Min

310 29 21
                                    

"Min..."

အိမ်ထဲကိုဝင်လိုက်တာနဲ့ အရင်ဆုံးသူရှာမိတာက ပါးဖောင်းဖောင်းလေးနဲ့ချစ်ရသူကိုပင်...။ပြန်လည်ထူးသည့်အသံလည်းမကြားသလို အရိပ်လေးလဲမမြင်မိ..။အလွတ်ရနေသည့်ခြေလှမ်းတွေက အိမ်ပေါ်ထပ်ထောင့်ဆုံးအခန်းလေးဆီကိုသာ ခြေဦးလှည့်လိုက်သည်...။

အဝါနုရောင်လွင်လွင်လေးသုတ်လိမ်းထားတဲ့ အခန်းတံခါးလေးကိုဖွင့်လိုက်တော့ အထဲမှ ပိန်းပိတ်အောင်မှောင်နေသည်သာ...။ညမီးနီနီလေးကိုဖွင့်လို့ အခန်းတစ်ဝိုက်ဝေ့ဝဲကြည့်လိုက်သည်....။အိပ်ပျော်နေသည့်ကောင်လေးက ကုတင်ပေါ်မှာခွေခွေလေး...။

ကုတင်ဘေးနားကိုအသာလေးလျှောက်သွားလို့ အိပ်ပျော်နေသူရဲ့မျက်နှာလေးကိုငုံ့မိုးကြည့်လိုက်သည်...။တစောင်းအိပ်နေခြင်းပေမို့ ခေါင်းအုံးလေးနဲ့ဖိကပ်ထားတဲ့ ပါးလေးတစ်ဖက်ကအနည်းငယ်ဖောင်ထွက်နေသည်....။ခပ်ဖောင်းဖောင်းပါးလေးကို အနည်းငယ်ပွတ်ဆွဲလိုက်တော့ တုန်ရီလာတဲ့ခန္ဓာကိုယ်ကြောင့် ဆက်မစတော့ပဲထွက်လာလိုက်သည်...။အိပ်နေသူလေးနိုးသွားမှာ သူတ​ကာ်မလိုလားပေ...။ခပ်ပြုံးပြုံးဖြင့်ထွက်လာပြီး ရေမိုးချိုးပြီးကိုယ်လက်သန့်စင်ဖို့လုပ်ရသည်...။တစ်နေကုန်အလုပ်ရှုပ်ထားသည့်သူ့မှာ ချွေးတွေနှင့်စေးစေးကပ်ကပ်...။

တစ်ယောက်သောသူထွက်သွားသောအခါမှ Jiminအိပ်ယာပေါ်မှထထိုင်လိုက်သည်...။ခပ်ဖွဖွပွတ်ဆွဲခံလိုက်ရတဲ့ပါးကို အကြိမ်ကြိမ်ပွတ်သပ်ပစ်သည်...။သွေးစွန်းနေတဲ့လက်တွေ...။လူ့အသက်တွေများစွာခြွေခဲ့တဲ့လက်တွေ...။ရွံတယ်...။သူသိပ်ရွံတယ်...။အမုန်းတွေများပြားလာတာတောင်သူလုပ်နိုင်တာ ပါးစပ်ကထုတ်ပြောဖို့အပြင်မရှိ....။

"ခင်ဗျားကိုသိပ်ရွံတာပဲ Min Yoongi!! "
____________________
"Min....စောစောနိုးနေတာပဲ.."

ပခုံးကနေအကိုင်ခံလိုက်ရတာကြောင့် ကြောက်လန့်စိတ်နဲ့အတူ ခန္ဓာကိုယ်က တောင့်ခဲသွားသည်...။ရိပ်မိလား မရိပ်မိဘူးလားမသေချာစွာပဲ Min Yoongiကတော့ သူ့ရှေ့ကခုံမှာဝင်ထိုင်သည်...။မနက်စာကိုသေချာစွာစားနေတဲ့သူ့ကို Jiminမကြည့်မိစေရန် မျက်နှာကို အသာငုံ့ထားသည်...။ဒီအပြုံးချိုချိုရဲ့အောက်မှ သွေးအေးပြီးရက်စက်တတ်တဲ့မျက်နှာရှိမှန်းဘယ်သူကသိမှာလဲ...။

MinWhere stories live. Discover now