Zawgyi
CH(17)
ဂုဏ့် အိမ်ကို ရောက်ရောက်ချင်း ဂုဏ် အပြင်ထွက်လာတာနဲ့တွေ့တော့ ဂုဏ်က ထူးမြတ်မြတ်ပိုင်ကားပေါ်က အသေးလေးကို ပြူးပြဲပြီး ကြည့်နေလေရဲ့။ ကားပေါ်ကဆင်းဆင်းချင်းဆီးကြိုပြီး မျက်နှာတည်ကြီးနဲ့ရန်လုပ်နေတဲ့ဂုဏ် ဟာ သူသိခဲ့တဲ့ တည်တံ့ဂုဏ်ရောင်မှ ဟုရဲ့လားဟုတွေးမိရသည်အထိ။
"မင်းတို့နှစ်ယောက် ဘာလို့တူတူလာကြတာလဲ"
"ဟို ကျွန်တော်နဲ့ လမ်းထိပ်မှာတွေ့လို့ ကိုထူးမြတ်ပိုင်က တင်ခေါ်လာတာပါဗျ"
"မင်း က သူများခေါ်တိုင်းလိုက်စရာလား"
"ဗျာ ကျွန် ကျွန်တော်က..."
"ဟေ့ကောင် ကလေးကိုဖြဲခြောက်မနေနဲ့ သူက ငြင်းတယ်ငါကိုက အတင်းခေါ်လာတာ လာ လွန်းသွားမယ်"
"ဘယ်သွားမှာလဲ"
"အထဲပေါ့ ဟ ဘယ်သွားရမှာလဲ"
ထူမြတ်လက်ကိုဆွဲထားပြီး အထဲသွားမယ်ပြောတော့မှ လက်ကိုလွှတ်ပေးသည်။
"မင်းမလဲနော် ဥစ္စာခြောက်လိုက်တာ မပြောချင်ဘူး"
"လွန်း ဒီနေ့ site တွေပတ်ကြည့်ရမှာ ကို နဲ့လိုက်ခဲ့နော်"
"ဟုတ် CEO"
10 နာရီလောက်မှာပဲ site တွေထဲလိုက်ပတ်ကြည့်ပြီး အိမ်ပြန်ရင်းနဲ့ နှင်းရနံ့ခက်တို့ဆိုင်ကိုသွားလိုက်တယ်။
"လွန်း ပင်ပန်းနေပြီလား"
"ပင်ပန်းပါဘူးဗျာ ဒါမျိုးကို ပင်ပန်းတယ်မခေါ်သေးဘူးဗျ"
မပင်ပန်းသေးဘူးပြောနေတဲ့ ကလေးငယ်ရဲ့မျက်နှာလေးကနွမ်းဖတ်နေသယောင်။ ကိုနဲ့အတူရှိစေချင်တာနဲ့ပဲ သွားလေရာကိုခေါ်မိသည်။ နောက်ဆိုရင်တော့ မင်းကို မပင်ပန်းအောင်ထားပါ့မယ် ကလေးငယ်ရယ်။ နှင်းရနံ့ခက် တို့ဆိုင်ကိုရောက်တော့ သူမနဲ့တွေ့ပြီး လိုအပ်တာများကိုပြောစေသည်။ ပြောနေတဲ့ တစ်လျှောက်လုံးလဲ ဂုဏ့်နားကို အတင်းလိုက်ကပ်နေ၍ ရှောင်နေရတာကတစ်လုပ်။
"ဟို CEO ကျွန်တော် ဟိုဘက်သွားလိုက်ဦးမယ်"
"ဘာလို့သွားမှာလဲ မသွားနဲ့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
"ဗျာ ဟို"
"တော်ပြီ ဆက်မပြောနဲ့တော့ ခနနေ အလုပ်ပြီးရင်ပြန်တော့မှာ ဒီနားမှာပဲနေ"
"ဟုတ်"
"ဟို ဂုဏ်ကလဲ သူက ဂုဏ့် အလုပ်သမားပဲဟာ siteတွေထဲပတ်ကြည့်ရမှာပေါ့ ကြည့်ခိုင်းလိုက်ပါလား သူက ဂုဏ့် အနားမှာ အမြဲရှိနေတော့ ဂုဏ်ယုံကြည်ရတဲ့သူပဲမလား"
"မင်း နဲ့ မဆိုင်တဲ့ ကိစ္စကို ဝင်မပြောနဲ့ နှင်းရနံ့ခက် ပြီးတော့သူက ငါ့အလုပ်သမားပါလို့ မင်းကို ဘယ်သူကပြောတာလဲ"
"ဟို ရနံ့က...."
"အလုပ်ကိစ္စလဲ ပြီးပြီဆိုတော့ ငါပြန်တော့မယ်"
"လာ သွားမယ်"
ပြောပြီးတာနဲ့ လွန်းလက်ကိုဆွဲက ကားပေါ်ဒေါကြီးမောကြီးနဲ့ အတင်းတင်နေတဲ့ CEO ကြောင့် လွန်းမှာ လန့်နေရသည်။
တစ်ကယ်တော့ လွန်း သွားမယ်ပြောတာက မနှင်းရနံ့ခက်က CEO နားမှား လွန်း ရှိနေတာကို မလိုလားတဲ့အကြည့်တွေနဲ့ကြည့်နေတာကြောင်ရှောင်ထွက်ဖို့ပြောလိုက်ခြင်းပင်။ဒါကို CEO က ဘာကြောင့် စိတ်တိုသွားပြီး မသွားနဲ့ပြောလဲမသိ။
*မဟုတ်မှ CEO က ငါ့များကြိုက်နေတာလား။ ဟာ မဟုတ်လောက်ပါဘူး CEO လိုလူမျိုးက ငါ့ကိုကြိုက်စရာအကြောင်းမရှိဘူး မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး*
လွန်း တစ်ယောက်ထဲတွေးပြီး ခေါင်းကိုသာတွင်တွင်ခါနေမိပြီး သက်ပြင်းတွေကိုသာ ထပ်ခါထပ်ခါချနေမိသည်။
"ဘာလို့လဲ သက်ပြင်းတွေအဲ့လောက်ချနေတာလဲ"
"ဗျာ ဘာ ဘာမှမဖြစ်ပါဘူးဗျ"
"စိတ်ညစ်စရာရှိလို့လား မင်းကို ဘယ်သူက စိတ်ညစ်အောင်လုပ်နေတာလဲ"
*CEO ကြောင့်လို့ပြောရင် ထရိုက်ခံရမှာလား*
ကို့ဟာကိုတွေးမိပြီး ကြက်သီးထလာရသည်။
"ဘယ်သူကမှမလုပ်ပါဘူးဗျာ"
"အင်း မင်းကို အနိုင်ကျင့်လာတဲ့သူရှိရင်လဲပြော ငါကိုယ်တိုင်အဲ့အနိုင်ကျင့်တဲ့သူကို ဆုံးမပေးမယ် ကြားလား"
"အဟင်းး CEO က ကျွန်တော့အဖေလဲ မဟုတ်ဘဲနဲ့ကို"
ပြောပြီးမှ လန့်ဖျန့်ပြီး CEO မျက်နှာကိုလှမ်းကြည့်လိုက်တော့ တည်တင်းနေတဲမျက်နှာထားကြီး သွားပြီ CEO စိတ်တိုသွားပြီထင်သည်။ ဘယ်လိုပြန်ပြောရမလဲစဉ်းစားနေတုန်း အေးစက်စက် စကားသံအချို့ထွက်လာသည်။
"အဖေတွေကပဲ ကာကွယ်ပေးလို့ရတာလား ညီအစ်ကိုတွေ ချစ်သူတွေကရော ကာကွယ်ပေးလို့မရဘူးလား"
"ဗျာ မ မဟုတ်ပါဘူးဗျ ကျွန် ကျွန်တော်က မောင်နှမတွေမရှိတော့ ကျွန်တော့်အဖေကပဲ ကာကွယ်ပေးခဲ့တော့ ဒီ ဒီတိုင်းပဲ ပြောမိသွားတာပါဗျ"
ဂုဏ့်ကို အသံတွေပါတုန်ပြီးရှင်းပြနေတဲ့ ကလေးငယ်ကိုကြည့်ပြီး ရယ်ချင်လာရသည်။ *တစ်ကယ်ကိုဖြူစင်တဲ့ကလေးလေး*
"ကိုလဲ တစ်ဦးသောသားပဲလေ "
လွန်း CEO ကိုနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့သာကြည့်နေလိုက်သည်။ သူပြောတဲ့ထဲမှာ ညီအစ်ကိုက ပြသနာမဟုတ်ပေမယ့် ချစ်သူဆိုတာ ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ တစ်ကယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ ချစ်သူဆိုတဲ့ အသုံးအနှုန်းကပြောစရာမှ မလိုပဲ ဒါမှမဟုတ် CEO က သဘောရိုးနဲ့ပြောလိုက်တာကို ကိုကပဲ အတွေးလွန်နေတာလားလို့လဲ တွေးမိလိုက်တယ်။
"ကျွန်တော် CEO က တစ်ဦးသောသားမှန်း မသိလိုက်လို့ပါဗျာ"
"နောက်ဆို ကို့အကြောင်းတွေပို သိအောင်ပြောပြမယ်လေ"
"ဗျာ ဟုတ် CEO ပြောချင်ရင် နားထောင်ပေးပါ့မယ်ဗျ"
"ကိုက မင်းကို ရင်ဖွင့်ချင်နေတယ်လို့ထင်နေတာလား"
"ဗျာ"
ဒီနေ့မှ ဒီ CEO က ဘာဖြစ်ချင်နေမှန်းမသိ စကားတိုင်းကို အကျအန လိုက်ကောက်ပြီးပြောနေတော့ လူကအနေရခက်လာ၍ အိမ်ကိုသာမြန်မြန်ပြန်ရောက်ဖို့ဆုတောင်းနေမိသည်။
"အဟွန်းးး မင်းက အရမ်းစလို့ကောင်းတယ် တစ်ကယ့်ကလေးလေးပဲ"
ဒီတစ်ခါတော့ လွန်းဆွံ့အသွားရသည်။ ဘာတဲ့ လူကိုများစလို့ကောင်းတယ်လေး ဘာလေးနဲ့ ပြောရင်လဲ တစ်ကယ့်ကလေးလေးပဲဆိုတာက မပါမဖြစ် ကလေးမဟုတ်ကြောင်းပြလိုက်လို့ ရူးတောင်သွားဦးမယ် ကို့ဟာကိုတွေးပြီး မကျေနပ်နပ်တွေကို စိတ်ထဲကနေသာတွေးနေပြီး အပြင်ကိုတော့ထုတ်မပြောရဲ။
ဘေးနားကနေ ဟိုဘက်လှည့်ပြီး နှုတ်ခမ်းလေးဆူသွားတဲ့ ကလေးငယ်ကို ကြည့်ပြီး ဂုဏ့် စိတ်ထဲမှာ အသဲတစ်ယားယားဖြစ်နေရသည်။ စိတ်ရှိတိုင်းသာ ဆွဲနမ်းလိုက်ရရင် ဆူထော်နေတဲ့နှုတ်ခမ်းလေးက ပြတ်ထွက်သွားမလားတောင်ထင်ရသည်။ ဒီကလေးလေးကို အမြန်ပိုင်ဆိုင်ချင်ပေမယ့် သံယောဇဉ်တွေတိုးအောင် ဂုဏ့်ဘက်ကကြိုးစားရဦးမည်။ ခုဆိုရင် ယောက္ခမကြီးရော အိမ်က မိဘတွေရောက မီးစိမ်းပြထားပြီးဆိုတော့ ဂုဏ့်ဘက်က ဖွင့်ပြောပြီး ကလေးငယ်ဘက်က လက်ခံဖို့သာလိုတော့သည်။ ကလေးငယ်ဘက်က လက်မခံရင်ရော ဟင့်အင်း ကလေးငယ်ဘက်က မငြင်းနိုင်အောင်ကို ကို က ချစ်ပြပေးမှာမို့ ကို့ကိုသာ စောင့်နေပေးပါကလေးငယ်ရယ်။
"ဟင် မေ့ နေ့လည်ကြီး ဘာလို့ပြန်လာတာလဲ"
"သားတို့နဲ့ တူတူ ထမင်းလက်စုံစားချင်လို့ ကြည့်စရာလူနာလဲမရှိတာနဲ့ပြန်လာတာ ရာရာလဲ မေသင်း တို့နဲ့ တစ်ခါထဲလာစားလေ"
"ခင်ဗျာ"
"အော် အန်တီက ရာရာ့ကို သားလေးတစ်ယောက်လို ချစ်မိလို့ အဲ့လိုခေါ်လိုက်မိတာပါ ပြီးတော့ သားသူငယ်ချင်းတွေက မေသင်းလို့ခေါ်လို့ ကိုယ့်ကိုယ်ကို အဲ့လိုပဲပြောလိုက်မိတာ"
"ဟုတ် ရပါဗျာ သားမေမေကလဲ သားကို ရာရာလို့ပဲခေါ်တာမို့ တိုက်ဆိုင်နေတော့ အံ့သြသွားတာ ဟီးး"
ဂုဏ်တော့ ဘေးကနေသူ့အမေနဲ့ လွန်းကိုကြည့်ပြီး ရယ်ချင်ပတ်ကျိဖြစ်နေရသည်။ သူ့သူငယ်ချင်းတွေက ဘယ်တုန်းကများသူ့ကို မေသင်းလို့ ခေါ်တာပါလိမ့် သူကိုယ်တိုင်တောင်မသိရပါလား၊။ ပြီးတော့ ကလေးငယ်ကလဲ သူ့ကို ရာရာလို့ ခေါ်တာကို သူ့အမေခေါ်တာနဲ့ တိုက်ဆိုတယ်ပဲထင်နေတာ တကယ်လိုက်လဲ လိုက်ဖက်တဲ့ သားယောက္ခမတွေ။ မေမေကတော့ ပြုံးစိစိဖြစ်နေတဲ့ ဂုဏ့်ကို မျက်စောင်းတစ်ထိုးထိုးဖြစ်နေလေရဲ့။
"လာ ရာရာ သွားကြမယ် သူ့ကို ထားခဲ့လိုက်တော့"
"ဗျာ ဟုတ်ကဲ့"
မေ့ ဆွဲခေါ်ရာနောက်ကို ပြူးကြောင်ကြောင်နဲ့ပါသွားတဲ့ ကလေးငယ်က ဂုဏ့်ကို လှည့်တစ်ကြည့်ကြည့်နဲ့မို့ ခေါင်းအသာငြိမ့်ပြလိုက်သည်။ ပြီးမှ အလုပ်ခန်းထဲသွားပြီး ထူးမြတ်နဲ့ စစ်မှန်ကို အလုပ်အကြောင်း အသေးစိတ်ရှင်းပြပြီး မေ့ကိုလဲ ကလေးငယ် ရှေ့မှာ မေသင်းလို့ခေါ်ရန်မှာထားလိုက်သည်။ ထိုနှစ်ယောက်ကလဲ ပိုလိုက်တာဆိုတဲ့ အကြည့်တွေနဲ့ကြည့်လာတာကို လျစ်လျူရှုလိုက်ပြီး နောက်ဖေးကိုထွက်လာခဲ့လိုက်သည်။
"ဟာ မေသင်းတို့စားနေကြပြီလား ကျွန်တော်တို့တောင်မစောင့်ဘူး"
ရှေ့ကနေလောကွတ်ချော်နေတဲ့ စစ်မှန်ကို ဂျိုကြည့်ကြည့်ပေးလိုက်သည်။
"အင်း ဒီမှာလေ ရာရာက အပြင်ပြန်လာတာဆိုတော့ ဗိုက်ဆာနေမှာစိုးလို့ အရင်စားခိုင်းလိုက်တာ"
ထူးမြတ်နဲ့ စစ်မှန်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်ခုံးပင့်ပြနေကြသည်။ ထမင်းစားသောက်ပြီးတော့လဲ မေက အချိုတည်းဖို့ဆိုပြီး အသီးတွေခွဲပြီး လွန်းကို ခွံမကျွေးရုံတမယ် ကျွေးနေသည်။
"စားလေ ရာရာ မကြိုက်လို့လား"
"ဗျာ မဟုတ်ပါဘူးဗျ သားဗိုက်ပြည့်သွားလို့ပါ"
"ရာရာ များများစားနော် သားကြည့်ရတာ ပိန်နေတာပဲ မေသင်းအားမရဘူး"
"ဟုတ် သားဒီနေ့ အများကြီးစားထားတယ်ဗျ"
ဂုဏ်ကတော့ ချစ်နေရသူမို့လားမသိ ကလေးငယ်စကားပြောပုံလေးကအစ သူ့အတွက်ချစ်ဖို့ကောင်းလွန်းနေသည်။
"ရနံ့ နင်နဲ့ ဂုဏ့်အခြေအနေက ဘယ်လိုလဲ"
"ဂုဏ် က ငါ့ကိုစိတ်နာနေပြီထင်ပါတယ်ဟယ် သူ့နားကို အကပ်မခံတော့ဘူး စကားကိုလဲ ငါ့ဆိုရင် အေးစက်စက်နဲ့ လိုတာထက်ပိုမပြောတော့ဘူး ငါ့အတွက်အခွင့်ရေးဆိုတာတောင်ရှိသေးရဲ့လားမသိတော့ဘူး"
"ဟင်းးး ဂုဏ်က စိတ်တိုနေတုန်းမို့လားမှမသိတာ သူနင့်ကို ဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ ငါတို့အသိပဲလေဟာ နင့်ဘက်ကသာ ဇွဲမလျှော့ပဲကြိုးစားကြည့်ပါလား"
"အင်းးး"
ရနံ့ သူငယ်ချင်းနဲ့ ကော်ဖီဆိုင် တစ်ခုမှာထိုင်နေရင်းနဲ့ ဂုဏ့်အကြောင်းပြောနေကြခြင်း။ တစ်ကယ်ဆို ဂုဏ့်ကိုပြန်ရဖို့က သူမအတွက်မလွယ်ကူတော့ပေ။ အထူးသဖြင့် သူ့ဘေးနားမှာရှိနေတဲ့ကောင်လေးက ဂုဏ်နဲ့ ဘယ်လိုပတ်သတ်တာများပါလဲ။ ဂုဏ်က ထိုကောင်လေးကိုဆို အရမ်းဂရုစိုက်လွန်းသည်။ ရနံ့ ထိုကောင်လေးကို မြင်တိုင်း မနာလိုဖြစ်သည်။ ရနံ့ကို မလုပ်ပေးခဲ့ဖူးတဲ့ အရာတွေကိုတောင် ထိုကောင်လေးကို လူကြားထဲမှာ လုပ်ပေးသည်။ ထိုကောင်လေးကို ရနံ့ တစ်ခုခုပြောတိုင်း ဂုဏ် ဟာ ဘာလို့ အကြီးအကျယ် ပေါက်ကွဲနေတာပါလဲ။ ဂုဏ်က တစ်ကယ်ပဲ ထိုကောင်လေးကို ကြိုက်နေတာများလား။
"လွန်း ဘာသောက်မလဲ"
"ဗျာ ကျွန်တော် ကော်ဖီမသောက်တက်ဘူးဗျ"
"ဒါဆို အအေးရော"
"ဟို အအေးကျတော့လဲ အီလို့ တစ်ခွက်လုံးကုန်အောင်မသောက်နိုင်ဘူးဗျ"
"ဒါဆို ဘာစာမှာလဲ"
"အမ်းး ကျွန်တော်စဉ်းစားလိုက်ဦးမယ်ဗျ"
ဂုဏ် နဲ့ လွန်းတို့ site ထဲကအပြန် အိမ်က လူတွေအတွက် ကော်ဖီဝင်ဝယ် နေစဉ် လွန်းဘေးကို လူတစ်ယောက်လာရပ်ကာ ကော်ဖီမှာလေသည်။ ထိုလူကအရပ်ရှည်ကအတော်ကြည့်ကောင်းသည်။ အသားကလဲ မဖြူမညိုလေး မျက်ခုံးကောင်းကောင်းနှင့် ဖြောင့်စင်းမေသည့် နှာတံတို့က လူချောအသွင်ကိုဆောင်သည်။ ကောင်တာပေါ်တင်ထားတဲ့ လက်တို့မှာလဲသွေးကြောစိမ်းလေးတို့ ယှက်ဖျာနေသည်မှာ အလွန်ကြည့်ကောင်းလှသည်။ ကော်ဖီမှာလိုက်သည့် အသံလေးလေးကလဲ ယောက်ျားပီသစွာ ထွက်ပေါ်လာတော့ တစ်ဆက်ထဲ ငါ့ဘဲလေးများဖြစ်လိုက်ရင်ဆိုသည့်အတွေးက ဝင်လာသည်။ ငေးကောင်းကောင်းနဲ့ငေးနေတုန်း ထိုလူက လွန်းဘက်ကို လှည့်ပြီး ပြုံးပြလာသည်။
* ohhhhh ပြုံးပြလိုက်တာလား အမလေး ပါးချိုင့်ကြီးကလဲ ပြေးခုန်ဝင်ချင်စရာကြီးကွာ ငါ့ဘဲလေးသာဖြစ်လိုက်ပါတော့လားလို့*
ကို့အတွေးနဲ့ကို ကြည်နူးနေတုန်း ရုတ်တရက် လက်မောင်းကနေတစ်ဖက်ကိုဆွဲလှည့်ခံလိုက်ရတော့ ရင်ဘတ်ထဲမှာ ဒိတ်ခနဲဖြစ်သွားရသည်။ မျက်စိရှေ့မှာရှိနေတဲ့ ရင်ဘတ်ပိုင်ရှင်ကို ကြည့်လိုက်တော့ CEO။ မျက်နှာထားကြီးကလဲတ်ာတင်းနေပြီး လူသတ်တော့မယ်လို့တောင်ထင်ရသည့်ရုပ်ကြီးနဲ့။ ရုတ်တရက်ကြီးဘာဖြစ်သွားမှန်းမသိ။
"C CEO ဘာဖြစ်လို့လဲ ဟင်"
ကြောက်ကြောက်နဲ့မေးလိုက်ပေးမယ့် ဘာစကားမှပြောမလာဘဲ လွန်းနောက်ကလူကိုစူးစိုက်ပြီး ကြည့်နေလေသည်။ အဲ့အညိုစင်လေးက CEO နဲ့ရန်ဘက်များလား။ မကြာခင်မှာပဲ လွန်းတို့မှာထားတဲ့ ကော်ဖီရလာတော့မှ လွန်းအသက်ရှုချောင်သွားရသည်။ ကော်ဖီခွက်တွေကို လက်တစ်ဖက်ကကိုင်ပြီး လွန်းလက်ကိုလဲ တစ်ဖက်ကဆွဲက အပြေးတစ်ပိုင်းနဲ့ ဆွဲခေါ်သွားတဲ့နောက်ကို လွန်းလဲ တရွတ်မတိုက်ရုံတစ်မယ်နဲ့ပါသွားရသည်။ ထိုအဖြစ်တွေကို အစအဆုံးစူးရဲတဲ့မျက်လုံးတွေနဲ့ထိုင်ကြည့်နေတဲ့ကောင်မလေးတစ်ယောက်ကိုတော့ ဘယ်မှ သသတိမထားလိုက်မိပေ။ ကားပေါ်ရောက်တော့လဲ seat belt တောင် မပတ်ရသေးခင် အမြန်မောင်းထွက်သွားတော့ ကို့မှာ ကဗျာကယာနဲ့ seat belt လေးကိုကောက်တက်လိုက်ရပြီး လက်တစ်ဖက်ကလဲ seat belt ကြိုးကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိသည်။
"ဟို C CEO seat belt တက်ပါဦးလား"
ဘာစကားမှ ပြန်ပြောမလာဘဲ ကား စတီယာတိုင်ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။CEO ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ မတွေးနိုင် ကားကို ဒုံးပျံအလျင်နဲ့မောင်းနေ၍ တစ်ခုခု မဖြစ်အောင်သာ ဘုရားစာရွတ်ပြီး လိုက်နေရသည်။ အတော်လေးမောင်းပြီးတော့ လူရှင်းတဲ့တစ်နေရာရောက်တော့ ကားကို တိခနဲ ထိုးရပ်လိုက်တာကြောင့် ခေါင်းနဲ့ရှေ့က deskboard နဲ့မတိုက်မိအောက်မနည်းထိန်းထားလိုက်ရသည်။ လွန်းတော့ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ ခြေဖျားလက်ဖျားတွေသာအေးဆက်လာသည်။ CEO ကို ရုတ်တရက်ကြီး စိတ်တိုသွားစေတဲ့အကြောင်းက ဘာများလဲဆိုတာ လွန်း အခုမှ အသည်းသန်စဉ်းစားမိသည်။ CEO ကိုကြည့်တော့လဲ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အံတစ်ကြိတ်ကြိတ်နှင့်။
ဂုဏ် ကော်ဖီမှာထားလို့စောင့်နေတုန်း ကလေးငယ်ဘေးကို လူတစ်ယောက်လာရပ်လို့ ဘေးကိုကြည့်လိုက်တော့ သူ့ကလေးငယ်က ထိုအကောင်ကို ကြည့်နေတာများ မျက်လုံးက အရောင်တွေတောင် ထွက်မတက်ဘဲ ဘယ်ချိန်များကို့ကို သတိထားမိမလဲလို့ စိုက်ပြီးကြည့်နေပေမယ့်လဲ ကလေးငယ်က ထိုအကောင်ကိုသာခြေဆုံးခေါင်းဆုံးလိုက်ကြည့်နေတော့ ဒီကလူက အရူးတစ်ပိုင်းဖြစ်ရသည်။ ခနနေတော့ ထိုအကောင်ကလေးငယ်ကို လှည့်ကြည့်ပြီးပြုံးပြလာတော့ ချုပ်ထိန်းထားတဲ့ စိတ်တို့လွတ်ထွက်သွားရသည်။ ကလေးငယ်ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ထိုကောင်ကိုသာစူးစိုက်ပြီးကြည့်နေလိုက်သည်။ ကလေးငယ်က မေးလာတာကိုလဲမဖြေနိုင် အဲ့ချိန်တုန်းက ဒေါသတအားထွက်နေသည်မို့ ဂုဏ် မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို ကလေးငယ်ရဲ့ မျက်ဝန်းတောက်တောက်လေးတွေနဲ့ကြည့်နေတာကို ဂုဏ်မခံစားနိုင်။ ကားပေါ်ရောက်တော့လဲ ထိုဆိုင်ရှေ့ကနေသာ အမြန်ဆုံး ထွက်လာချင်၍ seat belt တောင်မတက်နိုင်ပဲ အမြန်ဆုံးမောင်းထွက်လိုက်သည်။ ဘေးနားက ကလေးငယ်ကြောက်နေမှန်းသိသော်လဲ ဒေါသတို့က အင်မတန်ထွက်နေရသည်မို့ ကားကိုသာ မိုင်ကုန်မောင်းမိသည်။ ကားကို လူရှင်းတဲ့နေရာမှာရပ်ပြီး ဒေါသတို့ကိုဖြေလျှော့ဖို့ ကြိုးစားပေမယ့် ကလေးငယ် ထိုလူကိုကြည့်တဲ့ အကြည့်တွေကို ပြန်တွေးမိလိုက်တိုင်း ဒေါသတို့က အလိုလိုထွက်လာရသည်။
*ဘာလို့လဲ ဘာလို့ ကိုမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို အဲ့လိုမျက်လုံးတွေနဲ့ကြည့်နေရတာလဲ တစ်ခြားသူတွေကို အဲ့လိုကြည့်နေတာကို ကိုမခံစားနိုင်ဘူး အဲ့လိုမျက်လုံးတွေနဲ့ ကိုတစ်ယောက်ထဲကိုကြည့်နေစေချင်တယ် ကို အတ္တများကြီးလွန်းသွားပြီလား ကလေးငယ်ရယ်*
"မင်း ဟိုကော်ဖီဆိုင်က ကောင်နဲ့ သိလို့လား ဟမ်"
"ဟို မ မသိပါဘူးဗျ"
"ဒါဆို မင်းဘာလို့သူ့ကို မျက်လုံးကြီးသူ့ဆီကပ်ပါသွားမတက်ကြည့်နေရတာလဲ ဟင်"
"ဟို အဲ့ အဲ့ဒါက ဒီ ဒီတိုင်းပဲ က်ြည့လို့ကောင်းလို့"
"ဘာာာာာာ!!!!!!!! မင်းက အဲ့လိုပဲချောတိုင်းလိုက်ကြည့်နေတာလား"
လွန်းဘာဆက်ပြောရမလဲမသိတော့၍ လက်နှစ်ဖက်ကိုသာ ပွတ်နေလိုက်သည်။ သူကချောလို့ကြည့်တယ်ပြောတာကို အဲ့လောက်အော်စရာလိုလို့လား။ လွန်းလဲ အလကားနေရင်းအော်ခံနေရတော့ ဝမ်းနည်းလာပြီး မျက်ရည်တို့ပါဝဲလာရသည်။ ထွက်ကျလာတော့မယ့် မျက်ရည်စတို့ကို ထိန်းထားနေရင်ကြားထဲမှ လက်ခုံပေါ်ကို ပေါက်ခနဲကျသွားရသည်။
ကလေးငယ် ပါးစပ်က တစ်ခြားသူတစ်ယောက်ကို ချောလို့ကြည့်တယ်လို့ ပြောလာတော့ ဂုဏ့်စိတ်တို့ ထိန်းမရတော့၍ အော်လိုက်မိသည်။ အော်ပြီးမှ နောင်တရပြီး ဘေးကိုလှည့်ကြည့်လိုက်တော့ ဂုဏ် အမှားကြီးမှားသွားပြီ ဆိုတာကို သိလိုက်ရသည်။ ကလေးငယ်က ကို့ကို ကြောက်လွန်း၍ ထင်သည် အသံတိတ်ငိုကြွေးနေလေသည်။ ဂုဏ်ဘာမှဆက်မတွေးနိုင်တော့ဘဲ ကလေးငယ်ကို ဆွဲဖက်ထားလိုက်ပြီး ပါးစပ်ကနေလဲ တတွတ်တွတ်နဲ့တောင်းပန်စကားဆိုနေလိုက်သည်။
"ကို ကို တောင်းပန်ပါတယ်ကွာ နော် ကို့ စိတ်တွေအရမ်းလွတ်သွားလို့ပါကွာ မငိုပါနဲ့တော့နော် ကလေးမျက်ရည်တွေကိုမြင်ရနာ ကို့ ရင်တွေနာလို့ပါ ကလေးရယ် မငိုနဲ့တော့နော်"
ဂုဏ်ပြောလိုက်မှ ပိုငိုလာတဲ့ ကလေးငယ်ကြောင့် ဂုဏ်ခြေမကိုင်မိလက်မကိုင်မိဖြစ်လာရသည်။
"C CEO က မကြိုက်ရင် နောက်မကြည့်တော့ပါဘူးနော် ကျွန် ကျွန်တော့ကို အလုပ်တော့မထုတ်လိုက်ပါနဲ့နော် အဟင့်"
"ကို မင်းကို ဘယ်တော့မှမလုပ်မထုတ်ပါဘူးကွာ မော့ပါဦး ငိုထားတဲ့ရုပ်ကကြောင်ချီးရုပ်ပေါက်နေပြီလားကြည့်ရအောင်"
"အဟင့် ဟင့် ကျွန် ကျွန်တော်က ဘယ်မှာမှ ကြောင်ချီးရုပ်မပေါက်ဘူးဗျ"
ရင်ခွင်ထဲကနေမော့ပြီး နှုတ်ခမ်းလေးဆူကာ ရန်လုပ်လာတဲ့ ကလေးငယ်ကမှ ဂုဏ့် ကလေးငယ်စစ်စစ်။ ငိုထားတာကြောင့် မျက်ခမ်းစပ်လေးတွေရော နှာခေါင်းထိပ်လေးတွေပါနီနေသည့် ကလေးငယ်က သိပ်ကို လက်ရာမြောက်လှတဲ့ ပန်းချီကားတစ်ချက်လို။ ဂုဏ် အသည်းယားစွာ ကလေးငယ်ရဲ့ခေါင်းကို လှမ်းဖွလိုက်မိသည်။
လွန်းကတော့ ခုနကနဲ့ လားလားမှမတူတဲ့ CEO ကိုကြည့်ကာကြောင်နေတော့သည်။ လွန်းရဲ့ ဆံပင်တွေကိုလာဖွပြီး CEO ရဲ့ပြောနေကျစကားတစ်ခွန်းကိုလဲ ပြောသေးသည်။
*မင်းက တစ်ကယ့်ကလေးလေးပဲရှိသေးတာတဲ့လေ*
အိမ်ပြန်ရောက်တော့ လဲ တိတ်ဆိတ်နေတဲ့ လွန်းကို ဂုဏ်ကပဲမနေနိုင်စွာ စကားတွေပြောပြီး အလုပ်တွေလျှောက်ခိုင်းနေမိသည်။
"လွန်း ဒီစာရင်းက ဘယ်ဟာက ဘယ်လိုလဲဆိုတာ ပြောပြဦးလေ"
"ဟုတ်"
အနားမှာ လာရပ်ပြီး စာရင်းတွေရှင်းပြနေတဲ့ ကလေးငယ်ကို တစ်ဝကြီး ထိုင်ကြည့်ပြစ်လိုက်သည်။
စစ်မှန် ရေသောက်ပြီး ပြန်လာတော့ စာယင်းတွေရှင်းပြနေတဲ့ လွမ်းကို အားပါးတရထိုင်ကြည့်နေတဲ့ ကိုယ့် သူငယ်ချင်းကြီး ကိုတွေ့လိုက်ရတော့ စချင်လာတာနဲ့ လွန်း ကို ဝင်တိုက်ပြစ်လိုက်တယ်။ အစက စရုံလောက်ပဲဆိုပေမယ့် ယခု အခြေနေက စတဲ့ အခြေအနေထက်ကို ပိုသွားတော့ စစ်မှန်လဲ မသိချင်ယောင်ဆောင်ပြီး နေရာမှာ အမြန်ဝင်ထိုင်လိုက်တယ်။
လွန်း စာရင်းတွေရှင်းပြနေတုန်း နောက်ကနေ တစ်ယောက်ရောက်ကဝင်တိုက်လိုက်တာကြောင့် အရှိန်လွန်ပြီး CEO ပါးကို နမ်းမိသွားသည်။ လွန်းက မျက်လုံးပြူးကကြောင်နေပြီး နောက်မှ သတိရကာ အမြန်ခွာလိုက်တယ်။ CEO ကိုကြည့်လိုက်တော့လဲ အံကြိတ်ထားတာကိုတွေ့လိုက်ရတော့ လွန်း အရမ်းပဲ ထိတ်လန့်သွားခဲ့တယ်။ အခန်းထဲက လူတွေကိုကြည့်လိုက်တော့ သူ့အလုပ်သူလုပ်နေကြသည် တော်ပါသေးသည် သူနို့ဖြစ်သွားတာကို သတိမထားမိလို့ ပြီးတော့ သူတို့ရှေ့က laptop ကွယ်ထားတာကြောင့်လဲ ပါလိမ့်မည်။
*ဟာ သွားပြီ ငါ ဘာလုပ်ရမလဲ ငါ ငါ အလုပ်ထုတ်ခံရတော့မှာလား မသိဘူး စိတ်ညစ်ပါတယ်ကွာ*
"ဟို C CEO ကျွန် ကျွန်တော် တ တမင်လုပ်ရတာ မဟုတ်ပါဘူးဗျာ မ မတော် တဆ"
ဂုဏ် စာရင်းတွေ ရှင်းပြနေတဲ့ ကလေးကို ငေးနေတုန်း မျက်လုံးထောင့်ကနေ အရိပ်တစ်ခု မြင်လိုက်လို့ ကြည့်လိုက်တော့ စစ်မှန်ဖြစ်နေသည်။ ချက်ချင်းပဲ စစ်မှန်က လွန်းကို နောက်ကနေ ဝင်တိုက်လိုက်တာမြင်တော့ ကလေးငယ်ကို ထိန်းမလို့ ရှေ့အတိုးမှာ ကလေးငယ်ရဲ့ နှုတ်ခမ်းဖူး နွေးနွေးလေးက ဂုဏ့် ရဲ့ ပါးနဲ့ လာမိတ်ဆက်တော့ ဂုဏ့် ရင်တစ်ခုလုံး မီးရှုးမီးပန်းတွေ ဖောက်လိုက်သလိုခံစားလိုက်ရသည်။ ကလေးငယ်ကလဲ နောက်မှ သတိပြန်ဝင်လာပြီး စကားတွေထစ် အသံတွေပါတုန်ပြီး ရှင်းပြနေတဲ့ အထိ ဂုဏ့်မှာ စိတ်နဲ့ လူနဲ့ မကပ်နိုင်သေး။
"ဟမ် ဘာပြောလိုက်တာ"
"ဟို ကျွန်တော် ကျွန်တော် မတော် မတော်တဆ ဖြစ်သွားတာပါဗျာ"
ငိုတော့မယ့် မျက်နှာလေးနဲ့ ရှင်းပြနေတဲ့ ကလေးငယ်ကိုကြည့်ပြီး ဂုဏ် ရယ်ချင်စိတ်တို့ကို မနည်းထိန်းထားရသည်။ ရှက်လွန်းလို့ ထင်သည် မျက်နှာတင်ပါမက နားရွက်ဖျားလေးတွေပါ နီရဲတွတ်နေသည်။ ခုချိန်မှာတော့ စစ်မှန်ကို ကျေးဇူးတင်လွန်းလို့ ထိုင်ပါကန်တော့ချင်သွားသည်။ ဂုဏ့် ရှေ့ကကြောက်လန့်နေတဲ့ ကလေးငယ်ကို ကြည့်ပြီး အတွေးတစ်ချို့ပေါ်လာ၍ ဂုဏ် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
"အဟမ်း ဘယ်လိုပ်ရမလဲ မင်း လုပ်လိုက်တာကြောင့် ဘယ်သူမှ မနမ်းရသေးတဲ့ ငါ့ပါးလေး မင်း အနမ်းတွေ စွန်းထင်းသွားပြီ ဘယ်လို တာဝန်ယူပေးမှာလဲ ဟင်"
"ဟို ကျွန် ကျွန်တော် ဘာများလုပ်ပေးရမလဲ ဟင် ကျွန်နော်ပြန်သုတ်ပေးရမလားဟင်"
"ဘာာာ!!!!! ပြန်သုတ်ပေးရုံနဲ့ ငါက မင်းကို ကျေနပ်နိုင်မယ်ထင်နေလား"
"ဒါ ဒါဆို ကျွန်တော် ဘာပြန်လုပ်ပေးရမလဲ ဟင်"
"ငါကလေ ငါခံရရင် ငါခံရတဲ့ အတိုင်းထက် နှဆလောက်သူများကို ပြန်လုပ်ရမှ ကျေနပ်တာ"
"ဗျာ ဒါ ဒါဆို ဟို C CEO က ဟို"
"မပူပါနဲ့ ငါမင်းကို အခု မလုပ်သေးဘူး နောက်မှ ငါ လုပ်မယ် မင်းသွားလို့ရပြီ"
"ဟုတ်"
လွန်းတို့နှစ်ယောက် ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့ ပြောနေတာကို ဘယ်သူကမှ သတိမထားမိကြ တော်ပါသေးသည်။ မဟုတ်ရင် လွန်း ဒီလူတွေနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိတော့။ ဒါတောင် CEO ကိုနောက်ရက်တွေကို ဘယ်လိုစိတ်မျိုးနဲ့ ကြည့်ရမလဲ မသိတော့ပါ။ လွန်းကတော့ သူ့ရဲ့ အခုန်မြန်နေတဲ့ နှလုံးသားလေးကို မေ့လျော့နေပြီး နောက်ရက်တွေ CEO နဲ့ ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုသာတွေးနေတော့သည်။
ဂုဏ် ကလေးထွက်သွားမှ သူ့ရဲ့ အခုန်မြန်နေတဲ့ နှလုံးသားလေးကို လက်နဲ့ ဖိထားလိုက်သည်။ သူ့ရဲ့ ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေကိုရော ကလေးငယ်ကြားနိုင်ရဲ့လား မသိတော့။
ဂုဏ် ဖြစ်နိုင်ရင် နောက်ရက်တွေကျရင် မျက်နှာတောင်မသစ်ချင်တော့။ ခုချိန်ထိ ကလေးငယ်နှုတ်ခမ်းရဲ့ အနွေးဓါတ်ကို ခံစားလို့ရနေသေးသည်။ ပြန်တွေးလိုက်တိုင်းလဲ အခုန်မြန်နေတဲ့ နှလုံးသားသံဇဉ်လေးက လတ်ဆက်နေတော့သည်။
"မင်း ရေချိုးချင်ရင် ငါ့အခန်းထဲမှာ ချိုးလို့ရတယ်"
"ဗျာ ဟို တစ်ခြား အခန်း မရှိဘူးလားဗျ ဟို CEO အခန်းဆိုတော့နည်းနည်းများ"
"တိတ်တော့ ငါ့စကားတွေကို လွန်ဆန်ရင် နေ့လည်က အကြောင်းကို ငါ အကုန်လုံးကို လိုက်ပြောပြစ်မှာနော် လွန်းက ငါ့ပါးကို ခိုးနမ်းပါတယ် ဆိုပြီး တော့"
"C CEO ဒါ ဒါကတော့ ကျွန် ကျွန်တော် က တမင်သပ်သပ်လုပ်တာမှမဟုတ်တာကို"
ရှေ့ကနေ နှုတ်ခမ်းဆူပြီး ရှင်းပြနေတဲ့ ကလေးငယ်ကို အသဲယားစွာ ဆူနေတဲ့ နှုတ်ခမ်းလေးကိုသာ အားရပါးရကိုက်ဆွဲလိုက်ရရင် ရှက်ပြီး ထွက်ပြေးသွားမလားမသိ။
"ဘာ မင်းက ငါ့ကိုပြန်ပြောနေတာလား"
"မ မဟုတ်ပါဘူးဗျာ"
ဂုဏ် လေသံမာရင်လဲ ကြောက်သေးတာ ဒီကလေးက ဟွန်း ဟွန်း။
"သွား ရေသွားချိုးတော့ အထဲမှာ bathrobe ရှိတယ် ချိုးပြီး ရင် အဲ့တာဝတ်ပြီး ပြန်ထွက်ခဲ့"
"ဟုတ်"
ရေချိုးခန်းထဲ ရောက်တာနဲ့ လွန်း တင်းထားသမျှ စိတ်တို့ကျု လျှော့ချပစ်လိုက်သသည်။ နေ့လည်က ကိစ္စကြောင့်လား မသိ CEO ကို မြင်တာနဲ့ ရင်ခုန်နေသည်။ တွေးလက်စ အတွေးတို့ကို ရပ်ပြီး ရေကိုသာ အမြန်ချိုးလိုက်တော့သည်။
"ပြီးပြီလား"
"ဟုတ်"
ဂုဏ် laptop ကြည့်ရင်းမေးလိုက်ပြီး မှ မော့ကြည့်လိုက်တော့ မျက်နှာပေါ်က ရေစက်လေးတွေက လည်ပင်းထိစီးကျနေသည်။ bathrobe ဝတ်ထားတာကြောင့် မြင်နေရတဲ့ ရင်ဘတ်ဖွေးဖွေးလေးကလဲ ဆွဲဆောင်မှု အပြည့်။ bathrobe လွန်နေတဲ့ ခြေသလုံးဖြူဖြူသွယ်သွယ်လေးကလဲ ညှို့အား ပြင်းထန်လွန်းလှသည်။ ဂုဏ် ကြည့်နေရင်းနဲ့ ကို အာခေါင်တွေခြောက်လာ၍ တံတွေး တစ်ချက် အလိုလို မြိုချလိုက်မိသည်။
"ဟို C CEO ကျွန် ကျွန်တော် အဝတ်စားလဲ မလို့"
လွန်း ရေချိုးခန်းထဲက ထွက်လာကထဲက မျက်တောင်မခက်ပဲ စိုက်ကြည့်နေတဲ့ CEO ကြောင့်နေရခက်လာရသည်။
"ဟမ် အော် အင်း လဲလေ ကိုလဲ ရေသွားချိုးလိုက်ဦးမယ်"
ပြောပြီး အလျှင်အမြန်ပဲ ရေချိုးခန်းထဲကို ဝင်လာခဲ့ရတော့တယ် မဟုတ်ရင် ဘာတွဘယ်လိုဆက်ဖြစ်လာမလဲ မသိနိုင်လို့ပါ။