Zawgyi
CH(13)
ထူးမြတ်ပိုင် ဂုဏ်တို့အိမ်ရောက်တာနဲ့ မျက်စိကစားပြီး ကောင်လေးကိုလိုက်ကြည့်ပေမယ့် အရိပ်ယောင်ကိုမတွေ့ရ။
"ဂုဏ်ရှိလားမသိဘူး ကျွန်တော် ထူးမြတ်ပိုင်ပါ"
"အော် အေးသားလေး ခနနော် အန်တီသွားခေါ်ပေးမယ် ထိုင်ပါဦး"
"ဟုတ်"
ခနနေတော့ ဂုဏ်ရောက်လာပြီး
"ဟျောင့် ထူးမြတ် မင်းကလဲ အစောကြီးကွာ မေ ဒါ ကျွန်နဲ့ ဟိုမှာခင်ခဲ့တဲ့ သူငယ်ချင်း ထူးမြတ်ပိုင်တဲ့"
"အမလေး ငါ့သားကလေ ဆောက်လုပ်ရေး company လုပ်တာလား model agency လုပ်တာလားမသဲကွဲဘူး လာသမျှလူတိုင်းအချောတွေကြီးပဲ"
"ဟားး အန်တီကတော့ မြှောက်ပြီ"
"မြှောက်တာ မဟုတ်ဘူး အတည် အန်တီသွားတော့မယ်နော် ဆေးရုံက ကြည့်ရမယ့် လူနာတွေရှိနေသေးလို့"
"ဟုတ်ကဲ့ အန်တီ"
"ထိုင်ဦး ဟေ့ကောင် မင်း မနက်စာစားခဲ့ပြီလား"
"စားရသေးဘူး"
"အာ့ဆိုလာ ငါနဲ့ တစ်ခါထဲစားလိုက်"
"ဖေ ဒါ ကျွန်နဲ့နဲ့ ဟိုမှာခင်ခဲ့တဲ့ သူငယ်ချင်း share ဝင်ဖို့တွေလဲ သူပဲကူညီပေးခဲ့တာ"
"အေးပါကွယ် ဦးသားကို ကူညီပေးဆာ ကျေးဇူးတင်ပါတယ်နော် ထိုင် ထိုင်"
"ဖေက ဒီနေ့ ဆေးရုံမသွားရဘူးလား"
"သွားရမှာ ဒီနေ့ မနက်ပိုင်းအချိန်မရှိလို့"
"အော်"
"ဒါနဲ့ မင်းမေကပြောတယ် မင်းမှာ ချစ်ရမယ့်သူရှိနေပြီဆို"
"ဟုတ်တယ် ဖေ ကျွန်တော် အချိန်တန်ရင် ပြောပြပါ့မယ် ခုတော့ ကျွန်တော် အချန်ယူတုန်းမို့"
"အေးပါကွာ ဒီလိုကြားရတာဖေလဲ ဝမ်းသာတယ် စားနော် သား ဦးတော့ လေ့ကျင့်ခန်းလေး ဘာလေးသွားလုပ်လိုက်ဦးမယ်"
"ဟုတ်ကဲ့ဗျ"
"အမယ် ဂုဏ် မင်းက ဟိုမှာတုန်းကကျ အချစ်ကို စိတ်ကုန်နေပါပြီ ဘာညာနဲ့ ခုကျတော့ ချစ်ရမယ့်သူတောင်ရနေပြီပေါ့လေ"
"ဟုတ်တယ် ငါတကယ်အချစ်ကို စိတ်ကုန်နေခဲ့တာ ဒါမယ့် သူ့ကိုတွေ့ပြီးမှ ငါ့နှလုံးလေးပြန်ခုန်လာတာတော့ ဘယ်တက်နိုင်မလဲ ကွာ ငါလဲ ထိန်းချုပ်ကြည့်သေးတယ် ဘယ်လိုမှမရတော့လို့"
"မင်း ကို ဒီလောက်ထိအောင်လုပိနိုင်တဲ့သူကို ငါတော့မြင်ချင်နေပြီ"
"အချိန်တန်တော့ သိရမှာပေါ့ကွာ"
မနက်စာစားပြီး မကြာခင် စစ်မှန်ရောက်လာတာနဲ့ မိတ်ဆက်ပေးလိုက်ပြီး အလုပ်ခန်းထဲကိုခေါ်လာလိုက်တယ်။
"လွန်း ဒါ ကိုတို့ဆီမှာ share ပါထားတဲ့ သူ ထူးမြတ်ပိုင်တဲ့"
"ဟိုင်း ထပ်တွေ့ကြပြန်ပြီနော် အသေးလေး"
"ဟာ အစ်ကို့ကို ဒီက သူဌေးမှန်းမသိခဲ့ဘူး"
"ဟာ မင်းက အရင်ကကျငါ့ကို ခင်ဗျားတဲ့ အခုကျ အစ်ကိုဖြစ်သွားပြီပေါ့ ဂုဏ် မင်း ဘယ်လိုဝန်ထမ်းတွေခန့်ထားတာလဲ"
ထူးမြတ်ပိုင်စနောက်ပြီးပြောလိုက်ပေမယ့် ကောင်လေးက တကယ်ထင်ပြီးလန့်ပုံလေးကချစ်စရာကောင်းလှသည်။
"ဟို ကျွန် ကျွန်တော်ကလေ"
"မင်းတို့နှစ်ယောက် ဘယ်တုန်းကသိတာလဲ"
ဂုဏ် အံကြိတ်ပြီးမေးလိုက်မိသည်။
"bar မှာ သိလာတာ"
"လွန်း မင်း အလုပ်မင်း လုပ်လို့ရပြီ"
"ဟုတ်"
"ဟဲ့ လွန်း CEO ကဒီနေ့ စိတ်မကြည်ဘူးလား သူ့ပုံစံကကြောက်စရာကြီး"
"ဟာ မရှင်းကလဲ ကျွန်တော်လဲ ဘယ်လိုလုပ်သိမလဲဗျ"
"စစ်မှန် မင်း ဒီနေ့ ဆိုင်သွားကြည့်ရမှာမလား ထူးမြတ်ကိုပါခေါ်သွားလိုက် ပြီးရင် သူ့ဖို့ အလုပ်စားပွဲပါတစ်ခါထဲဝယ်လာခဲ့"
"အေးပါ လာ ထူးမြတ်သွားရအောင်"
"လွန်း ဒီကိုလာဦး"
"ဟုတ်"
လွန်းအနားကိုရောက်လာတာနဲ့ သူ့လက်ကိုဆွဲပြီး အောက်ထပ်က အခန်းတစ်ခန်းထဲဝင်လိုက်တယ်။
"မင်း ငါ့ကိုပြော သူနဲ့ သိတာဘယ်လောက်ကြာပြီလဲ"
"ဟို ကျွန် ကျွန်တော်တို့ မနေ့ကမှသိကြတာပါဗျ"
"မနေ့ကမှ သိတာကို ဒီလောက်ထိတောင်ရင်းနီးသွားပြီပေါ့ ဟုတ်လား"
"မ မဟုတ်ပါဘူးဗျာ ကျွန် ကျွန်တော် ကဒီတိုင်းပဲ အလိုက်အထိုက်လေးပဲ ပြန်ပြောတာပါဗျာ"
"တော်တော့!!!! မင်း ဆက်မပြောနဲ့တော့ မင်း အဲ့ bar မှာ ဆက်မလုပ်နဲ့တော့"
"CEO ဘာလို့လဲ ကျွန်တော့ကို ပြောတော့ တစ်လ အချိန်ပေးမယ်ဆို"
"တော်ပြီ ဒီလိုပုံစံနဲ့ဆို တစ်လမပြောနဲ့ တစ်ရက်တောင်မဖြစ်ဘူး"
"ဒါမယ့် ကျွန်တော့ သူငယ်ချင်း"
"အခု မင်းက မင်းကိုမင်းထက် မင်းသူငယ်ချင်းကို စိတ်ပူနေတာလား ဟင်!!!! ဟာ!!!!!"
ဂုဏ် စိတ်တိုတိုနဲ့ အနားမှာရှိတဲ့ မီးအိမ်ကို ခွဲပြစ်လိုက်တယ်"
"C CEO စိတ်လျှော့ဘာဗျ ကျွန်တော်ကြောက်လာပြီ ဘာလို့အဲ့လောက်တောင် စိတ်တိုနေရတာလဲ ဗျာ"
လွန်း ပြောနေရင်းနဲ့ကြောက်လွန်းလို့မျက်ရည်တောင်ကျလာရသည်။ တစ်ခါမှ CEOရဲ့ ဒီလိုပုံစံကိုမမြင်ဖူးဘူး။
"မင်းသိလား သူက ယောက်ျားလေးရော မိန်းကလေးရော အကုန်လုံးကိုခြေတော်တင်နေတဲ့သူ မင်းကိုသာ အဲ့လိုလုပ်သွားရင် ဘယ်လိုလုပ်မလဲ ဟင် ငါက မင်းကိုစိတ်ပူလို့ပါကွာနော် သူနဲ့အရမ်းကြီး ရင်းနီးအောင်မနေနဲ့ကြားလား"
"ဟုတ်"
"တိတ် ဘာလို့ငိုနေတာလဲ ကလေးလဲ မဟုတ်ဘဲနဲ့"
"CEO ဒီလိုစိတ်တိုနေတာ ကျွန်တော် တစ်ခါမှာ မှ မမြင်ဖူးတာ ကျွန်တော်ကြောက်တာပေါ့လို့"
"လွန်းပြောရင်းနဲ့ အားရပါးရငိုချလိုက်သည်။
"အဟင်းးး မငိုနဲ့တိတ်တော့"
ဂုဏ် ငိုနေတဲ့ကလေးကိုကြည့်ပြီး ရယ်ချင်လာတာကြောင့် မျက်ရည်တွေသုတ်ပေးရင်းရယ်လိုက်တော့
"ဘာရယ်တာလဲဗှ ကျွန်တော်တစ်ကယ်ကြောက်နေတာ"
"မင်းကိုမင်းလဲ ပြန်ကြည့်ဦး ငိုနေတာများ နှစ်နှစ်ကလေးက အရှုံးပေးရတယ် နှပ်ချီးတွေရော ပေပွလို့"
"ဘယ် ဘယ်မှာ နှာချီးထွက်လို့လဲဗျ မဟုတ်ဘဲနဲ့လျှောက်ပြောနေတာ"
"ဟေ့ အဲ့ဆူနေတဲ့နှုတ်ခမ်းကို ခုချက်ချင်းသိမ်းလိုက်နော် မဟုတ်ရင် ဆွဲကိုက်လိုက်မှာ"
"ဟာ C CEOဘာတွေပြောနေတာလဲ ဖယ် ဖယ်ဗျာ ကျွန်တော်သွားတော့မယ်"
လွန်း CEO ပြောလိုက်တဲ့ စကားကြောင့် ရှက်ရှက်နဲ့ အပြင်ကိုပြေးထွက်လာခဲ့ပြီး အလုပ်ခန်းထဲကိုပြေးဝင်လာခဲ့သည်။
"ဟဲ့ လွန်း ဘာဖြစ်လာတာလဲ CEO ကများရိုက်လွှတ်လိုက်တာလား ဟင် မျက်ရည်တွေရော မျက်နှာကြီးကလဲ ရဲလို့ ပြပါဦး"
ရှင်းသန့်နွယ် လွန်းအနားသွားပြီး မျက်နှာကိုကိုင်ကြည့်လိုက်သည်။
"ဘာ ဘာမှမဖြစ်ပါဘူးဗျာ ကျွန်တော့်ဟာကျွန်တော် အိမ်မြောင်တွေ့လို့ လန့်ပြီး ငိုမိတာ"
"အဟမ်း အဲ့တာဘာလုပ်နေတာလဲ"
"ဟို C CEOလွန်းမျက်နှာခိုက်မိလာတာလားလို့ကြည့်နေတာပါ"
"မကြည့်နဲ့ သူကယောက်ျားလေး ယောက်ျားလေးတစ်ယောက်မျက်နှာကို အဲ့လိုကိုင်စရာလား"
ရှင်းသန့်နွယ် CEO ကိုကြည့်ပြီး အပြင်မှာ ကြောက်ချင်ယောင်ဆောင်နေပေမယ့် စိတ်ထဲကတော့ကြိတ်ပျော်နေမိသည်။
*ခု CEO ကသဝန်တိုနေတာမလား ဟီး ဟီး ငါတို့သင်္ဘောကြီးတော့ စထွက်နေပြီဟေ့ ခုနကလဲ လွန်းခေါ်ပြီး ဘာလုပ်လိုက်တယ်မသိဘူး မျက်နှကြီးကိုရဲလို့ ကိုစစ်မှန်ပြန်လာရင်တော့ သတင်းကောင်းပြောရဦးမယ်*
ရှင်းသန့်နွယ်ကတော့ ကို့အတွေးနဲ့ကို ကြိတ်ပျော်နေလေရဲ့။
မကြာခင်မှာပဲ ကိုစစ်မှန်တို့ပြန်ရောက်လာကြပြီး မမျှော်လင်ထြားတဲ့ ဧည့်သည်ပါ ပါလာသည်။
"ဂုဏ့် ဒီနေ့ဘာလို့မလာတာလဲ ဟင် ရနံ့ကမျှော်နေတာ ဂုဏ့်အတွက်အိမ်က ဟင်းတောင်ယူလာတာ"
ဂုဏ် စစ်မှန်ကျု မျက်မှောင်ကျုံ့ပြီး လှမ်းကြည့်လိုက်တော့ ဘာမှမသိသလိုပုံနှင့်ပခုံးတွန့်ပြသည်။
"ဒီမှာ မင်းကိုငါ အပိုတွေမလုပ်ဖို့ပြောထားတယ်နော် နောက်ဆို အလုပ်ကိစ္စမဟုတ်ရင် ငါ့ဆီမလာနဲ့ လွန်း နေ့လည်စာစားမယ် ထ"
"ဟုတ် ဟုတ်ကဲ့"
နှင်းရနံ့ခက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားမိသည်။
*တောက် ဒီကောင်က ဘာမို့လို့ ဂုဏ်က မျက်နှာသာပေးနေရတာလဲ*
နှင်းရနံ့ခက်လဲ ဇွဲမလျှော့ဘဲ နောက်ဖေးသို့လိုက်လာခဲ့လိုက်သည်။
"အန်တီပြုံး မတွေ့တာကြာပြီနော် ဒီမှာလေ သမီး ဂုဏ့်အတွက် ဟင်းတွေယူလာတာကိုညသူကမစားဘူးလုပ်နေလို့"
ရနံ့အချိုသာဆုံးပြုံးပြီးပြောလိုက်သည်။
ဒေါ်ပြုံး နှင်းရနံ့ခက်ကို ပြန်ပြောမလို့ ဂုဏ့်ကိုကြည့်လိုက်တော့ မျက်နှာကြီးက တည်တင်းနေတာနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
"အန်တီပြုံး ယူလေ ဘာလဲ မတွေ့တာကြာလို့ စိမ်းကားသွားတာလား ရော့ ယူပါ အန်တီပြုံးရဲ့ "
သူမကလက်ထဲအတင်းလာထည့်ပေးတော့ယူလိုက်ရသည်။
"အမ် ဟို ကျေး ကျေးဇူးပါ သမီးရေ"
"ဟာ အန်တီပြုံး ဟင်းတွေကမွှေးနေတာပဲ သမီး တစ်ခါထဲစားသွားလို့ရလား ဟင် အလဲအလှယ်ပေါ့"
"နှင်းရနံ့ခက်!!!!!"
တစ်ချိန်လုံးတိတ်နေတဲ့ ဂုဏ်ကထအော်တော့ အားလုံးလန့်သွားရသည်။
"မင်း ဘာအချိုးတွေလာချိုးနေတာလဲ ဟမ် ငါ့ကို လာမပတ်သတ်နဲ့လို့ ဘယ်နှခါပြောရမလဲ"
"ဂုဏ် ရယ် မိန်းကလေးတစ်ယောက်ကို အဲ့လိုမပြောရဘူးလေ သားမေကြားရင်လဲ သားကို စိတ်ဆိုးလိမ့်မယ်နော် လာ လာ ရနံ့ စားမှာဆိုစားသွား"
ရနံ့ မျက်နှာပြောင်တယ်ပဲပြောပြော ဂုဏ်နဲ့ အရင်လိုပြန်ဖြစ်ဖို့အတွက် ဘာမဆိုလုပ်မည် ဟုစိတ်ပိုင်းဖြတ်ထားပြီး ဂုဏ့်ဘေးနားဝင်ထိုင်လိုက်သည်။ ဂုဏ်ကတော့ ထမင်းစားထဲက သူမကို ဂရုမစိုက်ဘဲ ထမင်းကိုသာ တစိုက်မတ်မတ်စားနေသည်။
"ဂုဏ် ထည့်စားနော် ဒါ ရနံ့ကိုတိုင်ချက်လာတာ"
ဂုဏ် ထိုသူမထည့်ပေးထားတာကို ဇွန်းနဲ့ ဘေးကိုတွန်းပို့လိုက်ပြီး
"လွန်း ကို့ကို ကြက်သားဟင်းထည့်ပေး"
"ဗျာ ဟုတ် ဟုတ်ကဲ့"
လွန်း လဲCEOကပြောတော့ ပြာသလဲလဲနဲ့ထည့်ပေးလိုက်တယ်။
"ရော့ မင်းလဲ ထည့်စား"
လွန်း ပန်းကန်တဲ့ရောက်လာတဲ့ကြက်သားတုန်းကို
ရနံ့ထမင်းစားတဲ့တစ်လျှောက်လုံးကြည့်နေတာ ဂုဏ်က သူမယူလာတဲ့ဟင်းတွေကို တစ်စက်မှ မထိဘဲ ဟိုကောင်လေး ထည့်ပေးထားသော ဟင်းတွေနဲ့သာစားသွားသည်။
ဂုဏ် ရနံ့ ပြန်တော့မယ် နောက်ရက်တွေ ရနံ့ဆိုင်ကိုလာကြည့်ပေးမယ်မလား လာခဲ့နော် ရနံ့က ရနံ့ဆိုင်ကိုအကောင်းဆုံးဖြစ်စေချင်လို့"
"ငါလိုအပ်ရင်လာမှာပါ"
နေ့လည်စာစားပြီးတော့ အခြေနေက မနက်ကနဲ့မတူအေးစက်နေသည်။ ဖြစ်ချင်တော့ ကိုစစ်မှန်တို့ကလဲ မရှိ လွန်း ရယ် မရှင်းရယ် CEO ရယ်သာရှိတော့ လွန်းတ်ု့ အသက်ပင်ဖော့င့်ဖြောင့်မရှုရဲ။
"လွန်း ဒီဟာတွေမှန်လား တစ်ချက်ပြန်ကြည့်ပေး ပြီးတော့မနက်ဖြန် လေလံပွဲသွားရင် မင်းလိုက်ခဲ့ရမှာနော်"
"ဟုတ်"
လွန်ူတို့အလုပ်တွေပြီးတော့ တော်တော်တောင်နောက်ကျနေပြီ မနက်ဖြန်လေလံပွဲအတွက်ပြင်ဆင်နေရတာနဲ့ နောက်ကျသွားတော့ bar ကိုပဲ တန်းသွားလိုက်တော့မယ်လို့ စိတ်ကူးပြီး မေ့ဆီ ph ဆက်လိုက်သည်။ bar ကိုရောက်တော့လဲ ကြမ်းတိုက် စားပွဲခုံတွေသုတ်ပြီးတာနဲ့ မကြာခင်မှာပဲ ဧည့်သည်တွေ တစ်စတစ်ရောက်လာကြတယ်။
"ဟေ့ လူကြီး တစ်ယောက်ထဲလား အဖော်သောက်ပေးရမလား"
"sorry ကိုက တစ်ခြားတစ်ယောက်ကိုခေါ်ထားပြီးသားမို့"
"ဟုတ်လား ဘယ်သူ့ကိုခေါ်ထားတာလဲ"
"အစ်ကို မှာထားရပါပြီဗျ"
"သူ့ကိုမှာထားတာ"
"အော် သူနဲ့ကျွန်တော်နဲ့ကသူငယ်ချင်းလေ နော် လွန်း"
"အွန်း ဟုတ်တယ်"
"ဒါဆို ငါမင်းအစားသောက်ပေးလိုက်မယ်နော်"
"အင်းငါကအဆင်ပြေပါတယ်"
"လွန်း မင်းကို သူဌေးခေါ်နေတယ်သူ့ အခန်းထဲလာခဲ့ပါတဲ့"
"ဟုတ် အစ်ကို ကျွန်တော်သွားလိုက်ဦးမယ်နော် သူရိန်နဲ့ပဲ ဆက်သောက်လိုက်တော့နော်"
"သူဌေး ကျွန်တော် လွန်းအက္ခရာပါ"
"ဝင်ခဲ့"
"ဟင် CEO ဘယ်လိုလုပ်ပြီး"
"လာ ထိုင်ဦး"
"ဟုတ်"
"မင်း အစ်ကိုကလေ မင်းကို ဒီမှာ ဆက်မလုပ်စေချင်တော့ဘူးတဲ့ မင်းနဲ့သူနဲ့စိတ်ဆိုးနေတုန်း မို့ မင်းက ဒီမှာ ခနလာလုပ်တာတဲ့ပြောတာ အဲ့တာ မင်း မင်းအစ်ကိုနဲ့ပြန်လိုက်သွားတော့"
"ခင်ဗျာ ဒါ ဒါမယ့်"
CEO ကို နားမလည်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပေမယ့် သူကတော့ ကို့ကိုကြည့်မနေဘဲနဲ့ ခပ်တည်တည်ဘဲထိုင်နေတယ်။
"ကဲ ဒါပေမယ့် မနေပါနဲ့ကွာ ငါနားလည်ပါတယ် ဟုတ်ပြီလား ဘာမှမဖြစ်ဘူး နောက်လဲ အကူညီလိုရင်လာခဲ့ ကြားလား လွန်း မင်းက ငါ့ညီနဲ့သူငယ်ချင်းဆိုတော့ ငါ့ညီပါပဲကွာ ဘာမှအားမနာနဲ့ ဟုတ်ပြီလား"
"ဟုတ်"
"နောက်လဲ ခုလို အစ်ကို စိတ်ဆိုးပြီး စိတ်လိုက်မာန်ပါတွေမလုပ်နဲ့ကြားလား မင်းအတွက် အန္တရာယ်များတယ်"
"ဟုတ်"
ကားပေါ်ရောက်တော့လဲ CEO က ဘာမှမပြောတာနဲ့ ကိုကပဲ စကားစလိုက်ရသည်။
"CEO ဘာလို့ ကျွန်တော့အစ်ကိုလို့ပြောလိုက်တာလဲ ပြီးတော့ ဘာလို့ကျွန်တော့ကို ခုလိုလာခေါ်တာလဲ"
"မင်းက အဲ့လိုမှမလုပ်ရင် ဆက်လုပ်နေဦးမှာလေ"
ဂုဏ် တစ်ညနေလုံး ကောင်လေး bar မှာသွားလုပ်နေမှာကို တွေးပြီး စိတ်မချဖြစ်လာတာနဲ့ ထွက်လာခဲ့လိုက်သည်။ ရောက်လာတာနဲ့ကောင်လေးကို ရှာလိုက်တော့ ထူးမြတ်ပိုင်နားရောက်နေတာကိုတွေ့တော့ စိတ်ကပူသွားရသည်။ မြန်မြန်ပဲ မန်နေဂျာကိုပြောပြီး သူဌေးနဲ့တွေ့ခွင့်တောင်းလိုက်ကာ အကျိုးအကြောင်းကို အသေးစိတ်ရှင်းပြလိုက်တော့ သူနားလည်ကြောင်းပြောပြီး လွန်းကိုခေါ်ခိုင်းလိုက်သည်။ ကောင်လေးရောက်လာပြီး သူ့သူဌေးက ဂုဏ့်ကို သူ့အစ်ကိုလို့ပြောလိုက်တော့ အံ့သြသွားပုံလေးကချစ်စရာအတိ။ အပြန်ကျလဲ သူ့အပြစ်နဲ့သူငြိမ်နေပြီး မနေနိုင်တော့မှလူကိုလာမေးတာ။လွန်းအက္ခရာတို့က ရယ်ရတယ် ကြောက်ကကြောက်သေးတယ် ပြန်ကပြောချင်သေးတယ် တကယ့်ဟာ။ ကိုက လေသံမာမာနဲ့ပြန်ပြောလိုက်တော့လဲ ငြိမ်သွားပြန်ရော။
"ဒီနေ့ အိမ်ပြန်ပြီး နားလိုက်တော့ နောက်ရက်တွေကျရင် မင်း ရုံးဆင်းတာနဲ့မပြန်ရဘူး ငါ့အိမ်မှာပဲနေရမယ် ည10 နာရီထိုးမှငါပြန်လိုက်ပို့မယ် ရှင်းလား"
"ဟုတ် ကျွန်တော်က CEO အိမ်မှာနေပြီး ဘာလုပ်ပေးရမှာလဲ သန့်ရှင်းရေးလုပ်ပေးရမှာလား"
"နောက်ရက်ကျသိလိမ့်မယ်ပေါ့ ဒီနေ့တော့ နောက်ရက်အတွက် အားမွေးထားလိုက်ဦး"
"ညနေစာစားပြီးပြီလား"
"စားရသေးဘူး အိမ်ပြန်ရောက်မှပဲစားတော့မယ် ဂွီ အဲ့ အဲ့ဒါ ကျွန်တော်ဆီကထွက်တာမဟုတ်ဘူးနော်"
ဂုဏ် ကို့သူ့ဗိုက်မြည်တာမဟုတ်ကြောင်းအတင်းရှင်းပြနေတဲ့ ကောင်လေးကြည့်ပြီး ရင်ခွင်ထဲဆွဲပွေ့ထားချင်စိတ်တွေတစ်ဖွားဖွားဖြစ်လာရသည်။
"အဟမ်း ငါလဲညစာမစားရသေးဘူး တူတူစားရအောင်"
ဂုဏ်ကားကို အမြန်မောင်းလိုက်ပြီး အနီးနားက စားသောက်ဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်။
"စား မင်းလဲကြိုက်တာမှာ ငါလဲငါကြိုက်တာမှာမယ်"
"ဟုတ်"
ဂုဏ် menu ကြည့်နေရင်းနဲ့ကောင်လေးမှာထားတာတွေကို လိုက်ကြည့်နေလိုက်တယ်။ မှာထားသမျှကအစပ်တွေကြီး။ဟင်းပွဲတွေလာချတော့လဲ ဂုဏ့်ထဲကို အရင်ဦးချပြီးတာနဲ့ ဗိုက်ခေါင်းမဖော်တမ်းကိုစားနေတော့တာ သူ့တောင်သတိရသေးရဲ့လားမသိ။
"ဟို ကျွန်တော့ကို ညစာဝယ်ကျွေးလို့ကျေးဇူးဗျ ဟီး ဟီး"
အစားလေးများစားရတော့ ရှိသမျှသွားအကုန်ပေါ်အောင်ဖြီးပြနေလေရဲ့။
"အအေးသောက်ဦးမလား"
"တော်ပြီဗျ ကျွန်တော်ဗိုက်ပြည့်နေပြီ"
"ဟုတ်ပြီ ဒါဆိုပြန်မယ်"
ဂုဏ်ကောင်လေးကို ချက်ချင်းပြန်မပို့ချင်သေးတာနဲ့ ကားကို အနှေးဆုံးအရှိန်နဲ့မောင်းနေလိုက်သည်။ ဖြစ်နိုင်ရင်ကောင်လေးကို တစ်သက်လုံးသူ့ဘေးနားမှာခေါ်ထားလိုက်ချင်ပြီ ဒါပေမယ့်ကောင်လေးက သူ့ကိုလက်ခံပါ့မလား။ ဘာပဲဖြစ်ဖြစ်ကောင်လေး လက်ခံခံမခံခံ ဂုဏ်ကတော့ ရအောင်ယူမည်လို့စိတ်ပိုင်းဖြတ်ထားလိုက်သည်။ အတွေးတွေလွန်နေတုန်း ဘေးကတိတ်နေလို့ကြည့်လိုက်တော့ ကောင်လေးကအိပ်ပျော်နေပြီ။ သူများကားထဲမှာတောင် ဒီလိုစိတ်ချလက်ချအိပ်တက်တဲ့မင်းလေးကို ကိုဘယ်လိုစိတ်နဲ့များစိတ်ချထားရမှာလဲ။ ဒီလိုများကားထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရအောင် ဘယ်လောက်ထိများပင်ပန်းနေပါလိမ့် ကလေးရယ်။ စိတ်ချပါ ကိုရှေ့လျှောက်မင်းလေးကို လုံးဝ မပင်ပန်းရအောင်ထားပါ့မယ်။ အိမ်ရှေ့ရောက်တဲ့ထိမနိုးသေးတာကြောင့် အိပ်ရေးမပျင်သေချင်တာမို့ ဂုဏ် ထိုင်စောင့်ပေးနေလိုက်သည်။ မီးရောင်သဲ့သဲ့အောက်မှာ ဝင်းမွတ်နေတဲ့ အသားအရေလေးနဲ့ နှုန်ခမ်းရဲရဲလေးက ဂုဏ့် စိတ်အလုံးစုံကို လွတ်ထွက်သွားအောင်ပြုစားနိုင်သည်။ ဂုဏ်နှုတ်ခမ်းလေးကို ထိကြည့်ဖို့လက်လှမ်ူလိုက်ချိန်ကောင်လေးက လွန့်လူးလာကြောင့် လေတယထဲမှာပင်ရပ်တန့်သွားရသည်။
"နိုးပြီလား"
"ဟင် ကျွန်တော့်အိမ်ရောက်ပြီလား"
"အင်း ရောက်ပြီ"
"တောင်းပန်းပါတယ်ဗျာ ကားကြီးက စီးလို့ကောင်းတော့ ကျွန်တော် ခနအိပ်ပျော်သွားတယ် ဟီး"
"မင်းသာ အိပ်ပျော်မယ်ဆိုရင် ကိုနေ့တိုင်းမောင်းပေးလို့ရတယ်နော်"
လွန်းမျက်လုံးတွေကို စိုက်ကြည့်ပြီး ပြောလာတာကြောင့် လွန်းမနေတက်ဖြစ်ကာ အကြည့်လွှဲလိုက်ရသည်။
"ဟား ဟား CEOကလဲနောက်တယ်နော် ကျွန် ကျွန်တော်သွားတော့မယ်ဗျာ"
လွန်းပြောပြီးပြီးချင်းကားပေါ်ကဆင်းပြေးလာခဲ့တော့ CEOကပါနောက်ကလိုက်ဆင်းလာသည်။
"ကို နောက်နေတယ်လို့မင်းထင်နေတာလား"
CEO ပြောစကားကြောင့်လွန်းခြေလှမ်းတို့ရပ်တန့်သွားရသည်။
"CEO ဘာတွေပြောနေတာလဲ ဟင်"
ဂုဏ် ခြေတစ်လှမ်းခြင်းရှေ့တို့သွားလိုက်ပြီး ကောင်လေးနားရောက်မှရပ်ကာ ကောင်လေးနားနားလေးကို တိုးကပ်ပြီးပြောလိုက်သည်။
"မင်းသာ ကို့ကားကို စီးချင်တယ်ဆိုရင် ကိုနေ့တိုင်းမင်းကိုမောင်းပို့ပေးမယ် ခုတော့ good night ကောင်လေး"
CEIကားထွက်သွားပြီး အတော်ကြာတဲ့အထိလွန်းမှာ အထဲမဝင်နိုင်သေးဘဲ ကြောင်အစွာ မတ်တပ်ရပ်နေမိသည်။
*ခု CEO ကငါ့ကို flirt သွားတာလား*
လွန်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာအိမ်ထဲဝင်လာပြီး မေ့ကိုပင်မနှုတ်ဆက်နိုင် အိပ်ခန်းထဲသို့သာတန်းဝင်လာခဲ့လိုက်သည်။ အိပ်ယာထဲမှာ ပင်လက်လန်ပြီး ခုနက CEO ပြောသွားတာကိုတွေးမိတော့ တဆက်ထဲ CEOအသံကြီးပါကြားယောင်လာပြီး ရင်တွေအတိုင်းအဆမရှိခုန်နေလေတော့သည်။ တစ်ဖက်မှာလဲ အိမ်ကိုပြန်ရောက်တဲ့ထိ ပါးကြီးမစိနိုင်ဘဲ ပြုံးရွှင်နေတဲ့လူတစ်လဲရှိနေလေရဲ့။
"ဂုဏ် ဘယ်ကပြန်လာတာလဲ မျက်နှာကြီးကလဲ ပြုံးဖြီးလို့ ဘာဖြစ်လာတာလဲ"
ဂုဏ် ဒီနေ့ပဲ မေတို့ကို သူဟာယောက်ျားလေးတစ်ယောက်ကိုချစ်မိနေတဲ့အကြောင်းဖွင့်ပြောမယ်လို့တွေးလိုက်တယ်။
"မေ ဖေပြန်ရောက်ပြီလား"
"အေး ခုလေးတင်ပဲရောက်တာ ရေချိုးနေတယ် ဘာလို့လဲ"
"ကျွန်တော် ပြောစရာရှိလို့"
"အေး ပြောလေ"
"ဖေရော လာမှပြောမယ်"
ထိုစဉ် ဖေရောက်လာပြီး
"ဘာပြောမှာလဲ ဖေ့ကို"
"အရင် ထိုင်ပါဦး ကျွန်တော်ပြောရင်လန့်မသွားနဲ့နော်"
"အမလေး ဘာပြောမှမို့လို့ အဲ့လောက်တောင်ဖြစ်နေရတာလဲ"
"ဟို ကျွန်တော် ချစ်ရမယ့်သူရှိနေပြီလို့ပြောဖူးတယ်နော်"
"အင်းလေ"
"တစ်ကယ်တော့ ကျွန်တော်ချစ်တဲ့သူက ယောက်ျားလေးတစ်ယောက်ပါ ကျွန်တော်လဲ ဒါကို အထပ်ထပ်အခါခါစဉ်းစားပြီးသေချာပြီဆိုမှပြောတာပါ မေတို့ဘက်ကလဲ ကျွန်တော့ကို နားလည်စေချင်တယ်"
"သားရယ် ဘယ်လိုဖြစ်လို့ ယောက်ျားလေးတစ်ယောက်ကိုများ ချစ်မိသွားရတာလဲ ဟင် ပြောစမ်းပါမေ့ကို"
ဒေါ်သင်းဧကရီပြောနေရင်းနဲ့ မျက်ရည်များပင်ကျလာရသည်။ဒါမျိုးတွေကို သူကြားဖူးနေပေမယ့် သူ့သားကိုယ်တိုင်ကဖြစ်နေတော့ လက်မခံနိုင်ဖြစ်နေသည်။ သူ့အဖေကတော့ ဘာမှမပြော ငြိမ်လို့သာနားထောင်နေသည်။
"ဖေကြီး ရှင့်သားကိုပြောဦးလေ ရှင့်သားကယောက်ျားလေးတစ်ယောက်ကိုချစ်မိနေတာတဲ့ ရှင်ကြားတယ်မလား"
ဦးမြတ်တည်တံ့လဲ သက်ပြင်းမောတစ်ချက်ကိုသာချလိုက်ပြီး သူ့မိန်းမကို ဖက်ထားလိုက်သည်။
"သားရာ မင်းက သေရောသေချာလို့လား ဟင် နိုင်ငံခြားမှာများအနေများပြီး စိတ်ခနကစားတာမဟုတ်ဘူးလား ဟင်"
"ကျွန်တော် သေချာစဉ်စားပြီးမှပြောတာပါ ကျွန်တော်ဘယ်အရာကိုမှ ပြီးစလွယ်မလုပ်တက်တာ ဖေတို့သိပါတယ်"
သားက အခိုင်အမာကြီးပြောနေတော့ ဦးမြတ်တည်တံ့တို့လဲ မတက်နိုင်တော့။ ပြောရရင်တစ်ဦးတည်းသောသားလေးမို့ စိတ်ညစ်အောင်လဲမလုပ်ချင် သူ့ရဲ့ အသည်းကညာကိုသာဖြောင်းဖျရတော့မည်။
"မေကြီးရယ် သားကိုနားလည်ပေးလိုက်ပါကွာ နော် မင်းသားကိုမချစ်ဘူးလားကွာ မင်း ဖြစ်ချင်ရာလုပ်ခိုင်းပြီးသားကို စိတ်ညစ်အောင်လုပ်မလို့လား ဟင်"
"ဒါ ဒါဆို မင်းမေမေတို့ကို ကတိတစ်ခုတော့ပေး"
"ဘာလဲ မေ ပြော"
"မင်း တွဲမယ့်ကောင်လေးကို မေတို့ကိုအရင်အသိပေးပြီးမှတွဲရမယ်မေတို့က သဘောမတူရင် မင်းဆက်မတွဲရဘူး မင်းသဘောတူလား"
"ဟုတ် တူပါတယ်မေ ပြီးတော့ ကျွန်တော် ကျေးဇူးလဲ အရမ်းတင်တယ်မေ ကျွန်တော့်ကိုနားလည်ပေးလို့"
"မင်းလဲ သွားနားတော့ ပင်ပန်းနေပြီမို့လား"
"ဟုတ်ဖေ"
ဂုဏ် အခုမှ ထမ်းထားသမျှဝန်အားလုံးကိုလွှတ်ချလိုက်၍ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ အစထဲက ဂုဏ်ပြောရင် လက်ခံမယ်ဆိုတာ သိပေမယ့် ဒီလောက်မြန်မြန်ကြီး လက်ခံပေးလိမ့်မယ်လို့ ထင်မထားခဲ့မိတာ အမှန်ပင်။ ပြီးတော့ မေက လုံးဝနားလည်ပေးလိမ့်မယ် ထင်ထားခဲ့ပေမယ့်လဲ တကယ်တမ်း အရင်ဆုံးနားလည်ပေးခဲ့တာက ဖေဖေဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ဂုဏ်ကတော့ အရမ်းပျော်နေပြီး အိပ်မက်တွေလှနေတော့မှာပင်။ အိက်မက်ထဲမှာလဲ တစ်ယောက်သောသူက မပါမဖြစ်ပေါ့။
#Treasure💜