဟုတ်မဟုတ်လူနာ နာမည်ကိုမေးကြည့်လိုက်မိသည်။

      "အင်း..လူနာ နာမည်ကဝမ်ရိပေါ် အသက်က၂၄နှစ်..အခင်းဖြစ်တဲ့နေရာမှာလူနာရဲ့ဖုန်း၊ပိုက်ဆံအိတ်နဲ့IDကဒ်ကိုရှာတွေ့ထားတာမို့ ကျမတို့ဆေးရုံအနေနဲ့ကဒီလောက်ပဲသိရပါတယ်၊ ကိစ္စကမှုခင်းပုံစံမို့ကျန်တာကိုရဲဖက်ကထိန်းသိမ်းထားပါတယ်..."

DESTINY(Complete)Where stories live. Discover now