Destiny_13

2.6K 260 16
                                    

သိပ်လှတဲ့အဝါရောင်ပန်းခင်းကြီးထဲရောက်နေပေမဲ့ မြူတွေဆိုင်းနေသလိုမျိုးပတ် ဝန်းကျင်ကြောင့်ဘေးနားပတ်လည်မြင်ကွင်းက သိပ်ရှင်းရှင်းလင်းလင်းမရှိသလို ရိပေါ်ကလည်းအနားမှာမရှိနေ။

"ရိပေါ်..ရိပေါ်..မင်းဘယ်မှာလဲ.."

အသံကျယ်ကျယ်ဖြင့်အော်ဟစ်ခေါ်ရင်းပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတော့မှ ရိပေါ်ကသူ့အရှေ့ခပ်လှမ်းလှမ်းမှာရပ်နေရင်း သူ့ကိုဖျော့တော့စွာကြည့်နေ၏။

"ရိပေါ်လာလေ ကောတို့အတူအိမ်ပြန်ကျ‌ရအောင်..."

သူလက်ကိုကမ်းပေးရင်းပြောလိုက်ပေမဲ့ ရိပေါ်ကသူ့ကိုမလှုပ်မယှက်ဖြင့်ညိုးငယ်တဲ့မျက်လုံးတွေနဲ့ကြည့်နေမြဲ။သူ့တို့ကအကွာအဝေးကလည်းပိုပြီးဆိုင်းလာနေတဲ့မြူတွေကြောင့်လား ဘာလားမသိပေမဲ့ ပို၍မှုန်ဝါးပြီးရိပေါ်ကိုမမြင်ရတော့လောက်အောင်ဖြစ်လာနေသည်။

ကြည့်နေရင်းမှာပင်ရိပေါ်က‌ဖြေးညှင်းစွာကျောခိုင်းသွားတာကြောင့်နှလုံးသားလေးမှာနာကျင်သွားရကာမျက်ရည်တို့ကလည်းအလို အလျောက်ရစ်သိုင်းလာရသည်။

"မသွားပါနဲ့...ပြန်လာခဲ့ပါ.."

ရိပေါ်!!..ဝမ်ရိပေါ်!!!...

ကျယ်ကျယ်လောင်ထွက်ပေါ်လာတဲ့ကိုယ့်အသံကြောင့်ပဲအသိစိတ်ကပစ္စုပန်သို့ရောက် လာရ၏။

*သူအခုဘယ်‌ကိုရောက်နေတာပါလဲ..*

လှဲလျောင်းနေလျက်အနေအထားကနေမျက်လုံးကစားလိုက်တော့ သူ့အိပ်ခန်းဖြစ်လို့နေ၏။ ဖြစ်ပျက်သမျှအရာအားလုံးကိုသတိ ရမိတော့ ပါးပြင်ပေါ်ကိုမျက်ရည်ပူတို့ကတ ဖြိုင်ဖြိုင်လိမ့်ဆင်းကျ၏။

အရာအားလုံးအိမ်မက်အဖြစ်နဲ့သာအငွေ့ပျံပျောက်ကွယ်သွားစေချင်မိသည်။ခန္ဓာ ကိုယ်ပေါ်ကစောင်ပါးလေးကိုဆတ်ကနဲ့ဆွဲလှန်ဖယ်ချပစ်လိုက်တော့ လက်ကောက် ဝတ်နေရာဆီမှာနာကျင်မှုခပ်စူးစူးကိုခံစားရ၏။

အဟက်!

ဘယ်တော့မှပျောက်ကင်းမှာမဟုတ်တဲ့သေလောက်တဲ့စိတ်ဒဏ်ရာတွေပေးပြီးပြီးပဲမထိရောက်တဲ့ဆေးဝါး‌ပေးနေဖို့မလိုအပ်တော့ပါဘူး။ နာကျည်းစိတ်ကြောင့်လက်ကဆေးသွင်းထားတဲ့ဆေးအပ်ကိုဖြုတ်ပြီးထဖို့အလုပ်..။

DESTINY(Complete)Where stories live. Discover now